Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 21, 2017

ဝတ်ရည်ခြွေမည့် လူယုတ်မာလက်ထဲမှ ရိုးသားတဲ့မိန်းကလေးကို ကယ်တင်လိုက်တဲ့ လူလိမ်တစ်ယောက်



ရုံးရှေ့ လ္ဘက်ရည်ဆိုင်တွင် ကျွန်တော် ထိုင်နေစဉ် ကိုလင်းဇော်က ကောင်မလေး တစ်ယောက်နှင့် မိတ်ဆက်ပေးသည် ။ မောင်သက်ညီလေး သူ့ ကိုမှတ်ထား ချောရတနာ တဲ့ ။ အကို့ ကောင်မလေးပဲ ။ ချော သူကတော့ကိုယ့်ညီလေးလို ခင်တဲ့ မောင်သက် မှတ်ထား နော် ။ ဟုတ်ကဲ့ တွေ့ ရတာဝမ်းသာပါတယ် အကို ။

ကျွန်တော်ကပြုံးပြီး ခေါင်းညိတ်ပြ လိုက်ပါတယ် ။ ကျွန်တော်က ကိုလင်းဇော်ကို မျက်လုံးပြူးကြည့် လိုက်တော့ သူက မျ က်စိတစ်ဖက်မှိတ်ပြပါတယ် ။ ညနေ ရုံးဆင်းချိန်ရောက်တော့ ။ ကိုလင်း ခင်းဗျားမှာ မိန်းမ ရှိရက်နဲ့  အဲဒါဘာလုပ်တာလဲ ။ အဲဒါ မင်းပြောမှ သူသိမှာလေကွာ ညီလေးကလဲ။

သူ့ ကိုမပြောမိ စေနဲ့ နော် ။ ကျွန်တော် ဘာမှမပြောတော့။ ဒီလိုနဲ့  ၂ လလောက်အကြာ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး ။ ကိုသက် ညီမကိုမှတ်မိလား ။ သြော် မှတ်မိပါတယ် ထိုင်လေ။ ဘာသောက်မလဲ ။ ရပါတယ်တခုခုပေါ့ ။ ကျွန်တော် က အအေးတစ်ပုလင်းမှာပေး လိုက်ပါတယ် ။ အကို့ ကို ချောမေးစရာရှိလို့  ။ အင်းမေးလေ ဘာသိချင်လို့ လဲ ။

ဟိုလေ ကိုလင်း မှာချောအပြင် တစ်ခြားကောင်မလေးတွေ ရှိလားဟင် ။ ချောက ကိုလင်း ချစ်သူဆိုပေမဲ့။ ကိုလင်း အေ ကြာင်းကို ဘာမှသိပ် သိတာမဟုတ်ဘူး အကို ။ မရှိပါဘူး ချောရဲ့ ဘာမှမစိုးရိမ်ပါနဲ့  ။ ချောကကိုလင်းကို တကယ်ချစ်တာ လား ။ ဟုတ်ကဲ့လက်ထပ်ဖို့ အထိရည်ရွယ် ထားပါတယ် ။ ဘာဖြစ်လို့ လဲအကို ။ ဟာ ဘာမှမဖြစ်ပါဘူး ကောင်းပါတယ် ။

ကျွန်တော်က ကိုလင်းစကားကြောင့် ချောကို လိမ်လိုက်ရပေမဲ့ လိပ်ပြာကတော့မသန့် ချင်။ ခဏအကြာကိုလင်းေ ရာက် လာပြီး။ ဘာတွေပြောနေကြတာလဲ။ ဘာမှမပြောပါဘူးဗျာ။ လာချောသွားကြမယ်။ ကိုလင်း ချောကိုခေါ်ပြီးထွက်သွား ပါတော့တယ်။ နောက်တစ်ရက်မှာ ကျွန်တော်က ။ ကိုလင်း ကောင်မလေးကို အပျော်တွဲနေတာလား ။ ဘာလုပ်မှာလဲ ။

ငါအခု အိမ်ခန်းရှာနေတယ် ။ ပြီးရင် နီးရာတရားရုံး တစ်ခုခုမှာ လက်ထပ်မယ် ။ ဟာဗျာခင်ဗျား ကတော့ မဟုတ်တာ လုပ်တော့မယ် ။ ကျွန်တော် ကိုလင်းထွက်သွားတော့ စဉ်းစားနေလိုက်တယ် ။ ဒီလိုနဲ့ တစ်ရက်မှာ ကိုလင်းက ။ မောင် သက်ညီလေး အကို့  မိန်းမနေမကောင်းလို့ တဲ့ ဖုန်းလာတယ် ။နယ်ကို ခဏပြန်ရမယ် ။ ချောလာရင်ကြည့်ပြောထား လိုက်ကွာ ။

အကို ခွင့်တစ်ပတ် ယူသွားတယ် ။ ဟုတ်ကဲ့အကို စိတ်ချပါ ။ နောက် ၂ ရက်လောက်မှာ ချောရောက် လာပါတယ် ။ ထင်သားပဲ ကိုသက်ဒီမှာရှိမယ် ဆိုတာ ။ အင်း ကျွန်တော်က ဒီဆိုင်မှာပဲ ထိုင်တယ်လေ ။

ကျွန်တော်က ချောအတွက် အအေးတစ်ပုလင်းမှာပေး လိုက်ပြီး ။ ချောကို ကျွန်တော်ပြောစရာရှိတယ် ကိုလင်းနဲ့ ပတ် သက်တယ် ။ အင်းပြောလေ အကို ။ ကိုလင်းခွင့်ယူ သွားတယ် ။

သူ့  မိန်းမ ကလေးမွေးလို့  ။ ဟင် တကယ် သေချာလား ကိုသက် ။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ချောမျက်ရည် ၀ိုင်းလာပြီး မျက်ရည်ပေါက်တွေ ကျလာသည် ။ ကျွန်တော်မျက်နှာလွှဲ နေလိုက်ပါတယ် ။ခဏနေမှ။ ဒါဆိုရင် ချော မန က်ဖြန်ဒီကိုလာ ကျွန်တော်ခေါ်သွားမယ် ။ဒါပေမဲ့ ဟိုရောက်ရင် ဘာမှမပြောပါဘူးလို့  ဂတိပေးရမယ် ။ ဘယ်လိုလဲ ။ ချောကမျက်ရည်သုတ် လိုက်ပြီး ။

ကောင်းပြီလေ ကိုသက် ချော သေချာအောင် လိုက်ကြည့်ချင်တယ် ။ တော်ဝင် အထူကုဆေးခန်း သားဖွားမီးယပ်နှင့် အထွေထွေရောဂါကု ဆေးခန်းဆိုင်း ဘုတ်ကိုမြင်တော့ ချောခြေလှမ်းတုံ့ သွားသည် ။ လာလေ ချော။ ကျွန်တော်က ခေါ်လိုက်သည် ။

မွေးကင်းစကလေး တစ်ယောက်နှင့် အတူတူ အိပ်နေသော အမျိုးသမီး တစ်ယောက်၏ ကုတင်ဘေးတွင် ရပ်လိုက်ပြီး ကျွန်တော်က နှုတ်ဆက်လိုက်သည် ။ အစ်မနေကောင်း လား ။ ကလေးကဘာလေးလဲအ စ်မ ။ ကျွန်တော် စကားသံေ ကြာင့်အစ်မက ထထိုင်ပြီး ။ သြော်မောင်သက်ပါလား ။ယောင်္ကျားလေးလေ ။ ဒါနဲ့  ကိုလင်းကိုလဲ မမြင်ပါလား ။ အမလေး မင်းအကို ကို တော့ ပြောမနေပါနဲ့ ။

မနက်ကတည်းက ကလေးပစ္စည်းလေးတွေ သွားဝယ်မယ်ဆိုပြီး ထွက်သွားလိုက်တာ မလာတော့ဘူး ။ညနေထမင်းပို့ ချိန်မှပဲလာတော့မယ် ထင်တယ် ။ သူကဘယ်သူလေးလဲ မောင်သက် . မင်းကောင်မလေးလား ။ အစ်မစကားကြောင့် ချော မျက်နှာရဲသွားသည် ။ ကျွန်တော် က ပျာပျာ သလဲ ။ ဟာမဟုတ်ပါဘူး အစ်မကလဲ ကျွန်တော့် သူငယ်ချင်းပါ ။

အိုး ဆောရီးနော် ညီမလေး အမမသိလို့ ပါ ။ အစ်မကတောင်းပန် စကားပြောတော့ ။ချော က လည်း ။ ရပါတယ် အစ်မ ရယ် မသိလို့ ပြောတာပဲ ။ ခဏကြာတော့ အစ်မကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်ထွက် လာပါတော့တယ် ။ ချော ကေ တာ့  ကတ္တာလမ်းကို ငုံ့ ကြည့်ယင်း တလှမ်းချင်းလှမ်းလျှက် ။ ကိုသက် ကိုလင်းကို ပြောလိုက်ပါ ။ ချောကိုလဲ လာမတွေ့ ပါနဲ့ ချောအလုပ်ထဲ ကိုလဲ လုံးဝမလာပါနဲ့ ။

ဒီလို လူယုတ်မာမျိုးကိုလဲ ချောက အရမ်းမုန်းတယ်လို့ ပြောပေးပါ ။ ချောသွားတော့တယ် ။ ချောမျက်နှာကိုကြည့်လိုက်ေ တာ့ မျက်ရည် နဲ့ အတူ ဒေါသကြောင့်မျက်နှာက တင်းနေသည် ။ ကျွန်တော် ခေါင်းညိတ်ပြ လိုက်ပါတယ် ။ ချော ကပြော ပီး တာနဲ့ ထွက်သွား ပါတော့တယ် ။

ကျွန်တော် ကိုလင်း လက်ထဲကို စာတစ်စောင်ထည့်လိုက်ပါတယ် ။ ဘာလဲကွမောင်သက် ။ ဖတ်ကြည့်လေ ။ ကိုလင်းဇော် ကျွန်မ မိဘ သဘောတူတဲ့သူနဲ့ လက်ထပ်တော့မယ် ကျွန်မကိုမေ့ လိုက်ပါတော့ ။ နှုတ်ဆက်ခဲ့ပါတယ် ။ ချော ဘယ် လိုဖြ စ်သွားတာလဲကွာ မင်းကိုရော ဘာပြောသွားသေးလဲ ။

ဘာမှပြောမသွားဘူး သူ့ နောက်မှာလဲ လူတစ်ယောက်ပါတယ် ။။ စာပေးပြီး ထွက်သွားတော့တာပဲ။ ဟား ဒီလောက်တော င်မြန် ရသလားကွာ ။အေးလေ ပြီးတော့လဲ ပြီးသွားတာပဲပေါ့ ။ ကိုလင်းဇော်က ပြောလဲပြော စာကိုဆုတ်ဖြဲပြီး ထွက်သွား ပါတော့တယ် ။ ကိုလင်းထွက်သွားတော့ ကျွန်တော် ကျေနပ်စွာပြုံးလိုက်ပါတယ် ။

ဒီစာကို ချောရေးတာ မဟုတ်ပဲ ကျွန်တော်ရေးမှန်း ကိုလင်းသိလျှင် ။ ကျွန်တော့်ကို လူလိမ်ဟုပြောမှာ အသေအချာပင် ။ ချော သွားတွေ့ သော ကလေး အမေ သည်လည်း ကိုလင်း မိန်းမမဟုတ်ပဲ ကျွန်တော့် အစ်မ ၀မ်းကွဲမှန်း ချောသိခဲ့လျှင်။ ကျွန်တော့်ကို လူလိမ်ဟု ပြောမှာ အသေအချာပင် ။

ကျွန်တော်ကြိုတင် အကျိုး အကြောင်း ပြောပြပြီး အကူအညီတောင်းထား သောကြာင့် ။ အစ်မကလဲ မိန်းမ ချင်း ကိုယ် ချ င်းစာ သဖြင့် ကူညီခဲ့ခြင်းဖြစ်သည် ။ မည်သို့ ပင်ဖြစ်စေ ကိုလင်းကဲ့သို လူယုတ်မာတစ်ယောက်၏ လက်မှ ရိုးသားသော ။ မိန်းကလေး တစ်ယောက် ရဲ့ ဘ၀ကို ကယ်တင်ခွင့် ရလိုက် ခြင်းကို ပင် ကျွန်တော် ကျေနပ်မိပါသည် ။ ထို့ ကြောင့် ကျွန်ေ တာ့်အား လူလိမ်ဟု ထင်လျှင် ထင်ကြပါစေတော့ ။

Ref – ကိုမောင်မောင်
Credit:Yoyarlay

No comments:

Post a Comment