Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 14, 2017

လှို့ဝှက်ချက်များ


လှို့ဝှက်ချက်များ
2012တုန်းက ဦးသိန်းစိန်ဟာ..ခင်ညွန့်ကို ဘာလို့ပြန်လွှတ်တာလဲ..
ဆိုတာကို အခုမှသဘောပေါက်သွားတယ်..
ခင်ညွန့်ကို အပေးအယူတစ်ခုနဲ့လွှတ်လိုက်တာ..
ခင်ညွန့် နဲ့ ဦးသိန်းစိန်ဘယ်လိုအပေးအယူရှိတယ်ဆိုတာဘယ်သူမှမသိဘူး...
ဘာတွေ ကတိပေးခဲ့ကြလဲ..ဘယ်သူမှမသိဘူး..
ခင်ညွန့် စကားကျွံသွားတာကတော့..ထောင်ကလွတ်လွတ်ချင်း...
အမျိုးသားနိုင်ငံရေးလုပ်မယ်ဆိုပြီး..အဓိပ္ပါယ် ပါပါပြောသွားတယ်..
ပြီးတော့..
မန္တလေးမှာ ၀ါစဉ်ရ သိက္ခာတော်ကြီးတဲ့ဆရာတော်ကြီးတွေ အများကြီးရှိပေမဲ့..
မိတ္တိလာအရေးအခင်းဖြစ်ခါနီးမှာ.. ခင်ညွန့်ဟာ ဦးဝီရသူဆီကိုမှထူးခြားစွာ..သွားတွေ့ခဲ့တယ်..
ပြီးတော့ ဘာသာရေးအရေးအခင်းတွေဆက်တိုက်ဖြစ်လာတယ်..
အောင်သောင်းက ရှေ့တန်းကနေကစားတယ်..ဒါဟာလဲ ငွေကြေးတောင့်တင်းမှုကြောင့်ဖြစ်သလို..
ခင်ညွန့်အဖွဲ့တွေက ရှေ့ကိုထိုးတင်ထားတာကြောင့်လဲဖြစ်တယ်..
တစ်ချိန်တည်းမှာ.. 969 ကိုသမ္မတရုံးနဲ့နီးစပ်တဲ့..အကောင့်တွေက စပြီး မီဒီယာမှာပွဲထုတ်တယ်..
969 ကိုစပြီးပွဲထုတ်တဲ့ ဆောင်းပါးကို..ဖေ့စ်ဘုတ်မှာဆောင်းပါးရေးတဲ့သူဟာ
ဆောင်းပါးထဲမှာ..ဦးဝီရသူကို..စပြီး ပွဲထုတ်ခဲ့တယ်..

969 ဇာတ်လမ်းတွေစပြီး...အတိုက်အခံပါတီကို..ချောက်ချတယ်..အရှိန်တွေရလာတယ်..
ဖြစ်ချင်တော့..ဦးရွှေမန်းက 969 ကို နှိမ်နင်းမယ်လို့အမေရိကန်မှာပြောတော့..
969 ဇာတ်လမ်းငြိမ်သွားတယ်..သိုဝှက်ပြီး လှုပ်ရှားတယ်...
ဒါပေမဲ့ သူတို့ဝါဒဖြန့်မှုကထိရောက်တယ်။စပွန်ဆာခရိုနီတစ်ချို့အကူအညီနဲ့..
နာမည်ရဆရာတော်ကြီးတွေနဲ့..ဘုန်းကြီးတွေပါဝင်တဲ့ မဘသအဖွဲ့ကိုဖွဲ့တယ်..

(2)
စစ်တပ်ဘက်ကိုဆက်သုံးသပ်ကြည့်မယ်..ထူးခြားတာက..
ခင်ညွန့် ပေါ်လာပြီးတော့..ရဲမိုး လှုပ်လာတာပဲ...အရမ်းသိသာတယ်..
စစ်သားတွေကို လော်ဘီလုပ်ရင်းနဲ့လှုပ်လာတာ...
စစ်သားတွေကို ရဲမိုးက ဆွဲခေါ်ပြီး..Online မှာ တစ်စင်ထောင်တယ်...
သူ့ တာဝန်က Online ကစစ်သားတွေကို..၀ါဒဖြန့်ပြီး ထိန်းဖို့.သီးသန့်ပဲ..
သူလဲအောင်မြင်တယ်...ဖွတ်တွေအများစုပါသွားတယ်..
စစ်ဗိုလ်အချို့ဟာ..ရဲမိုးနဲ့ ဖွတ်တစ်ချို့ရဲ့ ၀ါဒဖြန့်မှုကြောင့်..
..မြန်မာပြည်မှာ..စစ်တပ်မှမအုပ်ချုပ်ရင်..တိုင်းပြည်ပျက်နိုင်သလိုမျိုး
ဘ၀င်မြင့်ယုံမှာစိတ်တွေဖြစ်လာတယ်..
ရဲမိုးဟာ..ကာချုပ်ကို လှောင်ပြောင်လိုက်..ကကကြည်းကို လှောင်ပြောင်လိုက် လုပ်တာတွေကို
နလပိန်းတုံးစစ်ဗိုလ်တွေက သြဘာပေးကြတဲ့အထိအကြီးအကျယ်အောင်မြင်တယ်..
ပရိတ်သတ်များလာတယ်..
ပရိတ်သတ်မသိတာက..
ခင်ညွန့်ကို ရဲမိုး လုံးဝမထိရဲ၊မရေးရဲခဲ့တာ..စစ်တပ်ကို Role တင်ပေးသလိုလုပ်တာထက်..
လိုတာထက်ပိုပြီး ဆွဲတင်ပေးနေတဲ့ ရဲမိုးဟာ..ကြည်းတတ်က ဗိုလ်ချုပ်တွေအဆင့်လောက်အထိ
အသာလေးပေါက်ရောက်တယ်..
ဒါပေမဲ့ သူ့နောက်မှာလက်မဲကြီးရှိတာကို..ဖွတ်ဗိုလ်တွေကအစ...မသိကြဘူး..
အဲဒီလက်မဲကြီးကတော့ ခင်ညွန့်ပဲဖြစ်တယ်..
ထောက်လှမ်းရေးဟာ..ကကကြည်းကို အညှိုးထားသူဖြစ်တယ်..
ခင်ညွန့်နဲ့ ထောက်ပြုတ်အားလုံးရဲ့ ဘ၀ကို..ကကကြည်းက ဖျက်စီးလိုက်ခဲ့တဲ့အတွက်ဖြစ်တယ်..
အင်အားကြီးမားတဲ့ KNU နဲ့ DKBA ကိုခွဲထုတ်တဲ့ ခင်ညွန့်..
ဗကပ ကိုတစ်စစီခွဲထုတ်ခဲ့ဖူးတဲ့ ခင်ညွန့်.ဟာစစ်တပ်ကို ပူးသတ်ဖို့ ပဉ္စမံတပ်သားအဖြစ်..
ရဲမိုးနဲ့ ထောက်ပြုတ်အချို့ကို အသုံးချတယ်..
ရဲမိုးက စစ်တပ်ကို အဓိက လော်ဘီလုပ်တာက..စစ်တပ်လောက်အရေးကြီးတာ ဘ၀မှာမရှိဆိုတဲ့
ခံယူချက်အလွဲတွေကို ရိုက်သွင်းဖို့..စစ်တပ် ကို ပြည်သူက လုံးဝ အားကိုးရမယ် ဆိုတဲ့
စိတ်ဓာတ်အလွဲတွေကို ထည့်သွင်းဖို့အတွက်ပဲဖြစ်တယ်..
အနာဂတ်နိုင်ငံရေးမှာလဲ စစ်တပ်ကြီးက လုံးဝ...ထိန်းချုပ်ဖို့အတွေးအခေါ်မျိုးတွေဝင်အောင်
လုပ်နေတယ်..၊
တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုကိုရန်သူလို့မြင်လာအောင်လုပ်နေတယ်
ဒါဟာ စစ်တပ်ကို ပြည်သူနဲ့ပိုဝေးစေတယ်။
ဒါပေမဲ့ ပူးသတ်တို့ရဲ့ထုံးစံအတိုင်း..
အချွန်နဲ့မ အဆင်းဘီးတပ်အကွက်တွေတွေ့လာရတယ်..

(3)
ဘာသာရေးဖက်ဆက်သုံးသပ်ပါမယ်..
အရင် ထောက်လှမ်းရေး ခင်ညွန့်ရှိစဉ်ကတည်းကဆရာဒကာ စီမံချက်တွေနဲ့ ဘုန်းကြီးတွေကို..
အချင်းချင်း သပ်ရှိုပြီး ကျောင်းကအစ..ပစ္စည်းလေးပါးနဲ့
Without ကားအဆုံး ထောက်ပံ့ခဲ့တဲ့ အရှိန်ကိုယူပြီး..ထောက်ပြုတ်တွေဟာ ဘုန်းကြီးတွေဆီ
ဝင်ထွက်လို့အချိန်ယူစည်းရုံးကြတယ်..တစ်ချို့ကနောက်ကွယ်ကနေ ပံ့ပိုးတယ်...
စစ်တပ်ဗိုလ်ပြုတ်တွေကလဲ အတိုင်းအဖေါက်ညီညီပါလာတယ်
မဘသဖွဲ့ပြီးတဲ့နောက်မှာ..ဘုန်းကြီးလှုပ်ရှားမှုတွေ စိတ်လာပြီး..
ဗြောင်ကျကျ မဲဆွယ်တဲ့အထိဖြစ်လာတယ်..
ဒီအကွက်မျိုးတွေ သူ့အလိုလိုဖြစ်လာအောင်..Guide Line ကိုတော့
ခင်ညွန့်ကပေးနေပုံရတယ်..
အကွက်ကျကျလှုပ်ရှားတယ်...ဘုန်းကြီးတွေမှမကယ်ရင်...
အတိုက်အခံပါတီအာဏာရတာနဲ့..ထောက်ပြုတ်၊ ခရိုနီ ၊ အာဏာရှင် နဲ့..
ဆက်စပ်တဲ့သူတွေ လုံးဝ ခွေးဖြစ်ပြီ ဆိုတဲ့စိုးရိမ်မှုက သူတို့အလုပ်တွေကို တွန်းအားဖြစ်စေတယ်..
သမ္မတအကြံပေးဒေါက်တာနေဇင်လတ်က ဦးသိန်းစိန်ပေးတဲ့
အခွင့်အရေးတွေ စီးပွားရေးလုပ်ပိုင်ခွင့်တွေကိုမတန်တဆယူပြီး အမျိုးသားရေးပါတီထောင်တယ်..
ရဲမိုးနဲ့မောင်မောင်အောင်က လော်ဘီလုပ်လာတယ်..
တစ်ဘက်မှာလဲ ခွပ်ဒေါင်းနဲ့ပုံစံတူတံဆိပ်မျိုးစုံနဲ့
ဒလံတွေက ပါတီကွဲတွေထောင်ကြတယ်..
တိုင်းရင်းသားတွေ ရွာသားတွေမဲပေးရင်..ပုံမှားရိုက်ပြီးမဲယူမဲ့သဘော..
အဲဒီကနေမှတစ်ဆင့်...
မျိုးနှစ်တွေရဲ့ Facebook Secret Group တွေကိုမျိုးနှစ် တွေဘက်မှာတာဝန်ယူထား
ရတဲ့ထောက်ပြုတ်တွေ
ဖွတ်တွေကဆေးထိုးတယ်။စစ်ဗိုလ်တွေရဲ့ Secret Group တွေကို စစ်သားတွေဘက်မှာ
တာဝန်ယူထားရတဲ့ ထောက်ပြုတ်တွေနဲ့ဗိုလ်ပြုတ်တွေက ဆေးထိုးတယ်
အချိန်တွေယူပြီး..
အားလုံးတက်ညီလက်ညီ လုပ်ခဲ့ကြတယ်..
ဒါပေမဲ့ အနေအထားကတော့..
လုပ်ကိုင်တဲ့ Plan အများစုဟာ...ခင်ညွန့်တပည့်တွေရဲ့ သြဇာကလွှမ်းနေတဲ့သဘောကိုတွေ့ရတယ်..
အခုနောက်ဆုံးလုပ်လိုက်တဲ့..
မျိုးစောင့်ဥပဒေအောင်ပွဲမှာခင်ညွန့်တပည့်ထောက်ပြုတ်အချို့ဟာ..
သံဃာတော်တွေထဲကအရေးပါတဲ့နေရာတွေမှာရှိနေတယ်ဆိုတာ
ဓာတ်ပုံတွေကိုကြည့်ရင်တွေ့ရပါတယ်..
အမျိုးစောင့်အောင်ပွဲဆိုတာကိုလဲခရိုနီမီဒီယာကအစ Live လွှင့်ပေးတဲ့အပြင်..
ဒေသအာဏာပိုင်တွေနဲ့ စပွန်ဆာတွေကနောက်ကွယ်ကနေ အစအဆုံးပံ့ပိုးပေးခဲ့တယ်..
ရဲမိုးက စစ်တပ်ကို သီးသန့်ကိုယ်စားပြုပြနေတဲ့အချိန်မှာ..
တခြား ထောက်ပြုတ်အချို့ဟာမျိုးနှစ်ကိုရော စစ်တပ်ဘက်ကိုရော..
နှစ်ဘက်စလုံးလှည့်ဝင်တယ်..
Online မှာရော အပြင်မှာရော လိုက်လုံးတယ်..၊
ထူးခြားတာကတော့..
အရည်အချင်း ကွာလို့လားတော့မသိဘူး။ရဲမိုးအပါအ၀င် ထောက်ပြုတ်အချို့ဟာ..
စစ်ဗိုလ်အကောင့်တွေထဲမှာရော..မျိုးနှစ်အကောင့်တွေထဲမှာပါ...
လူကြိုက်များတဲ့အကောင့်တွေဖြစ်တယ်။
စစ်ထောက်လှမ်းရေးနဲ့ သာမန်စစ်ဗိုလ်တွေရဲ့ကွာခြားချက်ကို အဲဒီမှာတွေ့ရတယ်..
စစ်ဗိုလ်တွေနဲ့ မိသားစုတွေ ရန်ကုန်မှာလုပ်ခဲ့တဲ့..
သူရဲကောင်းစစ်သည်ဗိမာန်မှာအလေးပြုတဲ့အခန်းအနားကိုလေ့လာကြည့်ရင်..
ခင်ညွန့်တပည့် ထောက်ပြုတ် တစ်ယောက်က၆၀ ရာခိုင်နှုန်း စည်းရုံးသွားနိုင်တဲ့အနေအထားကို..
တွေ့ရမှာဖြစ်တယ်။
ဒါဟာ...တစ်ဘက်ကကြည့်ရင်ဟုတ်သလိုလို ရှိပေမဲ့..လွဲနေတယ်ဆိုတာကို..
သတိထားသူတိုင်း စဉ်းစားမိမှာဖြစ်တယ်။

(4)
သုံးသပ်ရရင်..
2004 ခုနှစ်တုန်းက ခင်ညွန့်ရဲ့အညှိုးဟာအခုထက်ထိ စစ်တပ်အပေါ်မှာ..
တရှိန်ရှိန် တောက်လောင်နေဆဲဖြစ်တယ်။
သူဟာ တစ်ချိန်မှာ..စစ်တပ်ကိုလဲပြည်သူနဲ့ရန်တိုက်ပြီး ခွဲထုတ်သွားနိုင်တယ်။
ပြည်တွင်းစစ်မီးကိုမွှေးသွားနိုင်ပါတယ်။

ဘာသာရေးကိုကြည့်ရင်လဲအရင်က...သာသနာရေးပိုင်းအထိ
အတွင်းကျကျကိုင်တွယ်ခဲ့ဖူးတဲ့ခင်ညွန့်နဲ့ထောက်ပြုတ်တွေဟာ
အတိုက်အခံကိုနိုင်ချင်ဇောနဲ့ သဘောထားမတူတဲ့သံဃာ့လောကကို ရှုပ်ထွေးအောင်လုပ်သွားနိုင်တယ်။
ဒီ့ထက်ရှင်းတာကတော့ခင်ညွန့် ဘာကြောင့် ထောင်ကလွတ်လာပါသလဲ?
ဦးသန်းရွှေအမိန့်မရပဲလဲဦးသိန်းစိန်ဟာ ဦးခင်ညွန့်ကို
မလွှတ်ရဲဘူး ဆိုတာသဘောပေါက်ရမယ်။
အဲဒီတော့...ဦးသန်းရွှေဟားခင်ညွန့်နဲ့ သူ့ ကွန်ယက်ကို
ထောင်ကလွှတ်ပြီးဘာတာဝန်ပေးခဲ့ပါသလဲ....??
သူ့ကိုအန္တရာယ်ပေးနိုင်လို့..
သူကိုယ်တိုင် ထောင်ထဲထည့်ထားတဲ့ထောက်လှမ်းရေးအဖွဲ့တွေကို...
ထောင်ကလွှတ်ပြီးဘာလုပ်ခိုင်းတာပါလဲ။
ဘယ်လိုအပေးအယူတွေရှိပါသလဲ။
အဖြေကတော့...တစ်ခုတည်းပါပဲ။
သူတို့တွေရဲ့အကျိုးစီးပွားထိခိုက်မှာစိုးလို့ကျွန်တော်တို့ ထောက်ခံတဲ့ပါတီကို..
ဖြိုဖို့အတွက်...
ပြီးတော့ တခြား လွဲချော်မှုတွေ ဖန်တီးဖို့အတွက်ဆိုတာကို..
အားလုံးသဘောပေါက်ကြဖို့ပါပဲ။
သူတို့ကို ကြည့်ပြီး ကင်ဆာ ရောဂါ ရဲ့
သဘောသဘာဝကို သွားသတိရမိပါရဲ့....
ခရက်ဒစ် ( Pa Yit)

No comments:

Post a Comment