Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 14, 2017

အခ်ဳိရည္ေသာက္သုံးျခင္းေၾကာင့္ ႏွစ္စဥ္ လူ ၁သိန္း ၈ေသာင္း ခန္႔ ေသဆုံးေန



sugar drink လုိ႔ေခၚတဲ့ အခ်ဳိရည္ေသာက္သုံးျခင္းဟာ အ၀ လြန္ျခင္း၊ ေသြးခ်ဳိဆီးခ်ဳိ၊ ႏွလုံးေသြး ေၾကာႏွင့္ ကင္ဆာေရာဂါမ်ား ျဖစ္ ပြားမႈႏွင့္ ဆက္စပ္လ်က္ရွိသည္။ လူတစ္ေယာက္သည္ sugar drink မ်ားကုိ တစ္ပတ္လွ်င္ ၄၅၀ ကယ္လုိရီ ထက္ပုိ၍ မေသာက္သုံးသင့္ေၾကာင္း American Heart Association (AHA) မွ အႀကံျပဳထားသည္။ ထုိပမာဏသည္ 12oz cola သုံးဘူး ထက္ေလ်ာ့နည္းေနေလသည္။

လူငယ္မ်ား အခ်ဳိရည္ေသာက္ သုံးျခင္းသည္ နာတာရွည္ေရာဂါမ်ား ျဖစ္ပြားရန္ အခြင့္အလမ္းပုိမ်ားေန သည္။sugar drink မ်ားေသာက္သုံးျခင္းေၾကာင့္ ႏွစ္စဥ္ ကမၻာေပၚ တြင္ ၁၈၄ ၄၅၀ ေယာက္ခန္႔ ေသဆုံး ၿပီး အျဖစ္အမ်ားဆုံးေရာဂါမွာ ဆီးခ်ဳိ ေရာဂါျဖစ္ကာ ႏွလုံးေရာဂါႏွင့္ ကင္ဆာေရာဂါမ်ားလည္း ျဖစ္ၾက သည္။ ]]လူငယ္မ်ားၾကား ထုိကဲ့သုိ႔ ေသာ ေရာဂါမ်ားျဖစ္ပြားျခင္းသည္ ႏုိင္ငံတစ္ႏုိင္ငံခ်င္းဆီ၏ လုပ္အား၊ ထုတ္လုပ္မႈႏွင့္ စီးပြားေရးအေပၚတြင္ ဆုိးက်ဳိးသက္ေရာက္မႈႀကီးမားႏုိင္ၿပီး ျပည္သူ႔က်န္းမာေရးအႏၲရာယ္အျဖစ္ ႐ႈျမင္သင့္သည္}} ဟု Prof.Singh မွ ေျပာၾကားခဲ့ပါသည္။

ထုိ႔အျပင္ ၀င္ေငြအနည္းပါးဆုံး ႏွင့္ အလယ္အလတ္ပမာဏရွိေသာ ႏုိင္ငံမ်ားတြင္ အဆုိပါေရာဂါ ျဖစ္ပြား မႈႏႈန္းမွာ ပုိ၍မ်ားေၾကာင္း၊ ကမၻာ့ ႏုိင္ငံအမ်ားစုတြင္ ေသဆုံးမႈမ်ားထဲမွ ပမာဏေတာ္ေတာ္မ်ားမ်ားသည္ ေန႔ စဥ္စားသုံးမႈပုံစံထဲမွ sugar စားသုံးမႈ မ်ားျခင္းေၾကာင့္ ကမၻာလုံးဆုိင္ရာ က်န္းမာေရးအႏၲရာယ္အျဖစ္ သတ္ မွတ္သင့္ပါေၾကာင္း sugar ပါ၀င္ ေသာ အခ်ဳိရည္အမ်ားစုသည္ က်န္းမာေရးအတြက္ မေကာင္းဘဲ ေသာက္သုံးမႈေလ်ာ့ခ်ျခင္းသည္သာ လွ်င္ အေကာင္းဆုံးျဖစ္ေၾကာင္း Prof. Singh မွ အႀကံျပဳခဲ့ပါသည္။

https://www.facebook.com/HealthUpdatesJournal

Dr. A.Z
Ref: Medical News Today
Credit:Health Updates Journal No. 177

#Unicode Version
sugar drink လို့ခေါ်တဲ့ အချိုရည်သောက်သုံးခြင်းဟာ အ၀ လွန်ခြင်း၊ သွေးချိုဆီးချို၊ နှလုံးသွေး ကြောနှင့် ကင်ဆာရောဂါများ ဖြစ် ပွားမှုနှင့် ဆက်စပ်လျက်ရှိသည်။ လူတစ်ယောက်သည် sugar drink များကို တစ်ပတ်လျှင် ၄၅၀ ကယ်လိုရီ ထက်ပို၍ မသောက်သုံးသင့်ကြောင်း American Heart Association (AHA) မှ အကြံပြုထားသည်။ ထိုပမာဏသည် 12oz cola သုံးဘူး ထက်လျော့နည်းနေလေသည်။

လူငယ်များ အချိုရည်သောက် သုံးခြင်းသည် နာတာရှည်ရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်းပိုများနေ သည်။sugar drink များသောက်သုံးခြင်းကြောင့် နှစ်စဉ် ကမ္ဘာပေါ် တွင် ၁၈၄ ၄၅၀ ယောက်ခန့် သေဆုံး ပြီး အဖြစ်အများဆုံးရောဂါမှာ ဆီးချို ရောဂါဖြစ်ကာ နှလုံးရောဂါနှင့် ကင်ဆာရောဂါများလည်း ဖြစ်ကြ သည်။ ]]လူငယ်များကြား ထိုကဲ့သို့ သော ရောဂါများဖြစ်ပွားခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းဆီ၏ လုပ်အား၊ ထုတ်လုပ်မှုနှင့် စီးပွားရေးအပေါ်တွင် ဆိုးကျိုးသက်ရောက်မှုကြီးမားနိုင်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ် ရှုမြင်သင့်သည်}} ဟု Prof.Singh မှ ပြောကြားခဲ့ပါသည်။

ထို့အပြင် ဝင်ငွေအနည်းပါးဆုံး နှင့် အလယ်အလတ်ပမာဏရှိသော နိုင်ငံများတွင် အဆိုပါရောဂါ ဖြစ်ပွား မှုနှုန်းမှာ ပို၍များကြောင်း၊ ကမ္ဘာ့ နိုင်ငံအများစုတွင် သေဆုံးမှုများထဲမှ ပမာဏတော်တော်များများသည် နေ့ စဉ်စားသုံးမှုပုံစံထဲမှ sugar စားသုံးမှု များခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်အဖြစ် သတ် မှတ်သင့်ပါကြောင်း sugar ပါဝင် သော အချိုရည်အများစုသည် ကျန်းမာရေးအတွက် မကောင်းဘဲ သောက်သုံးမှုလျော့ချခြင်းသည်သာ လျှင် အကောင်းဆုံးဖြစ်ကြောင်း Prof. Singh မှ အကြံပြုခဲ့ပါသည်။


https://www.facebook.com/HealthUpdatesJournal


Dr. A.Z
Ref: Medical News Today
Credit:Health Updates Journal No. 177

No comments:

Post a Comment