စီးပွားရေးနှင့် လုံခြုံရေးအကျပ်အတည်းကြောင့် အိမ်ထောင်စု ၁၄ စု စွန့်ခွာသွား၍ မောင်တောမြို့နယ် အထက်ပြူးမ ရခိုင်ကျေးရွာ ပြိုပျက်လုနီးပါးဖြစ်သွားပြီ
Narinjara
Narinjara
#Unicode Version
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော ရခိုင် အထက်ပြူးမ ကျေးရွာမှ အိမ်ထောင်စု ၁၄ စုသည် စီးပွားရေးနှင့် လုံခြုံရေး အကျပ်အတည်းကြောင့် နေရပ် စွန့်ခွာသွားကြသဖြင့် ၎င်းကျေးရွာမှာ ပြိုပျက်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်ဟု သတင်းရရှိသည်။
အထက်ပြူးမ ကျေးရွာတွင် စုစုပေါင်း မိသားစု ၁၆ စု (အိမ်ခြေ ၁၆ ဆောင်) ရှိရာမှ ထိုအထဲမှ ၁၄ စုမှာ ရွာကို စွန့်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။
“ ရွာကို စွန့်ခွာပြီး ပြောင်ရွှေ့လာရခြင်းရဲ့ အဓိက အကြောင်းရင်းကတော စားဝတ်နေရေး အဆင် မပြေလို့ပါ။ ကျွန်တော်တို့ အထက်ပြူးမရွာမှာ ရွာသားတွေက တောင်ကို တက်ပြီး ထင်းခုတ်၊ သစ်ခုတ် ပြီး အသက်မွေး ဝမ်းကျောင်းကြရပါတယ်။ နောက် ချောင်းထဲဆင်းပြီး ကဏန်းပုံးထောင်တဲ့ အလုပ်ကို လုပ်ပါတယ်။ အခု ဒီလုပ်ငန်းတွေကို လုပ်ကိုင်လို့လည်း မရတော့ စားရေး သောက်ရေးက အများကြီး အခက်အခဲဖြစ်လာပါတယ်။ ဒီလို ဒုက္ခရောက်နေချိန်မှာ အစိုးရဆီကရော၊ အန်ဂျီအိုတွေကလည်း အကူအညီ မရပါဘုူး။ ဒီတော့ ကျွန်တော်တို့ ရွာကို စွန့်ခွာပြီး တစ်ခြားနေရာကို ပြောင်းရွှေ့လာရတာပါ” ဟု ပြောင်ရွေ့လာသူများအထဲမှ ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမောင်သိန်းမှ နိရဉ္စရာသို့ ပြောဆိုသည်။
ဘာကြောင့် တောင်ကို တက်ပြီး ထင်းခုတ်၊ သစ်ခုတ် လုပ်ငန်းများကို မလုပ်ကိုင်နိုင်သလို ကဏန်းထောင်ခြင်းကိုလည်း မလုပ်ကိုင်နိုင် ပါသလဲဟု ဆက်လက် မေးမြန်းရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရပြီး နောက်ပိုင်းကတည်းက သစ်ဝါး ခုတ်ရန် တောင်ကိုတက်၍ မရတော့ကြောင်း၊ အကြောင်းအရင်းမှာ ဘင်္ဂလီ အကြမ်းဖက်သမားများ၏ ရန်ကို ကြောက်၍ ဖြစ်ကြောင်း၊ ကဏန်းပုံးထောင်လျှင်လည်း ဘင်္ဂလီရွာသားများက လူမရှိစဉ် ဖျက်ဆီး ပစ်ကြောင်း ကိုမောင်သိန်းမှ ဆက်လက် ရှင်းပြ ပြောဆိုသည်။
အထက်ပြူးမ ကျေးရွာမှ စွန့်ခွာသွားသူများကို လောလောဆယ်တွင် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော ကင်းချောင်းကျေးရွာ သို့ ၁၂ စု၊ ရွှေဗဟို ကျေးရွာတွင် အိမ်ထောင်စု ၂ စု တို့ နေရာချ နေထိုင်နေကြောင်း သိရသည်။
“ ကျွန်မတို့ အထက်ပြူးမရွာမှာတော့ နယ်ခြားစောင့်စခန်းရှိပြီး တပ်သား ၇ ဦးခန့် ရှိပါတယ်။ ရွာအနေနဲ့တော့ လုံခြုံရေး သိပ်စိုးရိမ်စရာ မရှိပါဘူး။ အဓိကတော့ အလုပ်အကိုင် မရှိ၊ အထောက်အပံ့လည်း မရှိတဲ့ အတွက် ခုလို မောင်တောတောင်ပိုင်းကို ပြောင်းရွှေ့လာရတာပါ။ စားဝတ်နေရေး အဆင်ပြေရင်တော့ ပြောင်းရွှေ့စရာမရှိပါဘူး” ဟု နေရပ်စွန့်ခွာလာသူ ဒေါ်လှဝေစိန်က ရှင်းပြသည်။
၎င်းပြင် အထက်ပြူးမရွာရှိ ရခိုင်ကလေးများမှာ ပညာသင်ကြားရေးအတွက် ဘင်္ဂလီကျေးရွာရှိ အစိုးရကျောင်းတွင် တက်ရောက်သင်ကြားရကြောင်း၊ ကလေးငယ်များ လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းသို့ မလွတ်ဝံ့ကြောင်း၊ သို့အတွက် ကလေးများ၏ အနာဂတ် ပညာရေးကိုပါ ထိခိုက်လာကြောင်း၊ အစစအရာရာကို ထည့်တွက် စဉ်းစားပြီး ယခုလို နေရပ်စွန့်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း သူမက ဆက်လက် ပြောဆိုသည်။
၎င်းမိသားစု ၁၄ စုအပါအဝင် အိမ်ထောင်စု ၂၆ စု သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပြသနာများကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်ဒရိုင်ဘင် ခရိုင် ဗိုလ်မင်းထောင်ဒေသ ဘင်္ဂလာဒေ့ရှ်နယ်စပ်မှ မြန်မာနိုင်ငံ မောင်တောမြို့နယ်ထဲ ခိုလုံ ရောက်ရှိလာကြသူများ ဖြစ်သည်။
သူတို့အား အစိုးရမှ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမရွာတွင် နေရာချပေးခဲ့သော်လည်း လုပ်ကိုင်စားသောက်ရန် အတွက် အကူအညီများ ထောက်ပံ့ပေးခြင်းမရှိသလို လုပ်ကိုင်စားသောက်ရန် လယ်မြေအပါအဝင် ကျွဲနွားများလည်း ထောက်ပံ့ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ ဘင်္ဂလာဒေ့ရှ်နယ်စပ်ကနေ ဒီဘက်ကို ပြောင်းရွှေ့လာတဲ့ မိသားစုက စုစုပေါင်း ၂၆ စုပါ။ ဒီအထဲက ၁၂ စုက စားဝတ်နေရေး အခက်အခဲကျရောက်သလို ဒီဘက်က အာဏာပိုင်တွေက ဒီနိုင်ငံနေထိုင်နိုင်အောင် ဘာအထောက်အထား ကတ်ပြားမှ မထုတ်ပေးတဲ့ အတွက် ဘင်္ဂလာဘက်ကို ပြန်သွားကြပါတယ်။ ကျန်ရှိနေတဲ့ မိသားစု ၁၄ စုလည်း အခက်အခဲ ဖြစ်လာတော့ အခု တစ်ဖန် မောင်တောမြို့နယ် တောင်ပိုင်းကို ထပ်မံ ပြောင်းရွှေ့လာရတာပါ” ဟု ပြောဆိုသည်။
ကျန်ရှိနေခဲ့သော မိသားစု ၁၄ စုအား WFP ကမ္ဘာစားနပ်ရိက္ခာအဖွဲ့မှ အိမ်ထောင်စုအလိုက် ဆန်ရိက္ခာများ ယခင်က ထောက်ပံ့ပေးခဲ့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း WFP က အထောက်အပံ့များကို ရပ်ဆိုင်းလိုက်ကြောင်း သိသည်။
“ WFP အပါအဝင် နိုင်ငံတကာက ဘင်္ဂလီတွေကို ပြန်ပြီး အကူအညီတွေ အများကြီး ပေးနေပါတယ်။ ကျွန်တော်တို့က ဘာမှ မရတော့ပါ။ အစိုးရကမကူညီသလို နိုင်ငံတကာကလည်း အကူအညီမရပါ။ ခွဲခြားဆက်ဆံခံနေရတယ်လို့ ခံစားရပါတယ်” ဟု ကိုမောင်သိန်းက ပြောဆိုသည်။
ကင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့ ကင်းချောင်းရွာကို အထက်ပြူးမှကနေ အိမိထောင်စု ၁၂ စု ပြောင်းလာတာ မှန်ပါတယ်။ ရွှေဗဟိုကိုတော့ အိမ်ထောင်စု ၂ စု ပြောင်းရွှေ့လာပါတယ်။ ဒီလို ပြောင်းရွှေ့လာတာကိုတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကိုတော့ အကြောင်းကြားထားပါတယ်။ အကူအညီထောက်ပံ့တော့ ဘာမှ မရရှိသေးပါဘူး” ဟု ပြောသည်။
လက်ရှိ အခြေအနေတွင် အထက်ပြူးမ ကျေးရွာတွင် အိမ်ခြေ ၂ ဆောင်သာ ကျန်ရှိလိုက်သည်ဟု သိရသည်။
ယခု အထက်ပြူုးမမှ ပြောင်းရွှေ့နေထိုင်လာသည့် ကင်းချောင်းကျေးရွာမှာလည်း တည်ငြိမ်မှု ရှိသော ကျေးရွာ တစ်ရွာမဟုတ်ဘဲ ၎င်းကျေးရွာမှပင် လုံခြုံရေးနှင့် လုပ်ကိုင်စားသောက်ရေးတို့ အခက်အခဲကြောင်း ရခိုင်ပြည်နယ် အတွင်းပိုင်း ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ဘက်သို့ ပြောင်းရွှေ့ သွားသူ အိမ်ထောင်စု ၁၀ ကျော်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
အောင်ကျော်မင်း(မောင်တော)
ကင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့ ကင်းချောင်းရွာကို အထက်ပြူးမှကနေ အိမ် ထောင်စု ၁၂ စု ပြောင်းလာတာ မှန်ပါတယ်။ ရွှေဗဟိုကိုတော့ အိမ်ထောင်စု ၂ စု ပြောင်းရွှေ့လာပါတယ်။ ဒီလို ပြောင်းရွှေ့လာတာကိုတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကိုတော့ အကြောင်းကြားထားပါတယ်။ အကူအညီထောက်ပံ့တော့ ဘာမှ မရရှိသေးပါဘူး” ဟု ပြောသည်။
လက်ရှိ အခြေအနေတွင် အထက်ပြူးမ ကျေးရွာတွင် အိမ်ခြေ ၂ ဆောင်သာ ကျန်ရှိလိုက်သည်ဟု သိရသည်။
ယခု အထက်ပြူုးမမှ ပြောင်းရွှေ့နေထိုင်လာသည့် ကင်းချောင်းကျေးရွာမှာလည်း တည်ငြိမ်မှု ရှိသော ကျေးရွာ တစ်ရွာမဟုတ်ဘဲ ၎င်းကျေးရွာမှပင် လုံခြုံရေးနှင့် လုပ်ကိုင်စားသောက်ရေးတို့ အခက်အခဲကြောင်း ရခိုင်ပြည်နယ် အတွင်းပိုင်း ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ဘက်သို့ ပြောင်းရွှေ့ သွားသူ အိမ်ထောင်စု ၁၀ ကျော်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/Narinjara-151742128171206/
Credit:အောင်ကျော်မင်း(မောင်တော)
Narinjara
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)