Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

လမ်းလုရင်းမကျေနပ်လို့ YBS ယာဉ်နောက်လိုက်က တက္ကစီသမားကိုသံချောင်းနဲ့ ရိုက်နှက်

ဧပြီ ၃ ရန်ကုန်။ ။

မဟာဗန္ဓုလ တံတားဂုံးအဆင်းမှာ YBS ယာဉ်နောက်လိုက်က တက္ကစီသမားကို သံချောင်းနဲ့ ရိုက်နှက်တဲ့အမှုဒီကနေ့ ငါးနာရီခန့် မှာဖြစ်ပွားခဲ့ပါတယ်။
ဗန္ဓုလ ဂုံးတံတားအဆင်း အိုးရှင်းရှေ့မှာ လမ်းလုကြရင်းYBS အမှတ်၎နဲ့တက္ကစီယာဉ်နဲ့ ပြသာနာတတ်ကြတယ်။YBS ယာဉ်နောက်လိုက်ကကားပေါ်ကဆင်းကာ တက္ကစီယာဉ်မောင်းရဲ့ လည်ပင်းကိုသံချောင်းကိုထိုးခဲ့သလို၊မျက်နှာကိုလည်းလက်သီးနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ YBS ကားဟာ တက္ကစီယာဉ်မောင်းကိုရိုက်နှက်ပြီးထွက်ပြးခဲ့ပေမယ့် တက္ကစီယာဉ်မောင်းကကားနဲ့ နောက်ကလိုက်တယ်။
အ.ထ.က ( ၁ ) ပုစွန်တောင်ကျောင်းအရှေ့အရောက်မှာ တက်စီယာဉ်မောင်းမှ အဲသည့်ကားရဲ့အရှေ့ကို ပိတ်ရပ်ကား ယာဉ်နောက်လိုက်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော့်ကို လည်ပင်းကို သံချောင်းနဲ့တစ်ချက်ထိုးတယ်၊ မျက်နှာကို လက်သီးနဲ့ထိုးတယ်။ ကျွန်တော်သည်းမခံနိုင်ဘူး ကျွန်တော့်ဘက်က လမ်းမှားတယ်ဆိုရင် ထားဦး ။ သူတို့ကို စခန်းမှာအမှုဖွင့်မယ်။ ဒီလိုမလုပ်လို့ မရဘူး” လို့ သံချောင်းနဲ့ ရိုက်နှက်ခံရတဲ့ တက္ကစီယာဉ်မောင်းက ပြောပါတယ်။
အခင်းဖြစ်ရာနေရာကို ယာဉ်ထိန်းရဲတွေရောက်ရှိနေပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဝင်းနန္ဒာ
Kumudra

No comments:

Post a Comment