CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, April 8, 2017
မိမိ၏သမီးအရင်းကိုပြန်လက်ထပ်ထားသည့်မိခင် ထောင်ဒဏ်ရင်ဆိုင်နေရ
အသက် ၄၃နှစ်အရွယ် Patricia Ann Spannဟာ အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်မှာနေထိုင်သူဖြစ်ပြီးအသက် ၂၅နှစ်အရွယ် သမီးဖြစ်သူ Misty Velvet Dawn Spannနဲ့ လွန်ခဲ့တဲ့ မတ်လထဲက လက်ထပ်ထားကြတာဖြစ်ပါတယ်။
မခင်ဖြစ်တဲ့ Pactricia ဟာ ၂၀၀၈တုန်းကလည်း သားဖြစ်သူကိုလက်ထပ်ဖူးသူဖြစ်ပါတယ်။
အိုကလာဟားမားပြည်နယ်ရဲ့ဥပဒေမှာတော့ မိသားစုဝင်အချင်းချင်းလက်ထပ်ရင် တရားရင်ဆိုင်ရ
မှာဖြစ်ပါတယ်။ Pactricia ဟာ စုံစမ်းစစ်ဆေးရေးဌာနကို သူမအနေနဲ့သူမရဲ့ကလေးတွေနဲ့
ငယ်ငယ်ထဲကကွဲသွားကြောင်း၊ သမီးဖြစ်သူနဲ့လွန်ခဲ့တဲ့ ၂နှစ်ကမှ ပြန်ဆုံတာဖြစ်
ကြောင်း၊ Misty Spannရဲ့ မွေးစာရင်းမှာ Patriciaရဲ့အမည်မပါတာကြောင့် သမီးဖြစ်သူကိုလက်ထပ်ရင် အဆင်ပြေမည်လို့ထင်ခဲ့မိကြောင်း ရှင်းပြခဲ့ပါတယ်။
ဒီအမှုဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ လတ်တလောမှာတော့ မိခင်ရော၊
သမီးရောကိုStephens Countyအချုပ်မှာ ထိန်းသိမ်းထားပါတယ်။ အိုကလာဟိုးမားပြည်နယ်မှာ
လိင်တူခြင်းလက်ထပ်မှုကိုတော့ ၂၀၁၄ထဲက ခွင့်ပြုထားပေမယ့် မိသားစုဝင်ခြင်းလက်ထပ်မှုကိုတော့ ခွင့်မပြုထားပါဘူး။
မောင်ရွှေရိုး (Shwemom)
Source: time, independent
http://www.shwemom.com/mother-who-married-son-faces-incest-charges-for-marrying-daughter-in-us/
မိမိ၏သမီးအရင်းကိုပြန်လက်ထပ်ထားသည့်မိခင် ထောင်ဒဏ်ရင်ဆိုင်နေရ
Reviewed by MP4 YoU
on
April 08, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment