Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 20, 2017

ကျွန်တော်သိသလို ပြောဆိုပါမည်- ဆီးချို အကြောင်း သိကောင်းစရာ- သုခ(သား)


ကျွန်တော်သိသလို ပြောဆိုပါမည်/ဆီးချို အကြောင်း သိကောင်းစရာ
သုခ(သား)
ဆီးချို
မရေးတာကြာပြီဖြစ်တဲ့ ကျမ်းမာရေး ပညာပေး ဆောင်းပါးရေးဖို့က ဖန်လာပြန်တယ်။
ကျမ်းမာရေး ပညာပေးဆောင်းပါး ဆိုလို့ ….ပြောပါရစေ။
ကျွန်တော်က ဆရာဝန် မဟုတ်ပါ။
ဒါပေမဲ့ တိုင်းပြည်ပြန်လည် ထူထောင်ရာမှာ အစိုးရကိုပဲ အားကိုးမနေပဲ၊
ကိုယ်နိုင်ရာ၊ တနိုင်စာ လုပ်သင့်သလို၊ ကိုယ့်ကျမ်းမာရေးကိုလည်း ဆရာဝန်ပဲ
အားကိုးပဲ ကိုယ်တိုင်လည်း လုပ်သင့်၊ လေ့လာသင့်တယ်လို့ ထင်လို့ပါ။
“ဆီးချို”
ကျွန်တော် ဒီရောဂါကြီးနာမည် စသိတာက ၁၆နှစ်သားမှာပါ။
မေမေက ဆေးရုံက ပြန်လာတော့ သူမှာ ဆီးချိုရှိနေတယ်လို့ ဆရာဝန်က ပြောတယ်လို့ ဆိုပါတယ်။
ကာယကံရှင်ကလည်း မကြောက်သလို၊ ကျွန်တော်တို့ကလည်း မေမေ့အတွက်
စိုးရိမ်ရမှန်း မသိခဲ့ပါ။
ကျွန်တော်တို့ တစ်တွေ ကြောက်တာက ကင်ဆာ၊
ပြီးတော့ နှလုံးရောဂါ၊
ကျန်တဲ့ရောဂါတွေ ဘာမှ ဂဃနဏ မသိသလို၊ ကြောက်လည်း မကြောက်ကြပါ။
မနက်စောစော မေမေ့ဆီးကို ကျွန်တော်တို့ တစ်တွေ အရက်ပျံမီးခွက်ကလေးနဲ့
ဆရာဝန် ပြောလို့သာ ချကကြတယ်။ ဘာကြောင့်မှန်းမသိ။
အဲ့သည့်ခေတ်က အခုလို လွယ်လွယ်ကူကူ ဆီးချိုစစ်တဲ့ ကရိယာလေးတွေမရှိတော့
မနက်တိုင်း ဆီးကို ချက်ကြည့်ပြီး အရောင်ပြောင်း၊ မပြောင်း စစ်ကြရပါတယ်။
ဘာကြောင့်၊ ဘာကိုစစ်မှန်း မသိပေမဲ့ ကာယကံရှင် မေမေကတော့၊
အရောင်ကလေးကောင်းရင် အစားကောင်းကောင်း စားလို့ရတယ်ဆိုတဲ့ အသိကလေးပဲ
ရှိခဲ့ပါတယ်။
အဲ့သည့်ကမှ ၁၀နှစ်လောက်ကြာတော့၊ ကျွန်တော် ဆေးပညာကို စိတ်ဝင်စားပြီးလေ့လာမိတယ်။
ပထမဆုံး လေ့လာတာက မေမေ့ရဲ ဆီးချို။
ဆရာဝန် မဟုတ်တဲ့ ကျွန်တော့်ဆောင်းပါးမှာ ခက်ခက်ခဲခဲ၊ စာသံပေသံနဲ့ရေးဖို့
စိတ်မကူးပါ။
သူငယ်တန်း အဆင့်လောက်နဲ့ ဆရာဝန်တွေပြောတာ နားလည်ရုံလောက်ပဲ မှန်းပါတယ်။
≪≪≪ဆီးချိုက မျိုးရိုးလိုက်သလား၊ ဘာ့ကြောင့် ဆီးချိုဖြစ်တာလဲ≫≫≫
ကျွန်တော်တို့ ငယ်ငယ်တုံးက ဆီးချိုရောဂါဆိုတာ၊ မျိုးရိုးလိုက်တယ်။
ပြီးတော့ အသက်ကြီးတဲ့သူတွေပဲ ဖြစ်တယ်လို့ ထင်ထားကြပါတယ်။
ထင်ကြပေမပေါ့ 3F လို့ခေါ်တဲ့ Femal အမျိုးသမီးတွေ, Foutryလေးဆယ်ကျော်လို့
, Faty ၀ပြီးဆိုရင် အဖြစ်များတာကိုး။
အဖွားတုံးကလည်း ဆီးချို၊ အမေလည်းဆီးချို၊ သမီးလည်း ၄၀ ကျော်လာတော့
ဆီးချို ဖြစ်ချင်သလိုလိုဆိုတော့….
ဒါပေမဲ့ တစ်ကယ်တော့ ဆီးချိုဟာ ကျားမ၊ လူကြီးလူငယ် မရွေးပါ။
၁၉၈၀ခုလောက်မှာ ၁၃နှစ်သားကလေးမှာ ဆီးချိုရောဂါ တွေ့ပြီးကတည်းက၊
လူကြီးတွေသာမက၊ ငယ်ရွယ်သူတွေမှာလည်း ဆီးချိုဖြစ်တတ်တယ်ဆိုတာကို
ကျမ်းမာရေး ပညာရှင်တွေ သတိထားလာကြပါတယ်။
တစ်ခါ မျိုးရိုးလိုက်တယ်ဆိုတာလည်း မဟုတ်မှန်း သိလာကြတယ်။
ဒါပေမဲ့ မိဘနှစ်ပါးမှာ တစ်ပါးပါးက ဆီးချိုရှိတယ်ဆိုရင်၊
သားသမီးတွေလည်း ဆီးချိုဖြစ်တတ်လို့ ဆီးချိုဟာ မျိုးရိုး လိုက်တယ်လို့
ထင်နေကြတာပေါ့။
ဒါပေမဲ့ အဲ့သည့်အယူအဆမှားနေတာကို ဆီးချိုဘာကြောင့်ဖြစ်လည်းလို့ သုသေသန
ဆရာဝန်ကြီးတွေ သိသွားတဲ့အခါ…….
လွယ်လွယ်ပြောရရင် ဆီချိုဆိုတာ၊ စားလိုက်တဲ့ အစားအစာထဲက အချိုဓါတ်တွေကို
ချေဖျက်ပေးတဲ့ ဇီဝပစ္စည်းတစ်ခုက မူမမှန်လို့ ဖြစ်ကြရတာပါ။
အခုနောက်ပိုင်းမှာ လွယ်လွယ်ကူကူနဲ့ ဆီးချိုရောဂါကို အုပ်စု ၂စု ခွဲကြပါတယ်။
တစ်ခုကတော့ မွေးရာပါ ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်း။
ရာခိုင်နှုံးအရတော့ နည်းပါတယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ တစ်တွေ၊ မဆင်မချင် စားသောက်ကြရလို့ ဖြစ်ကြရတာ။
ခေတ်တွေပြောင်းလာပေမဲ့၊ စားသောက်တဲ့ ပုံစံတွေက မပြောင်းလဲလို့ ဖြစ်ကြရတာပါ။
ပွင့်ပွင့်လင်းလင်း ပြောရရင် အရသာရှိတာတွေဟာ ခန္တာကိုယ်အတွက်တော့
အန္တရာယ်ဖြစ်စေတာတွေက များပါတယ်။
လူဆိုတာကလည်း ခက်သား။
အရာသာရှိတာကိုမှ ကောင်းတယ်ထင်ပြီးစားချင်တယ်။
ပါးစပ်တဏှာပေါ့လေ။
လင်နဲ့မယားတောင် အတူနေတာ ကြာရင် အစားအသောက်တွေ ကြိုက်တာ တူလာတတ်ကြတော့၊
သားသမီးဆိုတာ မိဘစားသလို လိုက်စားတာက များလေးတော့၊ ဖေဖေမေမေမှာ
ဆီးချိုရှိရင် သားသမီးတွေလည်း ဆီးချိုဖြစ်ဖို့ ရာခိုင်နုံးက
များနေတော့တာပေါ့။
တစ်ကယ်တော့ မျိုးရိုးကို လိုက်တာ မဟုတ်ပါဘူး။
မျိုးရိုးကြောင့်မဟုတ်၊ မဆင်မချင် စားပုံ သောက်ပုံ တူညီခြင်းကြောင့်သာ ဖြစ်ပေတယ်။
အချိုစားတာများလို့ ဆီးချိုဖြစ်တယ်လို့ ယျေဘူယျ ပြောနိုင်၊ ပြောကြပေမဲ့
ရာနုံးပြည့်မမှန်ပါဘူး။
နောက်ပိုင်းမှာ အသေးစိတ် ရှင်းပြပါ့မယ်။
≪≪≪ဘာကိုမူတည်ပြီး ဆီးချိုဖြစ်ပြီလို့ ပြောကြသလဲ≫≫≫
မွေးကတည်းကပဲ သကြားဓါတ်ကို ဖျက်တဲ့ ဇီဝပစ္စည်းက မူမှန်မှန်၊ မမှန်မှန်။
အစားအသောက်မဆင်ခြင်လို့ အချိုဓါတ်ကို ဖျက်နိုင်နိုင်၊ မဖျက်နိုင်နိုင်၊
သွေးထဲမှာပါတဲ့ အမျိုးအစားတစ်ခုရဲ့ အတိုင်းအတာ ကိန်းဂဏန်း တစ်ခုကို ကြည့်ပြီး၊
ဆီးချိုရောဂါ ရှိမရှိ၊ ဆီးချိုတက်မတက်ကို ဆရာဝန်ကြီးတွေက အခုလို ခွဲခြားတတ်ကြပါတယ်။
မနက်ဖက် တိုင်းလိုက်တဲ့သွေး၊ အစာအိမ်ထဲမှာ
အစာမရှိချိန်မှာတိုင်းလိုက်တဲ့သွေးထဲမှ ခုနက ပြောတဲ့ ကိန်းဂဏန်းလေးက
သာမာန် ပုံမှန် ၁၀၀㎎/dl ကို ပြတ်ပြတ်သားသားကြီး ကျော်နေရင်တော့
ဆီးချိုရှိပြီးလို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ စေစပ်သေချာတဲ့ ဆရာဝန်ကြီးတွေဟာ၊ တစ်ခြားသော လက္ခဏာများအပြင်၊
သွေးချိုကို ဖျိုဖျက်ပေးတဲ့ အင်ဆူလင်ဓါတ် အထွက်နည်းတဲ့ ဆီးချိုမျိုးလား။
ထုပ်လုပ်သော်လည်း အစားစားချိုန်နှင့် အစာချေဖျက်ချိန် မကိုက်ညီတဲ့
ဆီးချိုမျိုးလား ဆိုတာတွေကို ထပ်မံ ခွဲခြားကြပါတယ်။
ဒါတွေအထိ သိဖို့မလိုလို့ ဒီတစ်ခေါက်တော့
≪≪≪ဆီးချိုက မျိုးရိုးလိုက်သလား၊ ဘာ့ကြောင့် ဆီးချိုဖြစ်တာလဲ≫≫≫
ဆိုတဲ့ အဆင့်တင်ပဲ ရပ်နားခွင့် ပြုပါခင်ဗျား။
(ဆက်ရန်)
သုခ(သား)
မှတ်ချက်…(ဒီဆောင်းပါးလေးကို ကြိုက်ရင် LIKE လုပ်တာထက် SHARE လုပ်ပြီး၊
ကုသိုလ် ယူစေချင်ပါတယ်။အမှားများ ပါရှိပါကလည်း ထောက်ပြ၊ ပြုပြင်ပေးစေလိုပါတယ် ခင်ဗျား။)
ဆီးချို (အပိုင်း ၂)
≪≪≪ဆီးချို မဖြစ်အောင်၊ ဆီးချိုဖြစ်ရင် ဘယ်လို ထိမ်းကြမလဲ≫≫≫
သုသေသန ဆရာဝန်ကြီးတွေ တိုက်တွန်းတာကတော့ ၃ ချက်။
ပထမ တစ်ခုက အစားအသောက် ဆင်ခြင်မယ်( မဖြစ်အောင်လို့)၊ အစားအသောက်နဲ့
ထိမ်းမယ် (ရောဂါ မတိုးအောင်လို့)
ကျွန်တော်တို့ မြန်မာတွေဟာ အဆီအစားများသလို၊ နယ်ဖတ်စားကြတော့
အလိုအလျှောက် များများ စားဖြစ်သွားတယ်။
အရာသာရှိသကိုး။
စားကောင်းသကိုး။ ဘယ်မှာ အပစ်ဆိုဝံ့အံ့။
အဲ့သလို မစားတဲ့ ဂျပန်တွေလည်း ဆီးချိုဖြစ်ပါတယ်။
သူတို့ကြတော့ စားတဲ့ဆန်က ကောင်းလွန်းလို့တဲ့။
အဲ့သည့်မှာ ပြဿနာ တက်တာက ဂျပန်ရောက်မြန်မာတွေ၊
ဆန်ကောင်းကောင်းကို၊ ဟင်းကောင်းကောင်းနဲ့ လွေးကြလေတော့….
ဆီးချိုရှိတဲ့သူတွေ အလေးအငံ လျှော့စားပါ။
ကျွန်တော်ကိုယ်တိုင်လည်း ပထမတော့ နားမလည်ခဲ့ပါဘူး။
သွေးတိုးရောဂါမှ မဟုတ်တာ။
ဘာ့ကြောင့် အငံလျှော့ရမှာလည်းပေါ့။
အရှည်ကိုတွေးတဲ့ ဆရာဝန်ကြီးတွေဟာ၊ အငံကြောင့် အရာသာရှိရှိ စားကောင်းတော့၊
ထမင်းပိုစားမိမယ်။
ထမင်းထဲက သကြားဓါတ်က မီးလောင်ရာလေပင့်မှာ စိုးလို့ တားမြစ်ခြင်း ဖြစ်ပေတယ်။
ဒုတိယ တစ်ခုက ဆီးချိုမှ မဟုတ် တော်တော်များများသော ရောဂါတွေမှာလည်း ထိရောက်တဲအရာပါ။
အဲ့တာကတော့ ကိုယ်လက်လုပ်လျှားမှူပဲ ဖြစ်ပါတယ်။
နှစ်ပေါင်း သန်းပေါင်းများစွာ ကျွန်တော်တို့ လူသား၊ တိရိစ္ဆာန်တွေဟာ
မိမိတို့ မျိုးရိုး မတုံးသွားရလေအောင်၊ မိမိတို့ ကိုယ်ခန္တာကို
နေထိုင်ရာအရပ်၊ ကျားမအပေါ် မူတည်ပြီး ပြုပြင်ပြောင်းလည်း
တည်ဆောက်ခဲ့ကြပါတယ်။
အေးလွန်းတဲ့ အရပ်က သူတွေ၊ ကိုယ်မှာ အမွှေးအမျှင်များသလို၊
ပူအိုက်တဲ့ အရပ်က သူတွေကြတော့၊ မွှေးညှင်းပေါက်တွေ ကျယ်ကြတယ်။
အမျိုးသမီးတွေကြတော့ မီးဖွားရာမှာ အသုံးပြုနိုင်အောင် အဆီတွေကို ပေါင်မှာ
စုစည်းစေသလို၊
လယ်ထဲယာထဲ၊ တောထဲမှ ထွက်ပြီး အလုပ် လုပ်ကြရတဲ့ ယောက်ကျားတွေအတွက်တော့
ဝမ်းပိုက်တွေမှ အဆီတွေကို ဖြည့်စေတယ်။
ဒါပေမဲ့ ခေတ်တွေပြောင်းလာတော့၊ ဖင်နဲ့သွား ဖင်နဲ့လာပြီး၊
အစားသောင်းကြမ်းထားတဲ့ အဆီအစိမ့်တွေဟာ လိုသထက်ပိုပြီး၊ ခန္တာကိုယ်က
အချိန်မှီ အချေဖျက်နိုင်တော့တဲ့အခါကျတော့၊ ပန်းသီးလို ဗိုက်ကြီးတွေ
ပူနေတဲ့ ယောက်ကျားကြီးတွေ၊
သစ်တော်သီးကြီးလို ၀နေတဲ့သူတွေလည်း များလာတာပေါ့။
ဒီကြားထဲ ဟိုတုံးက အစစ်အမှန်တွေရလို့
ဆီများများ၊ ပျားရည်များများ သုံးတာစွဲတာဟာ ပြဿနာ မရှိခဲ့ပေမဲ့….အခုအခါမှာတော့။
ဘာပဲဖြစ်ဖြစ်လေ ကိုယ်စားလိုက်တဲ့ အစားကလေးကို ခန္တာကိုယ်အတွက် ဘယ်လောက်စုထားပြီး၊
ပိုလျှံတဲ့ အဆီ၊ အချို၊ အငံတွေကို ဘယ်လို ချေဖျက်
လောင်ကြွမ်းပစ်ရမယ်ဆိုတာကို သတိကလေးထားပေးစေလိုပါတယ်။
အားကစား လုပ်ရာမှာ မှန်မှန်နဲ့ အဆင်အဆက်မပြတ်လုပ်ဖို့က အရေးကြီးပါတယ်။
မီးသွေးမီးဖိုတောင် မီးစွဲဖို့ အချိန်ပေးရသလို၊ ခန္တာကိုယ်ထဲမှာ အဆီတွေ
အချိုတွေ ဖျက်ဖို့ အချိန်ပေးရပါတယ်။
အနည်းဆုံး မိနစ်၂၀ လောက်ကျော်မှာ ခန္တာကိုယ်က အဆီတွေကို စတင်လောင်ကျွမ်းနိုင်တာပါ။
ဒါကြောင့် တစ်ပါတ်ကို ၂ကြိမ်၊ ၃ကြိမ်လောက်၊ တစ်ခါကို အနည်းဆုံး မိနစ်၂၀
အထက် ကိုယ်လက်လှုပ်လျှား အားကစား ပြုလုပ်သင့်ပါတယ်။ ရှိရင်စွဲ ရောဂါဝေဒနာ
အပေါ်မူတည်ပြီး၊ ကိုယ့်အတွက် သင့်တော်မဲ့ အားကစားနည်းတော့ ရွေးသင့်တာပေါ့။
နောက်ဆုံးတစ်ခုကတော့ ဆေး အကူနဲ့ ထိမ်းရခြင်းပါ။
ကျွန်တော့် မေမေဟာ ဆီးချိုကို နှစ်ပေါင်း ၂၀နီးပါး၊ အစားနဲ့
သောက်ဆေးနဲ့ထိမ်းလာခဲ့တယ်။
အနီးမှာ မနေနိုင်တဲ့ ကျွန်တော်ကလည်း သူလျှိုတွေ၊ ဒလံတွေနဲ့
မေမေ့အစားအစာကို အဝေးကနေ ထိမ်းခဲ့တယ်။
နောက်ပိုင်းမှာတော့ သူအစားသောင်းကြမ်းလာတယ်။
ချော့လက်လည်း စားလိုက်တာပဲ။
ဒညင်းသီးလည်း တွဲလိုက်တာပဲ။
ဒီတော့ သူရာထူး တက်သွားတယ်။ သောက်ဆေးနဲ့ မရတော့ဘူး။
အင်ဆူလင် ထိုးဆေး သုံးလာရတယ်။
သူ့နောက်မှာတော့ ဆီးချိုကနေ ခေါ်လာတဲ့ “လူ့အသက် ဖျက်စီးရေး ပါတီ”ရဲ့
ပါတီဝင်ဖြစ်တဲ့၊ သွေးတိုး၊ နှလုံးရောဂါတွေကြောင့် လေဖြတ်ရာက
အသက်ပါဆုံးရှုံးခဲ့ရတယ်။
မေမေကို့ ကြည့်လာခဲ့တဲ့ ကျွန်တော်ဟာ ဆီးချိုကို ထိမ်းတာ၊ အင်ဆူလင်ဆေးလို့
ပဲ ထင်ခဲ့တယ်။
တစ်ကယ်တော့
အသည်းကနေ သကြားဓါတ် ထုပ်တာကို သို့မဟုတ် သကြားဓါတ် စုတ်ယူမှုကို ထိမ်းသိမ်းတဲ့ဆေး။
ကြွက်သား အစရှိသည်များမှ အင်ဆူလင် သက်ရောက်မှု့ကို ပြုပြင်ပေးသော ဆေး။
ပန်ကရိယာမှ အင်ဆူလင် ပန့်ပိုး ထုပ်ပေးမှုကို အားပေးကူညီသော ဆေး။
ပန်ကရိယာကို ကောင်မွန်စွာ အလုပ်လုပ်စေရန် ပံ့ပိုးကူညီသောဆေး။
ပန်ကရိယာမှ လျှင်မြန်စွာ အင်ဆူလင်ကို ထုပ်ပေးသောဆေး။
အူများမှ အချိုဓါတ်စုတ်ယူခြင်း၊ ချေဖျက်ခြင်းကို နှောင့်နှေးစေပြီး၊
အစာစားပြီး သွေးချိုမြင့်မားမှုကို ကာကွယ်သောဆေး။
ဆီးလမ်းကြောင်းမှ အချိုဓါတ်ကို စုတ်ယူခြင်းအား တိုက်ဖျက်ခြင်း
စသည့် စသည့် ဆေးအမျိုးအစား မြောက်များစွာရှိပါသည်။
ရံဖန်ရံခါ ဖေ့စ်ဘွန်နှင့် လူမှူုကွန်ယက်များပေါ်တွင် စေတနာဖြင့်
တင်ပြလာသော ဆီးချိုပျောက်ဆေး၊ နည်းစွမ်းနည်းကောင်း မြောက်မြားစွာ
တွေ့ရပါသည်။
အမှန်ဟု မဆိုလိုပါ။
အစွမ်းအထက်မဟုတ်၊ အစွမ်းထက်ပါသည်။
သို့သော် ဆီးချိုဟု စားလုံး၂လုံးသာပါသော ရောဂါကလေးအတွင်း အမျိုးအစား
ကွဲပြားနေပါသောကြောင့်
အနာနဲ့ဆေး တည့်ဖို့တော့ လိုပေမည်။
ဒါကြောင့် ဘာကြောင့် ဒီလိုစား၊ ဒီလိုနေ၊ ဒီဆေးကိုသုံးဆိုတဲ့
ဆရာဝန်ညွှန်ကြားချက်ကို သေသေချာချာနားလည်၍၊ တိတိကျကျ လိုက်နာတတ်စေရန်
≪≪≪ဆီးချိုမဖြစ်အောင် သို့မဟုတ် ဆီးချိုဖြစ်လာရင် ဘယ်လိုနေထိုင်သင့်သလဲ≫≫≫
ဆိုတဲ့ အကြောင်းအရာကို ဤနေရာတွင် ရပ်နားခွင့် ပြုပါခင်ဗျား။
(ဆက်ရန်)
သုခ(သား)
မှတ်ချက်…
ဒီဆောင်းပါးလေးကို ကြိုက်ရင် LIKE လုပ်တာထက် SHARE လုပ်ပြီး၊
ကုသိုလ် ယူစေချင်ပါတယ်။
အမှားများ ပါရှိပါကလည်း ထောက်ပြ၊ ပြုပြင်ပေးစေလိုပါတယ် ခင်ဗျား။

No comments:

Post a Comment