CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 31, 2017
ဗန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ် လေးလွှာပေါ်မှ သြစတြေးလျနိုင်ငံသားတစ်ဦး ခုန်ချ၍ သေဆုံး
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ်၌ ယနေ့တွင် သြစတြေးလျနိုင်ငံသား တစ်ဦး လေဆိပ်လေးလွှာပေါ်မှ ခုန်ချခဲ့ရာ ရရှိသောဒဏ်ရာများဖြင့် သေဆုံး ခဲ့ရကြောင်း အေဘီစီသတင်းဌာန က ဖော်ပြခဲ့သည်။
သြစတြေးလျနှင့် အိုင်ယာလန် နိုင်ငံကူးလက်မှတ်နှစ်မျိုးစလုံး ကိုင် ဆောင်ထားသော အသက် ၃၂နှစ် အရွယ် အဆိုပါအမျိုးသားကို လေဆိပ်တာဝန်ရှိသူများက ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံ သို့ရောက်ပြီး နှစ်နာရီအကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
စီစီတီဗွီရုပ်သံမှတ်တမ်းများအရ ယင်းအမျိုးသားသည် လေဆိပ် သုံး လွှာမှ လေးလွှာပေါ်သို့ တစ်ယောက် တည်း တက်ရောက်ခဲ့ခြင်းဖြစ်ပြီး မည်သူ့ခြိမ်းခြောက်မှုမှမပါဘဲ ခုန်ချ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ် လေးလွှာမှ ခုန်ချခဲ့သည့် အမျိုးသား နှင့်ပတ်သက်၍ သက်ဆိုင်ရာသံရုံး များသို့ ထိုင်းရဲတပ်ဖွဲ့က အကြောင်း ကြားထားသည်။
ထိုင်းအစိုးရ လူဝင်မှုကြီးကြပ် ရေးဌာနမှတ်တမ်းမှတ်ရာများအရ ¤င်းသည် ထိုင်းနိုင်ငံသို့ မကြာခဏ လာရောက်လေ့ရှိသူ တစ်ဦးဖြစ်ပြီး အများအားဖြင့် အိုင်ယာလန်နိုင်ငံကူး လက်မှတ်ကို အသုံးပြုတတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။
ထို့ပြင် စီစီတီဗွီမှတ်တမ်းများအရ အလန်ပေါလ်ဂရင်းအမည်ရှိအဆိုပါအမျိုးသားသည် စက်လှေကားဖြင့် လေးလွှာအထိတက်၍ လေးလွှာသို့ ရောက်ရှိပြီး ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ဗန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ် လေးလွှာပေါ်မှ သြစတြေးလျနိုင်ငံသားတစ်ဦး ခုန်ချ၍ သေဆုံး
Reviewed by MP4 YoU
on
March 31, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment