Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 17, 2017

အမာရွတ်များ


 
လွန်ခဲ့တဲ့ နှစ်များ က ဖလော်ရီဒါ မြောက်ပိုင်း ဒေသရဲ့ ပူအိုက် လှတဲ့ တစ်ခုသော နွေရာသီ မှာ အသက် ၇ နှစ် အရွယ် ကောင်လေး တစ်ယောက် ဟာ သူ့ အိမ် နောက်ဖက် က ရေကန် မှာ ရေ ဆင်း ကူး ဖို့ စိတ်ကူး ရလိုက်တာနဲ့ အိမ်နောက်ဖေး တံခါးကနေ ပြေးထွက် သွားပါတယ် .. ရေကန် ဘက် ကို သွားနေရင်းနဲ့ ဖိနပ်၊ ခြေအိတ်၊ အင်္ကျီ စတာတွေကိုလည်း ဆွဲချွတ်သွားခဲ့ ပါတယ် ။ ရေ ကန်နား ရောက်တယ် ဆိုရင်ဘဲ အေးစိမ့် နေတဲ့ ရေပြင် ထဲကို ဒိုင်ဗင် ထိုးဆင်း လိုက် ပါတော့တယ်။ ကောင်လေး ရေကန် ထဲမှာ ကူးခတ် ကစား နေရင်းနဲ့ တဖြေးဖြေး ရေကန် အလယ် ကို ရောက်ရှိ သွားပါတယ်။ အဲဒီ အချိန် မှာဘဲ ရေကန် ရဲ့ တစ်ဖက် ခြမ်းမှာ ရောက်နေ တဲ့ မိကျောင်း တစ်ကောင် ဟာ ကောင်လေး ကို မြင် လိုက်ပြီး ကောင်လေး ရှိရာကို တိတ် တဆိတ် ကူးခတ် လာခဲ့ပါတော့ တယ်။ အဲဒီ မြင်ကွင်း ကို အိမ်ထဲက ပြတင်းပေါက် ကနေ သားလေး ရေကူးတာ ကို စောင့်ကြ ည့် နေတဲ့ မိခင် ဖြစ်သူက လှမ်းမြင် လိုက်ပါတယ်။ မိကျောင်း နဲ့ တဖြေးဖြေး နီးကပ် နေပြီ ဖြစ်တဲ့ သားလေး အတွက် စိုးရိမ် ပူပန် စိတ်တွေ နဲ့ အိမ်ထဲ ကနေ ရေကန်ဆီ ပြေးထွက် လာ တဲ့ မိခင် ဖြစ် သူ ဟာ ပါးစပ် ကနေ လည်း သူ့သာလေး ကြား အောင် အသံ ကျယ်နိုင် သမျှ ကျယ်ကျယ်ေ အ်ာပြီး ကမ်းစပ် ကို ပြန်ကူး လာဖို့ အော်ဟစ် ပါတော့ တယ်။ သူ့အမေ အော်သံကို ကြား လိုက်တဲ့ ကောင်လေး ဟာ အလန့်တကြား ဖြစ်ပြီး မိခင် ရှိရာ ဘက်ကို အလျှင် အမြန် ပြန်လည် ကူးခတ် လာပေမဲ့ ကမ်းစပ် ကို ရောက်ချိန်မှာ မိကျောင်း ဟာ လည်း သူ့အနီး ကို ရောက်လာ ပါပြီ။ မိခင် က ကောင်လေး ရဲ့ လက်ကို လှမ်းဆွဲ လိုက် နိုင်ချိန်မှာ မိကျောင်း က လည်း ကလေးရဲ့ ခြေထောက် ကို လှမ်းကိုက် လိုက်ပါပြီ။ အဲဒီမှာ မိကျောင်း နဲ့ လူအကြား အကြိတ် အနယ် ပြိုင်ပွဲ တစ်ခု ဖြစ်လာ ပါတယ်။ မိခင် ဟာ အားစိုက်ပြီး ကလေး ရဲ့ လက်မောင်း ကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ပြီး အပေါ်ကို ဆွဲတင် ပါတယ်။ မိကျောင်း ကလည်း ခြေထောက် ကို မလွတ်တမ်း ဆွဲကိုက် ထားပါတယ်။ ရေကန်စပ် မှာ မိခင်နဲ့ မိကျောင်း တို့ အားပြိုင်ပြီး ဆွဲနေ ကြတာဟာ မယုံနိုင်လောက်အောင် အံ့သြဖို့ ကောင်းလှပါတယ်။ မိကျောင်း ဟာ မိခင် ဖြစ်သူ ထက် အင်အား ပိုမို သန်မာ သော် လည်း သားကို ချစ်တဲ့ မိခင် ရဲ့ ဇောဟာ ကြီးမား လွန်း လှတဲ့ အတွက် မိခင် ဟာ လုံးဝ အလျော့မပေးဘဲ သားလေးရဲ့ လက်တွေ ကို တင်းကြပ် အောင် ဆုပ်ကိုင် ထားပြီး ကမ်းပေါ် ကနေ အတင်း ဆွဲ ထား ပါတယ်။ အဲဒီ အချိန်မှာ အော်သံ တွေ ကို ကြားတဲ့ အခြားသော အိမ်နီးချင်းေ တွ ရောက်လာပြီး မိကျောင်း ကို ဝိုင်းပြီး ရိုက်နှက် ပစ်ခတ် ကြတော့မှ မိကျောင်း ဟာ ကလေးကို လွှတ် ပြီး ထွက်သွား ပါတော့  တယ်။ အဲဒီ ဖြစ်ရပ် အပြီးမှာ မိကျောင်း ကိုက် ခံရလို့ ခြေထောက် မှာ ဒဏ်ရာ များစွာ ရရှိသွားတဲ့ ကလေးငယ် ဟာ ဆေးရုံမှာ တက်ရောက် ကုသ ခံယူရပါတယ်။ လပေါင်း များစွာ ကြာလို့ ဒဏ်ရာ တွေ သက်သာ လာ ပေမဲ့ ခြေထောက် မှာတော့ ရုပ်ဆိုး လှတဲ့ အမာရွတ် ကြီးတွေ ကျန်ရစ် ခဲ့ပါတယ်။ နောက်ထပ် ဒဏ်ရာ တွေကတော့ ကလေးငယ်ရဲ့ လက်ပေါ်က ခပ် နက်နက် ခြစ်ရာ ကြီး တွေ ဖြစ်ပါတယ်။ အဲဒါ ကတော့ ကလေးငယ် ကို မိကျောင်း ပါးစပ်ထဲ ပါမသွား စေ လိုတာကြောင့် စိုးရိမ် ပူပန်တဲ့ မေတ္တာ ဇော အပြည့် နဲ့ အားစိုက်ပြီး ဆွဲလိုက် တဲ့ မိခင် ဖြစ်သူရဲ့ လက်သည်း တွေဟာ ကလေးရဲ့ လက်မောင်း သား ထဲကို နက်နက် နဲနဲ ဝင်ရောက် သွားခဲ့တဲ့ ဒဏ်ရာ တွေ ဖြစ်ပါတယ်။ ကောင်လေး ဆေးရုံက ဆင်းတဲ့ အခါမှာ သတင်းစာ တစ်စောင်ရဲ့ သတင်းထောက် တစ်ယောက် က မိကျောင်း ရန်ကနေ လွတ်မြောက် ပြီး အသက်ရှင် လာတဲ့ ကောင်လေး ကို အင်တာဗျုး လုပ်ဖို့  ရောက်လာ ပါတယ်။ သတင်းထောက် ဖြစ်သူက ကောင်လေး ရဲ့ ဒဏ်ရာ တွေ ကို ပြဖို့ တောင်းဆို တဲ့ အခါ ကောင်လေး ဟာ မျက်နှာ မသာမယာ နဲ့ မိကျောင်း ကိုက် ခံရတဲ့ သူ့ခြေထောက် က ဒဏ်ရာတွေ ကို ဘောင်းဘီရှည် လှန်ပြီး ပြပါ တယ်။ ခြေထောက် က အမာရွတ်ကြီး တွေဟာ ကြီးမားပြီး ရုပ်ဆိုး လှပါတယ်။ မြန်မြန် ပြပြီး တာနဲ့ သူ့ ဘောင်းဘီ ကို ပြန်ဆွဲချ လိုက်ပြီး နောက် သူ့ရဲ့ အင်္ကျီလက် ကို ပင့်လိုက် ပြီး လက်ဖျံ ပေါ်က ဒဏ်ရာ တွေ လည်း သတင်းထောက် ကို ပြပါတယ်။ အဲဒီ အခါမှာ တော့ ကောင်လေး ရဲ့ မျက်နှာဟာ မသာမယာ မဟုတ် တော့ ပါဘူး။ “ ဟောဒီမှာ ကြည့် .. ဒီမှာ လည်း ကျွန်တော် ဒဏ်ရာ တွေ ရထား တယ်။ ဒီဒဏ်ရာ တွေ ကတော့ ကျွန်တော့် မေမေ ဟာ ကျွန်တော် မိကျောင်း နောက် ကို ပါသွားမှာ စိုးလို့ သူ့ လက်တွေ နဲ့ တအား ဆုပ်ကိုင် ထားတဲ့ အတွက် ရလိုက် တဲ့ ဒဏ်ရာ တွေပါ။ ကျွန်တော့် မေမေ က ပိန်ပိန်းလေး ရယ် ဒါပေမဲ့ ကျွန်တော့် ကို မိကျောင်း ကိုက်တော့မှ မေမေ ဘယ် လောက် အင်အား ကြီးတယ် ဆိုတာ ကျွန်တော် သိသွား တော့တယ်” လို့ ကောင်လေး ဟာ ဂုဏ်ယူစွာ နဲ့ သတင်းထောက် ကို ပြောလိုက် ပါတော့ တယ်။ ကောင်လေး ရဲ့ မျက်နှာ ပေါ်မှာ သူ့ လက်ပေါ်က အမာရွတ် တွေ အတွက် စိတ် အနှောက် အယှက် ဖြစ်ပုံ မရဘဲ ဂုဏ်ယူ နဟန် အထင်းသား တွေ့နေ ရပါတယ်။ မိကျောင်း တစ်ကောင်ရဲ့ ခွန်အား ကို တောင် တုဖက် ပြိုင်နိုင်တဲ့ အထိ သူ့ မေမေ ဆီမှာ သားသမီး ကို ချစ်တဲ့၊ စိုးရိမ် တဲ့ စိတ်ဇော တွေနဲ့ ခွန်အား တွေ ရှိလာတာ ကို ဂုဏ်ယူ နေပုံ လည်း ရပါတယ်။ မိခင် တိုင်း ဟာ သားသမီး တွေနဲ့ ပတ်သက် လာရင် ချစ်ခြင်း မေတ္တာ ဘယ်လောက် ကြီးမား တယ် ဆိုတာ ကောင်လေး ရဲ့ လက်ဖျံ ပေါ်က အမာရွတ် တွေ က သက်သေ ဘဲ ဖြစ်ပါ လိမ့်မယ်။ ဘယ်လောက် ကြီးမား တဲ့ အန္တရာယ် ဖြစ်ပါစေ မိခင် တွေက သားသမီး တွေ ရှေ့ကနေ မားမား မတ်မတ် ကာကွယ် ကြ၊ ကယ်တင် ပေးတတ် ကြပါတယ်။ ဒါဟာ နှိုင်းတု လို့ မရတဲ့ အနှိုင်းမဲ့ မိခင် တွေရဲ့ ချစ်ခြင်း မေတ္တာ ဘဲ မဟုတ်ပါလား။ Alligator Scars ( Unknown Author ) Credit to ချော ( အစိမ်းရောင် လွင်ပြင် )

No comments:

Post a Comment