Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 16, 2017

သတင်းတု သတင်းမှားများနှင့် အမုန်းစကား ဖြန့်ချိခြင်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖေ့စ်ဘွတ်ခ်ရှယ်ယာရှင်များ ဆွေးနွေး


 
သတင်းတု သတင်းမှားများနှင့် အမုန်းစကား ဖြန့်ချိခြင်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖေ့စ်ဘွတ်ခ်ရှယ်ယာရှင်များ ဆွေးနွေး

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာ၏ ရှယ်ယာရှင်များသည် ၎င်းတို့၏ လူမှုမီဒီယာတွင် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများ လွှင့်တင်၍ အများပြည်သူ အထင်မှား အမြင်မှား ဖြစ်စေရန် လုပ်ဆောင်နေသည့် အကောင့် (Account) များကို မည်သို့သော နည်းလမ်းများဖြင့် ကိုင်တွယ်သင့်သည်ကို အစီရင်ခံစာတစ်ရပ် တင်သွင်း၍ ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာ၏ ရှယ်ယာရှင်များသည် ၎င်းတို့က ၎င်းတို့၏ လူမှုမီဒီယာကို ပွင့်လင်းမြင်သာစွာ အသုံးပြုခွင့်နှင့် လွတ်လပ်စွာ သဘောထားအမြင်များ ရေးသားလွှင့်တင်ခွင့်တို့ ပေးအပ်ထားသည်ကို အချို့သောသူများက မလျော်ကန်သည့် နည်းလမ်းများဖြင့် အသုံးချမှုများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိထားပြီ ဖြစ်ကာ သတင်းမှားများ၊ အမုန်းစကားများ ဖြန့်ဝေခြင်းဖြင့် အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် လုပ်ဆောင်သည့် အကောင့်များ (Accounts) များကို ပိတ်သိမ်းပစ်ခြင်းဖြင့် အရေးယူသည်အထိ လုပ်ဆောင်မည်ဟု ယင်းရှယ်ယာရှင်များက သတိပေးစကား ပြောကြားထားပြီလည်း ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူများသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်၌ ကျင်းပခဲ့သည့် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲကာလအတွင်း အချို့သောသူများက ၎င်းတို့၏ လူမှုမီဒီယာကို အသုံးချ၍ သတင်းမှားများ ရေးသားလွှင့်တင်ခြင်းဖြင့် အများပြည်သူကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေရဆဲဖြစ်ကာ လက်ရှိတွင် အချို့သောနိုင်ငံများ၌ သတင်းမှားနှင့် သတင်းတုများ၊ အမုန်းစကားများ ဖြန့်ချိသည့် အကောင့်များ(Accounts) ကို ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူများက စတင်ပိတ်သိမ်းနေပြီ ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူများသည် လွန်ခဲ့သည့် ကြာသပတေးနေ့၌ ပြင်သစ်နိုင်ငံရှိ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် သုံးစွဲသူများ အနက်၌ သတင်းတုနှင့် သတင်းမှားများ လွှင့်တင်သည့် အကောင့်အရေအတွက် မည်မျှရှိသည် ဆိုခြင်းကို ခြေရာခံစစ်ဆေးခဲ့ကာ စစ်ဆေးမှုများအပြီးတွင် ပြင်သစ်နိုင်ငံရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အနက်မှနေ၍ အကောင့်ပေါင်း(Accounts)  သုံးသောင်းနီးပါးကို ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူများက အမုန်းစကားများ ဖြန့်ချိခြင်းနှင့် သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်းတို့အတွက် ပိတ်သိမ်းပစ်လိုက်ပြီ ဖြစ်သည်။


The Voice
http://thevoicemyanmar.com/it/7748-ttt

No comments:

Post a Comment