CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, March 6, 2017
ၾကက္သြန္နီကို ေျခဖဝါးမွာကပ္ၿပီး အိပ္ၾကည့္ပါ
ၾကက္သြန္နီဟာ ျမန္မာတုိ႔ရဲ႕ မီးဖုိေခ်ာင္တုိင္းမွာ ႐ွိေနတဲ့အရာျဖစ္ၿပီး ဟင္းတုိင္းလိုလိုမွာ ထည့္သြင္းခ်က္ျပဳတ္ၾကပါတယ္။ အသုပ္ေတြမွာလည္း ထည့္သုပ္ၾကသလို ေၾကာ္၍လည္း စားၾကပါတယ္။ ၾကက္သြန္ဟာ စား႐ံုသာမက ေဆးဘက္ဝင္တဲ့အရာလည္း ျဖစ္တာေၾကာင့္ အိမ္သံုးေဆးဝါးအျဖစ္လည္း အသံုးျပဳလို႔ရပါေသးတယ္။ တ႐ုတ္႐ိုးရာေဆးနည္းမွာေတာ့ ၾကက္သြန္နီကို ေျခဖဝါးေအာက္မွာထားၿပီး အိပ္စက္ျခင္းဟာ ေကာင္းက်ိဳးမ်ားစြာ႐ွိတယ္လို႔ ဆိုပါတယ္။
ေျခဖဝါးဟာ ခႏၶာကိုယ္အတြက္မ႐ွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းေတြနဲ႔ ဆက္သြယ္ထားတဲ့ အာ႐ံုေၾကာေတြ စုဆံုရာအရပ္ျဖစ္ပါတယ္။ ေျခဖဝါးမွာ႐ွိတဲ့ အေၾကာေတြကို ေကာင္းမြန္ေအာင္ လံႈ႕ေဆာ္ေပးျခင္းျဖင့္ ခႏၶာကိုယ္က က်န္အစိတ္အပိုင္းေတြကို က်န္းမာေစတယ္လို႔ တ႐ုတ္ေဆးပညာမွာ ေဖာ္ျပထားပါတယ္။
ၾကက္သြန္နီက သဘာဝ ပဋိဇီဝေဆးျဖစ္ပါတယ္။ ေျခဖဝါးေအာက္မွာထားၿပီး အိပ္ရင္ ေျခဖဝါး၊ ေျခသည္းက အေရျပားမႈိစြဲတာေတြ ေပ်ာက္ပါတယ္။ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ၾကက္သြန္နီမွာပါတဲ့ ေဖာ့စ္ေဖာရစ္ (phosphoric)အက္ဆစ္က သံလုိက္လိုစုပ္ယူေပးသြားဦးမွာပါ။ ေရဓာတ္ ၉၀ ရာခိုင္ႏႈန္းနဲ႔ ဖြဲ႔စည္းထားတဲ့ၾကက္သြန္နီကို အေၾကာဆံုရာေနရာျဖစ္တဲ့ ေျခဖဝါးမွာကပ္ထားရင္ ခႏၶာကိုယ္က ေရဓာတ္လိုအပ္တဲ့ေနရာေတြဆီ ေထာက္ပံ့ေပးလိမ့္မယ္လို႔ တ႐ုတ္ေဆးပညာ႐ွင္ေတြက ယံုၾကည္ပါတယ္။
ၾကက္သြန္နီကို ခပ္ထူထူကြင္းတာျဖစ္ေစ၊ ထက္ဝက္ျခမ္းတာျဖစ္ေစ ေျခဖဝါးေအာက္၊ ေျခအိတ္ထဲထည့္ၿပီး အိပ္စက္ျခင္းဟာ ေသြးကိုသန္႔စင္ေစၿပီး အိပ္စက္မႈကို အေထာက္အကူျပဳေစတယ္လို႔လည္း ဆုိၾကပါတယ္။
Credit : Duwun
#Unicode Version
ကြက်သွန်နီဟာ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ ရှိနေတဲ့အရာဖြစ်ပြီး ဟင်းတိုင်းလိုလိုမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။ အသုပ်တွေမှာလည်း ထည့်သုပ်ကြသလို ကြော်၍လည်း စားကြပါတယ်။ ကြက်သွန်ဟာ စားရုံသာမက ဆေးဘက်ဝင်တဲ့အရာလည်း ဖြစ်တာကြောင့် အိမ်သုံးဆေးဝါးအဖြစ်လည်း အသုံးပြုလို့ရပါသေးတယ်။ တရုတ်ရိုးရာဆေးနည်းမှာတော့ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီး အိပ်စက်ခြင်းဟာ ကောင်းကျိုးများစွာရှိတယ်လို့ ဆိုပါတယ်။
ခြေဖဝါးဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ အာရုံကြောတွေ စုဆုံရာအရပ်ဖြစ်ပါတယ်။ ခြေဖဝါးမှာရှိတဲ့ အကြောတွေကို ကောင်းမွန်အောင် လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်က ကျန်အစိတ်အပိုင်းတွေကို ကျန်းမာစေတယ်လို့ တရုတ်ဆေးပညာမှာ ဖော်ပြထားပါတယ်။
ကြက်သွန်နီက သဘာဝ ပဋိဇီဝဆေးဖြစ်ပါတယ်။ ခြေဖဝါးအောက်မှာထားပြီး အိပ်ရင် ခြေဖဝါး၊ ခြေသည်းက အရေပြားမှိုစွဲတာတွေ ပျောက်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ကြက်သွန်နီမှာပါတဲ့ ဖော့စ်ဖောရစ် (phosphoric)အက်ဆစ်က သံလိုက်လိုစုပ်ယူပေးသွားဦးမှာပါ။ ရေဓာတ် ၉၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ကြက်သွန်နီကို အကြောဆုံရာနေရာဖြစ်တဲ့ ခြေဖဝါးမှာကပ်ထားရင် ခန္ဓာကိုယ်က ရေဓာတ်လိုအပ်တဲ့နေရာတွေဆီ ထောက်ပံ့ပေးလိမ့်မယ်လို့ တရုတ်ဆေးပညာရှင်တွေက ယုံကြည်ပါတယ်။
ကြက်သွန်နီကို ခပ်ထူထူကွင်းတာဖြစ်စေ၊ ထက်ဝက်ခြမ်းတာဖြစ်စေ ခြေဖဝါးအောက်၊ ခြေအိတ်ထဲထည့်ပြီး အိပ်စက်ခြင်းဟာ သွေးကိုသန့်စင်စေပြီး အိပ်စက်မှုကို အထောက်အကူပြုစေတယ်လို့လည်း ဆိုကြပါတယ်။
Credit : Duwun
ၾကက္သြန္နီကို ေျခဖဝါးမွာကပ္ၿပီး အိပ္ၾကည့္ပါ
Reviewed by MP4 YoU
on
March 06, 2017
Rating: 5
Reviewed by MP4 YoU
on
March 06, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment