Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 2, 2017

ရန်ကုန်မြို့တွင် ၀တ်လစ်စားလစ်ဖြင့် လမ်းပေါ်ထွက်သည့်အမျိုးသမီးများ တစ်ပတ်အတွင်း သုံးဦးရှိ

Monday, April 3, 2017
 
ရန်ကုန်တိုင်းဒေသကြီး ရှိ လူအများသွားလာနေသည့် ကားလမ်းမပေါ်၌ အမျိုးသမီးများဝတ်လစ်စားလစ်ဖြင့် လမ်းလျှောက်ခဲ့မှု တစ်ပတ်အတွင်း သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

ပထမအကြိမ် ဖြစ်ပွားမှုသည်မတ်လ ၂၈ ရက်က  ရန်ကုန်မြို့လယ်ကောင် အနော်ရထာလမ်းမ ပေါ်တွင် လင်မယားနှစ်ဦးစကား များရန်ဖြစ်နေသည်ကို ရဲတပ်ဖွဲ့ကသွားရောက်တားဆီးစဉ် အမျိုးသမီးက အ၀တ်အစားများချွတ်ချ ကာ လမ်းမပေါ်ပြေးလွှားနေခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးမှ သိရသည်။

အဆိုပါ အမျိုးသမီးသည် မြောက်ဥက္ကာလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းနှင့်ခင်ပွန်းကို လမ်းမတော်မြို့မရဲစခန်းက ခံဝန်ခြေချုပ်လက်မှတ် ရေးထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့သည်။

ထို့အပြင် မတ်လ ၃၁ ရက်ကမရမ်းကုန်းမြို့နယ် ပြည်လမ်းမအလယ်တွင် အသက် (၂၆)နှစ်အ ရွယ် အမျိုးသမီးတစ်ဦး အ၀တ်ဗလာဖြင့် လမ်းလျှောက် နေသဖြင့် မရမ်းကုန်းရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသမီးသည် ၁၀ မိုင်ကုန်းရှိ ဒံပေါက်ဆိုင်ရှေ့ ပြည်လမ်းမလယ် တွင် (၃)နှစ်အ ရွယ် ကလေးတစ်ဦးနှင့် (၁)နှစ် အရွယ် ကလေးတစ်ဦးကိုထား ခဲ့ပြီး အ၀တ်အစားများချွတ်ကာ ၉ မိုင်ဘက်သို့ လမ်းလျှောက်သွားခဲ့ ကြောင်း  မျက်မြင်တွေ့ရှိသူတစ်ဦး က ဆိုသည်။

အဆိုပါ အမျိုးသမီးသည် ဒဂုံ မြို့သစ်တောင်ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကိုမရမ်းကုန်းမြို့မရဲစခန်းက အများပြည်သူအနှောင့်အယှက်ဖြစ်စေရန် သွားလာမှု ပုဒ်မ ၄၁(၁၅)ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ထို့အတူ ရွှေပြည်သာမြို့ နယ် အမှတ်(၄)လမ်းမပေါ်တွင် စိတ်ကျန်းမာရေး မကောင်းသူအ မျိုးသမီးတစ်ဦး အောက်ပိုင်း ၀တ်လစ်စားလစ်ဖြင့် လမ်း လျှောက်နေ မှု ဧပြီ ၁ ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း ရွှေပြည်သာမြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ အမျိုးသမီးသည် လှော်ကားနယ်မြေ ကျောင်းကုန်း ကျေးရွာနေ အသက် (၂၆)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံမှ ဆင်းလာသည်မှာ နှစ်လခန့်သာရှိသေးကြောင်း၊ အောက်ပိုင်းအ၀တ် အစား မပါဘဲ လမ်းလျှောက်ခဲ့ပြီးနောက် ဧပြီ ၂ ရက်နံနက်တွင် ၎င်း၏ဖခင်ကိုယ်တိုင် စိတ်ကျန်းမာရေးဆေးရုံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း လှော်ကားနယ် မြေရဲစခန်းမှ သိရသည်။

ပြည်လမ်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ၀တ်လစ်စားလစ်ဖြင့် သွားလာခဲ့ သည့် အမျိုးသမီးနှစ်ဦး
7Day News Journal

No comments:

Post a Comment