CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 21, 2017
ဒေါ်အောင်ဆန်းစုကြည် အပေါ် အပြစ်ပုံချနေတာတွေကို ရပ်ပါ
ဒေါ်အောင်ဆန်းစုကြည် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို နားလည်ပေးဖို့ အရေးကြီးပါတယ်။
ပြီးခဲ့တဲ့ သုံးလတာ ကာလဟာ မြန်မာနိုင်ငံ အတွက် တကယ်ကိုမလွယ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အတွက် ခက်ခဲတဲ့ကာလတစ်ခုဖြစ် ပါတယ်။
ရခိုင်ဒေသမှာ ဘင်္ဂါလီတွေကို စနစ်တကျလုပ်ကြံသတ်ဖြတ်တာ၊ မုဒိမ်းမှုတွေကျူးလွန်တာတွေကို တစ်ကမ္ဘာလုံးက ရှုတ်ချကြပါတယ်။ မြန်မာနိုင်ငံဟာစနစ်တကျအစီအစဉ်ရှိရှိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ် လို့ ကုလသမဂ္ဂကတောင်စွပ်စွဲတဲ့အထိပါပဲ။
အဲသည်ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့အလယ်မှာ လူ့အခွင့်အရေး ပြယုဂ်အဖြစ်ရှိနေတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည် နှုတ်ဆိတ်နေတာကိုစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အပြစ် တင်ဝေဖန်သူတွေက သူ့အပေါ်မှာ ပစ်ပစ်ခါခါမှတ်ချက်ချဝေဖန်ခဲ့ ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေ ‘လေဒီ လို့ တမြတ်တနိုးခေါ်ခဲ့ ကြတဲ့ မြန်မာပြည်သူတွေဟာလည်း စီးပွားရေးကနေ ပညာရေး၊ ပညာရေးကနေ မီဒီယာလွတ်လပ်ခွင့် စတဲ့ကဏ္ဍအားလုံး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အားလုံးနှေးကွေးနေတာတွေကို သူ့ပေါ်မှာ ပုံချဝေဖန်နေပါတယ်။
မြန်မာနိုင်ငံ ဟာ တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေက နောက်ဆုတ်တယ်။ နှေးကွေးတယ်။ အချို့ကိစ္စတွေမှာ ပြောင်းပြန်ဖြစ်သွားတယ်။ မီဒီယာ နယ်ပယ်မှာ လည်း ဖောက်ပြန်ရေးအင် အားစုတွေက ရုတ်တရက်အာဏာသုံး ပြီး နှိပ်ကွပ်တာတွေဖြစ်လာတယ်။ စာနယ်ဇင်းပေါ်မှာကြီးမားတဲ့ ပိတ်ဆို့မှုတွေ လုပ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့  မြန်မာနိုင်ငံ ရဲ့စီမံခန့်ခွဲမှု အခက်အခဲတွေကိုနားလည်ပေးဖို့အရေး ကြီးပါတယ်။
တကယ်တော့ အစိုးရနဲ့တပ်မတော်ဟာ လက်တွေ့ဘဝမှာကင်းကွာ နေတဲ့ အနေအထားပါ။
ပထမဆုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပဲဖြစ် ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးဆောင်နေတဲ့ အင်န်အယ်လ်ဒီရဲ့ ဥပဒေအကြံပေး ဦးကိုနီကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှာသေနတ်နဲ့ပစ်သတ်ခံရပါတယ်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော်ထဲမှာနေရာယူထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အ ထွေထွေရွေးကာက်ပွဲမှာ အင်န်အယ်လ်ဒီကိုရှုံးနိမ့်ခဲ့တဲ့ တပ်မ တော်နောက်ခံရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အင်အားတွေကို ထည့်တွက်မထားပါဘူး။ တပ်မတော်ကလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိန်းချုပ်ထားပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နဲ့ နယ်စပ် လုံခြုံရေးတို့ကိုပါ ထိန်းချုပ်ထားပါတယ်။
သိလျက်နဲ့
ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ နားလည်မှုကြီးကြီးမားမား လွဲစေတဲ့ နောက်အကြောင်းအရင်းတစ်ချက်ကတော့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ဘင်္ဂါလီ တွေကို သတ်ဖြတ်မှုတွေကို မတားဆီးနိုင် ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ တပ်မတော်အပေါ်မှာ လုံးဝမထိန်းချုပ်နိုင်ပါဘူး။ အဲ သည်အချက်တွေသိသိကြီးနဲ့ကို လုံးဝလျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစု ကြည်ကိုအပြစ်တင်မယ်ဆိုရင် မရိုးသားရာ ကျပါတယ်။
ဒုတိယအချက်အငြင်းပွားနေတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရ ရဲ့ ဦးဆောင်သူအနေနဲ့ လူ့အခွင့်အရေးရဲ့ ပြယုဂ်အနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေပေါ်မှာ ပြင်းပြင်းထန်ထန်ထုတ်ပြောတာ၊ ရှုတ်ချတာတွေကို လုပ်လို့ရတယ်ဆိုတာပါပဲ။
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် က တပ်မတော်ကပြုလုပ်နေတယ်ဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီးသဘောတူညီမှုမရှိဘူးလို့ ခပ်မြန်မြန်ပဲပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေကို အမျိုးဖြုတ်သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သူ့ကိုပဲအပြစ်တင် နေတုန်းပါပဲ။
သည်နေရာမှာထည့်သွင်း စဉ်းစားရမယ့်အကြောင်းကတော့ ရက် စက်တဲ့လုပ်ရပ်တွေရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ဟာ မငြင်းပယ်သလို တပ်မတော်ကိုလည်း ထိထိရောက်ရောက်မရှုတ်ချခဲ့ ပါဘူး ။
နှစ်ပေါင်း ၅၀ ကျော်ကြာ အုပ်ချုပ်ပြီးနောက်မှာ စနစ်တကျလွှဲ အပ်ပေးတဲ့ အာဏာတစ်စိတ်တစ်ပိုင်းကို လက်ခံတဲ့နေရာမှာပေးဆပ်ရတဲ့ တန်ဖိုးတွေကတော့ရှိစမြဲပါ။
ဒေါ်အောင်ဆန်းစုကြည် ဟာ တပ်မတော်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရင် သူနဲ့ သူ့အစိုးရက ကြိုးစားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း လမ်းချော်သွားနိုင်တယ်ဆိုတာကိုအတွင်းမှာအလုပ်လုပ် နေတဲ့ အကြံပေးတွေ၊ ပညာရှင်တွေနဲ့ သံတမန်အသိုင်းအဝိုင်းက ကောင်းကောင်းနားလည် ထားကြပါတယ်။
တစ်စိတ်တစ်ပိုင်းအာဏာ အတွက်ပေးဆပ်ရတဲ့ တန်ဖိုးကတော့တပ်မတော်နဲ့ပတ်သက်တဲ့ ကိစ္စရေးရာတွေမှာ နှုတ်ဆိတ်နေဖို့ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ဝက်လောက်ကမ္ဘာနဲ့အဆက် အသွယ်ဖြတ်တောက်ခံရတဲ့နိုင်ငံကို ပြည်ပကလာပြီး စီးပွားရးနဲ့ရင်းနှီးမြှုပ်နှံဖို့တွန်းအားတွေ ပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က လိုအပ်ပါတယ်။
ဖြည်းဖြည်းချင်း
တစ်ဖက်မှာလည်း ချိန်ခွင်ညှိတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအစိုးရဟာ တပ်မတော်ကို ခွင့်ပြုထားဖို့လိုအပ်ပါတယ်။ အဲသည်လိုနဲ့ ပညာရေးကနေ စွမ်းအင်ကဏ္ဍ စွမ်းအင်ကနေအခြေခံအဆောက် အအုံလိုအပ်ချက်အဆုံးမသတ်နိုင်တဲ့ပြဿနာတွေကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်လိမ့်မယ်။ ဖြည်းဖြည်းချင်း တပ်မတော်ကိုအာဏာချုပ်ကိုင်မှုတွေကနေ လက်လျော့စေမယ်။ အခုချိန်မှာမဖြစ်နိုင်သေးတဲ့ အရပ်သားအစိုးရ တစ်ရပ်အဖြစ် ပြောင်းလဲမယ်လို့ ရည်မှန်းထားပါတယ်။
သည်အာဏာအကူးအပြောင်းဟာ တကယ်တော့မလှပပါဘူး။ ဟောလိဝုဒ်ဇာတ်လမ်းတွေလို ပျော်ရွှင်စရာအဆုံးသတ်လည်းမရှိပါဘူး။
ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရသလိုပါပဲ နှစ်ပေါင်းများစွာရုန်းကန်ခဲ့ရတာတွေ၊ နောက် ပြန်ဆုတ်ရတာတွေ၊ မပြည့်ဝတဲ့သူတွေနဲ့ မဟာမိတ်လုပ်ရတာတွေနဲ့ စစ်မှန်တဲ့လွတ်လပ်မှုဟာ တစ်ညတည်းနဲ့ မရပါဘူး။
အဲဒါတွေကိုနားလည်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ အဲဒါတကယ်ကို ကမ္ဘာ့နိုင်ငံရေးအစစ်ပါ။ နိုင်ငံ ရေးအရ ပြုပြင်ပြောင်းလဲမှုတွေထဲက ပုံစံတစ်ခုပါ။ ကောင်းမွန်တဲ့ သတင်းစာခေါင်းကြီးပိုင်းတော့ မဖြစ်နိုင်ပါဘူး။ စက္ကန့် ၃၀ စာအသံဖိုင်ထဲထည့်ဖို့လည်း မလုံလောက်ပါဘူး(ရှင်းပြဖို့မလွယ်ကူပါ ဘူး)။ ဒါပေမဲ့ အဲသည့်အခက်အခဲတွေဟာဆိုးရွားတဲ့ အမှန်တရားပါပဲ။
ဘဝလိုပါပဲ။ လွတ်လပ်မှုဟာရှုပ်ထွေးပါတယ်။ စနစ်တကျမဖြစ်ပါဘူး။ မမြင်ရတဲ့အဆိုးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အချိန်ကာလကြာရှည်စွာလျှာက်ခဲ့ရတဲ့ လမ်းကိုဆက်လျှောက်ဖို့နဲ့တိုးတက်စရာ လမ်းကြောင်းက သည်တစ်ခုပဲရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အတွက်တော့ အာဏာရတဲ့တစ်နှစ်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ တကယ်ကိုအာဏာကို အစွမ်းကုန်ရတဲ့သူတွေတောင် ပြုပြင်ပြောင်းလဲဖို့ နှစ် ပေါင်းများစွာအချိန်ယူရပါတယ်။ တစ်ရက်တည်း၊ တစ်ပတ်တည်း၊ တစ်နှစ်တည်းနဲ့အလုပ် မဖြစ်နိုင်ပါဘူး။
(ဒေါ်အောင်ဆန်းစုကြည် အပေါ်အပြစ်လွှဲချနေတာတွေကိုပါ ရပ်ပါဆိုတဲ့အတွေးအမြင်ဆောင်းပါးကို အက်ဝပ်ပက်ကာက ဒီပလိုမက်သတင်းစာမှာ ရေးသားခဲ့ပါတယ်။ အာရှပစိဖိတ်ဒေသတွေရဲ့ သတင်းတွေ၊ နိုင်ငံရေးသုံးသပ်ချက်တွေ၊ စီးပွားရေး၊ လူမှုရေးသတင်းတွေကို ဖော်ပြနေတဲ့ဩ ဇာကြီးတဲ့ ဒီပလိုမက်သတင်းဌာနမှာ အက်ဝပ်ပက်ကာဟာ အရှေ့တောင်အာရှမှာအခြေစိုက်ပြီး ဆောင်းပါးရေးသားနေသူတစ်ဦး ဖြစ်ပါတယ်။
Credit : Kumudra
ဒေါ်အောင်ဆန်းစုကြည် အပေါ် အပြစ်ပုံချနေတာတွေကို ရပ်ပါ
Reviewed by MP4 YoU
on
April 21, 2017
Rating: 5
Reviewed by MP4 YoU
on
April 21, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment