Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

အခ​​ကြေး​ငွေပေး​ဆောင်​ရန် ​မလိုဘဲ ​နေရပ်​ပြန်​ခွင့်​ပြုသည့်​ ဧပြီ ၅ ရက်​​မှစ၍ ထိုင်းရောက် မြန်​မာရွှေ့ပြောင်းလုပ်​သားများ အလုံးအရင်းဖြင့်​ ​ပြန်​လာ​နေ

 
အခ​​ကြေး​ငွေပေး​ဆောင်​ရန် ​မလိုဘဲ ​နေရပ်​ပြန်​ခွင့်​ပြုသည့်​ ဧပြီ ၅ ရက်​​မှစ၍ ထိုင်းရောက် မြန်​မာရွှေ့ပြောင်းလုပ်​သားများ အလုံးအရင်းဖြင့်​ ​ပြန်​လာ​နေ

မြန်​မာ့နှစ်​သစ်​ကူး သင်္ကြန်​ပွဲတော်​ ဆင်​နွှဲရန်​ မြန်​မာနိုင်​ငံသို့ ပြန်​လာသည့်​ ​ရွှေ့ပြောင်းလုပ်​သားများအား ၀င်​ထွက်​သွားလာမှု အဆင်​​ပြေ​စေ​ရေးအတွက်​ ထိုင်းအစိုးရနှင့် မြန်​မာနိုင်​ငံ အစိုးရတို့ ပူး​ပေါင်းပြီး မည်​သည့် အခ​ကြေး​ငွေမျှ ပေးစရာမလိုဘဲ (ထိုင်းဘက်​ကမ်း) သွားလာခွင့်​ပြုသည့်​ ဧပြီ ၅ ရက်​​ နံနက်​က အလုံးအရင်းဖြင့်​ ပြန်​လာ​နေကြပြီဖြစ်​​​ကြောင်း သိရသည်​။

ယင်းသို့ ​နေရပ်​ပြန်​လာသည့်​ မြန်​မာ​ရွှေ့ပြောင်းလုပ်​သားများအား ထိုင်းနိုင်​ငံ မဲ​ဆောက်​ချစ်​ကြည်​ရေးတံတား နယ်​​စပ်ဂိတ်​မှ ၀င်​ထွက်​ခွင့်​ကို အခမဲ့​ ဆောင်​ရွက်​​ပေး​လျက် ​ရှိ​သော်​လည်း မြန်မာနိုင်ငံသားများ အ​နေဖြင့် အလုပ်​လုပ်​ခွင့်​လက်​မှတ်​ (Work Permit) ပါရှိရန်​ လိုအပ်​​သည်​ဟု ဆိုသည်​။

ထိုင်းနိုင်​ငံ မဲ​ဆောက်​ဘက်​ကမ်း ချစ်ကြည်​​ရေးတံတားတွင်​ သင်္ကြန်​ပွဲ​တော်​ ကာလအတွင်း မြန်​မာနိုင်​ငံသားများ အလိမ်​မခံရ​အောင်​ ၀င်​ထွက်​ခွင့်​ အခမဲ့ ခွင့်​ပြုပေးမှုအား ဧပြီ ၅ ရက်​​မှ ၃၀ ရက်​​ထိ သတ်မှတ်​ထားခြင်း ဖြစ်​​ကြောင်း အသံချဲ့စက်​ဖြင့်​ ​ကြေညာလျက်​ရှိသည်​။

သို့သော်​လည်း မြန်​မာနိုင်​ငံ မြ၀တီဘက်​တွင်​ အ၀င်​တုံး အထွက်​တုံးထုစဉ် ပေး​ဆောင်​ရသည့်​ ​ငွေ​ကြေးကို ပုံမှန်​အတိုင်း​ ပေး​ဆောင်​ရပြီး၊​ နေရပ်​ပြန်​ မြန်​မာလုပ်​သားများအတွက်​ မည်သည့်ညွှန်​ကြားချက်မျှ မရှိ​ကြောင်း မြ၀တီ ချစ်​ကြည်​​ရေးတံတားမှ သိရသည်​။

Work Permit မပါသည့်​ မြန်​မာနိုင်​ငံသားများ ယခင်​​နေ့က ဖမ်းဆီးခံရသည့်​အတွက်​ မဲ​ဆောက်​မြို့ လူမှုကူညီ​ရေး အ​ထွေထွေရုံးမှ မန်​နေဂျင်းဒါရိုက်​တာ ကိုသားကြီးက “မြန်​မာနှစ်​သစ်​ကူးပွဲ​တော်​ ဆင်​နွှဲဖို့ ပြန်လာကြတဲ့ မြန်မာရွှေ့ပြောင်း​လုပ်​သားတွေ အ​နေနဲ့ ပတ်​စ်ပို့ ဗီဇာ ပါရှိရုံနဲ့ မလုံ​လောက်​ပါဘူး။ အလုပ်​လုပ်​ခွင့်​ လက်​မှတ်​လို့​ခေါ်တဲ့ Work Permit ပါရှိဖို့ လိုပါတယ်​။ ထိုင်းနိုင်​ငံဘက်က​ ဧပြီ ၅ ရက်​​ က ၃၀ ရက်​​ထိ သွားလာခွင့်​ပြုတာဟာ ယခင်​ ကုန်​ကျစရိတ်​​တွေကိုသာ အခမဲ့ ပြုလုပ်​​ပေးတာဖြစ်​ပြီး အ​ထောက်​အထား​တွေက​တော့ ပြည့်​စုံဖို့ လိုအပ်ပါတယ်​။ Work Permit မပြည့်​စုံလျှင်​ ထိုင်းဥပ​ဒေအရ အ​ရေးယူ​ ဆောင်​ရွက်ခြင်းခံရမှာ ဖြစ်​​ပါတယ်” ဟု သတိ​ပေး ပြောကြားသည်​။

ထို့အတူ ထိုင်းနိုင်​ငံ တာ့ခရိုင်​လ၀က ခရိုင်​မှူး မစ္စတာ ဆုံချိုင်းဒီဖဲ့ကလည်း Work Permit ဆိုတာ ပတ်​စ်ပို့ဗီဇာပြုလုပ်​ပြီးသူတိုင်း Work Permit ရှိပြီးသူ ဖြစ်​သည်​ဟု ယူဆ​ကြောင်း ​ပြောကြားသည်​။

သင်္ကြန်​ပွဲ​တော်​အကြို ​နေရပ်ပြန်​လာသူ တစ်​ဦးက “ယခုလို ခွင့်​ပြုတာ အရမ်း​ ကျေးဇူးတင်​ပါတယ်​။ ယခင်​ကဆိုရင်​ ကိုယ့်​နိုင်​ငံကို ပြန်​ရင်​ လမ်းမှာ​ပေးရတာ၊ တုံးကြီးထုရတာ၊ အထွက်​တုံးထုရတာနဲ့ဆို ဘတ်​ ၁၀၀၀ ကျော်​ ၂၀၀၀ နီးပါး ကုန်​ကျပါတယ်​။ ဒီနှစ် ​ဘာမှ မပေးရဘူး။ ​နောင်​နှစ်​​တွေမှာ နှစ်​သစ်​ကူး သင်္ကြန်​ပွဲ​တော်​ရောက်​တိုင်း အခုလို ခွင့်​ပြုပေး​စေချင်​ပါတယ်” ဟု ​ပြောကြားသည်​။

ထိုင်းအစိုးရနှင့်​ မြန်​မာအစိုးရတို့ ပူး​ပေါင်းဆောင်​ရွက်​မှုဖြင့်​ ဧပြီ ၅ ရက်​​မှ ၃၀ ရက်​​ထိ ၀င်​ထွက်​ခွင့်​လက်​မှတ်​အတွက်​ အခမဲ့ ​ဆောင်​ရွက်​​ပေး​နေသည်​ဟု ​ဆို​သော်​လည်း မြန်​မာနိုင်​ငံဘက်​တွင်​ ယခင်အတိုင်းသာ​ ပေး​ဆောင်​ရကာ စတင်​ခွင့်​ပြုသည့်​ ဧပြီ ၅ ရက်​​၌ မြန်​မာ​ရွှေ့ပြောင်းလုပ်​သား ​ထောင်​နှင့်​ချီ၍ ပြန်​လာခဲ့ကြ​ကြောင်း သိရသည်​။

Writer: 
ကိုရွှေသိန်း (မြ၀တီ)
Eleven Media Group

No comments:

Post a Comment