Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 28, 2017

2017 ရဲ့ ယောကျာ်း မာယာ ၉ သွယ်

 
2017 ရဲ့ ယောကျာ်း မာယာ ၉ သွယ်


မိန်းမတွေပဲ မာယာဆိုတာ ရှိတာမဟုတ်ပါဘူး . ယောက်ကျာ်းတွေမှာလဲ မာယာတွေ ရှိပါတယ် . ရှေးကျမ်းဂန်များအလိုအရဆိုရင်တော့ ယောက်ကျာ်း မာယာ ၉ မျိုးတိတိရှိပါတယ် . ဒီ မာယာ ၉ မျိုးနဲ့ပဲ မိန်းမတွေကို သွေးဆောင်ဖြားယောင်း လို့ရပါတယ် :3 ဒီတော့ အောက်မှာ ဆက်ကြည့်လိုက်ပါ . အကျယ်တဝင့် ရေးပေးထားပါတယ် :3

1 . အမျိုး၏ ဂုဏ်ကို ပြ၍ မြှူဆွယ်ခြင်း
ဆွေမျိုး အသိုင်းအဝိုင်းက ဘယ်လောက်ကြီးတာတို့ , မိဘ တွေက UK မှာတို့ , ကျောင်းပြီးရင် နိုင်ငံခြားမှာ အပြီးသွားနေရမှာတို့
ဘာတို့ ညာတို့ အစရှိသဖြင့် လုပ်တာတွေကို ခေါ်ပါတယ် .

2 . ပညာ၏ ဂုဏ်ကို ပြ၍ မြှူဆွယ်ခြင်း
ဘယ်တုန်းက ဘယ်မှာ MBA နဲ့ဘွဲ့ရထားတာ , ဒီအပိုင်းမှာတော့ ကျနော်က ဆရာပဲ , အလုပ်တွေက အရမ်းရှုပ်တာ Blah Blah အစရှိသဖြင့် လုပ်တာတွေကို ခေါ်ပါတယ် .

3 . ပစ္စည်း၏ ဂုဏ်ကို ပြ၍ မြှူဆွယ်ခြင်း
အခုကိုင်နေတဲ့ I Phone 7+ ကို သိပ်မကြိုက်လို့ နောက်ထွက်မယ့် I Phone 8 ကို Preoder တောင်ကြိုတင်ထားတာ ,
အခု စီးနေတဲ့ လဗော်ဂနီ က ဝယ်တုန်းက ဘယ်လောက်ပေးရတာ ဆိုတဲ့ စကားတွေဟာ ပစ္စည်းဂုဏ်နဲ့ မြှူဆွယ်တာပါ .

4 . ၀မ်းသာ ၀မ်းနည်းပြု၍ မြှူဆွယ်ခြင်း
နေ့တိုင်းအတူတက်နေတဲ့ အတန်းဖော်ကောင်မလေးကို စာသင်ခန်းဝမှာတွေ့ရတာကို နှစ်သုံးဆယ်လောက် ကွဲပြီးပြန်တွေ့လို့ ၀မ်းသာသလိုမျိုး ဖီလင်အပြည့်နဲ့ ကြေကွဲပြနေတာမျိုးကိုခေါ်ပါတယ်:3

5 . အစဉ်မပြတ်နောက်ယောင်ခံခြင်းနည်းလမ်းဖြင့် မြှူဆွယ်ခြင်း
ဒီနည်းကတော့ ဒီဘက်ခေတ်မှာ မရှိသလောက်ရှားသွားပါပြီ .
စကီလေးသွားရာနောက်ကို တကောက်ကောက်လိုက်တဲ့နည်း
ဖြစ်ပါတယ် :3

6 . လက်ဆောင်များပေးကမ်းတတ်ခြင်း ဖြင့် မြှူဆွယ်ခြင်း
Bella Cosmetic ဝယ်ပေးတာတို့ , အဝတ်အစားလက်ဆောင်ဝယ်ပေးတာတို့ အစရှိသဖြင့် ပေးကမ်းတာကိုပြောတာပါ .

7 . မြှောက်ပင့် ချီးမွမ်းခြင်း အားဖြင့် မြှူဆွယ်ခြင်း
ဒီနည်းကတော့ ပေါင် 200 လောက်ရှိတဲ့ ဖက်တီးမကိုလဲ
ခေးက ကိတ်တယ်နော်တို့ , မိတ်ကပ်တွေ စွတ်ပြင်ပြီး ရုပ်က ဘီလူးမသံပုရာသီးကိုက်ထားတဲ့ ရုပ်ပေါက်နေရင်တောင် အရမ်း
Cute တာတို့ ဘာတို့ ပြောတာတွေကို ဆိုလိုတာပါ .

8 . အ၀တ်အစား ပြောင်းလဲတတ်ခြင်း အားဖြင့် မြှူဆွယ်ခြင်း
ဒါကတော့ သိသာပါတယ် . အမြဲတမ်း ဘောင်းဘီအရှည် နဲ့ တီရှပ် ဝတ်နေတဲ့ကောင်က လည်ကတုံးနဲ့ ယောပုဆိုး ပြောင်းဝတ်ပြီဆိုရင်တော့ သတိသာထားပါတော့ :3

9 . ကိုယ်ကာယကို ပြ၍ မြှူဆွယ်ခြင်း
အခုခေတ် စကီတွေ သိပ်ကြိုက်တဲ့ ၆ပတ် အဲလေ 6 Pack
နဲ့ ဆွဲဆောင်တာကိုပြောတာပါ . ဘောင်းဘီအတိုနဲ့ အကျီ င်္မပါဘဲ 6 Pack ပေါ်အောင် ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်တာမျိုးတွေ ဘာတွေပါ . တစ်ကယ်တော့ ထက်မြက်ပြီး ယောက်ကျာ်းပီသတဲ့ ယောက်ကျာ်းဆိုတာ ဘီယာဗိုက်ရွှွှဲရွှဲလေးတွေနဲ့ပါ :3
ဒါကတော့ ယောက်ကျာ်းမာယာ အကုန်ပါပဲ . ကွကိုယ် ကြည့်ပြီးတော့သာ အဆင်ပြေသလို သုံးကြပါ :3

David Jame

No comments:

Post a Comment