Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 10, 2017

တပ်ချုပ်ဦးဆောင်လှူဒါန်းသော မဘသဥက္ကဋ္ဌဆရာတော်ကြီး၏ မဟာသာသနာ့ဗိမာန်တော် ပန္နက်တင်


တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ဦးဆောင်လှူဒါန်းသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဥက္ကဋ္ဌဆရာတော်ကြီး၏  မဟာသာသနာ့ဗိမာန်တော်ပန္နက်တင်အခမ်းအနားကို မတ်လ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးဘာသာ၊ သာသနာ စောင့် ရှောက်ရေးအဖွဲ့ (မဘသ) က ထုတ်ပြန်သည်။

မဘသဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်ကြီး၏ သာသနာ့ဗိမာန် တော် တည်ဆောက်ရန် လွန်ခဲ့ သော သုံးနှစ်ခန့်က မိန့်ကြားခဲ့ ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ရန်ကုန်မြို့တွင်သာသနာ့ဗိမာန်တော် တစ်လုံးတည်ဆောက်ရန် စီစဉ်ရှာဖွေနေစဉ် ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌဆရာတော် ချိတ်ဆက်မှုဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၀မ်းမြောက်ဝမ်းသာ  ယခုကဲ့သို့ ဦးဆောင် လှူဒါန်းခဲ့ကြောင်း မဘသ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

အင်းစိန်မြို့ လောကချမ်း သာ အဘယလာဘမုနိကျောက် တော်ကြီးစေတီတော် သာသနာ့ မြေတော်အတွင်း အင်းစိန်မြို့ နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် တော် တည်ဆောက်မည်ဖြစ်ပြီး မြေနေရာတွင် မဟာပန္နက်တော် မင်္ဂလာ အခမ်းအနားကို ရန်ကုန်တိုင်းသံဃနာယက ဥက္ကဋ္ဌ ဆရာတော်၏ စီမံမှုဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းက မတ်လ ၉ ရက်တွင် ဦးဆောင်ကာ စီစဉ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးနှင့် မဟန ဆရာတော်များ၊မဘသဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် မဘသဗဟို ဦးဆောင်ဆရာတော်များ၊ရန်ကုန် တိုင်း သံဃနာယကဥက္ကဋ္ဌဆရာ တော်နှင့် သံဃာတော်များ၊ အင်း စိန်မြို့နယ် သံဃနာယကဆရာ တော်များအပါအ၀င် ဂိုဏ်းပေါင်း စုံမှ သံဃာတော်များ၊ ကာကွယ် ရေးဝန်ကြီးဌာနအပါအ၀င် အလှူ ရှင်မိသားစုများ တက်ရောက်ခဲ့ ကြောင်း မဘသ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မဘသဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် မဘသ ဗဟို ဦးဆောင်ဆရာတော်များထံ ရန် ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်သားများက သြ၀ါဒ ခံယူခဲ့ကြောင်း မဘသဆရာတော် တစ်ပါးဖြစ်သည့် ဒေါက်တာ အရှင်သောပါက က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။

‘‘သာသနာ့ဗိမာန် တည် ဆောက်မည့် မြေနေရာများ မြေ သန့်မင်္ဂလာအန္တရာယ်ကင်းပရိတ် တော်များ စီစဉ်ပေးမှု၊ သံဃာ တော်အပါး ၂၇၀ တို့ဖြင့် စနစ် တကျ စီမံပေးတော်မူခဲ့တဲ့ မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ကြီးသည် အင်မတန်ကျေးဇူးများ တော်မူသည့်အတွက် သံဃာ တော်များအပေါ်မှာ လိုအပ်သည် များနှင့် အမြင်မတော်မှုများ ပြုမိ ပါက အပြစ်မဖြစ်စေရန် သည်းခံ ခွင့်ပေးပါရန် တပ်မတော်သား များ၏ တောင်းပန်ကန်တော့မှုကို ခံယူပြီး အင်းစိန်ဆရာတော်ကြီး ကသြ၀ါဒမိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်’’ဟုဖော်ပြထားသည်။

ဆက်လက်၍ ‘‘တိုင်းပြည်၊ လူမျိုး၊ ဘာသာ သာသနာအကျိုး ကို အထူးသယ်ပိုးကြဖို့ လို ကြောင်း၊ အခြားသူများ၊ အခြားဘာသာတွေကို ဆောင်ရွက်နေကြသလို မိမိတို့တစ်တွေလည်း ကိုယ့်ဘာသာ တိုးတက်ရေးကို ဆောင်ရွက်ဖို့လိုကြောင်း၊ အ ကြမ်းဖက် အစွန်းရောက်များ၏ အန္တရာယ်တွေကို ကာကွယ်စောင့် ရှောက်ကြဖို့လိုကြောင်း၊ ထိုင်း နိုင်ငံ၏ ဗုဒ္ဓဘာသာအခြေအနေ ကို မီးမောင်းထိုးပြကာ ဆောင် ရွက်ကြရန် မဘသဥက္ကဋ္ဌ ဆရာ တော်ကြီးက မိန့်ကြားခဲ့ကြောင်း’’ လည်းဖော်ပြထားသည်။

ထို့အပြင် ‘‘မဘသဥက္ကဋ္ဌ အင်းစိန်ဆရာတော်ကြီးကသြ၀ါဒ ပေးရင်းဖြင့် သာသနာ့ဗိမာန်တော် ရဲ့ အမည်ကို မဟနဆရာတော် ကြီးများ၏ အမည်ပေးမှုလိုလား၍ အမည်ပေးတော်မူရန် လျှောက် ထားမှုကို မဟနဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးက ချက်ချင်းပင် မူလရှိရင်းစွဲ ‘မဟာသာသနာ့ ဗိမာန်တော်’ ၏ ရှေ့၌ ‘သီရိမင်္ဂ လာ’ဟု တစ်လုံးတိုးကာ ‘သီရိမင်္ဂ လာ မဟာသာသနာ့ဗိမာန်တော် ကြီး’ ဟု အမည်ပေးခဲ့သည်။ အားလုံးကလည်း ၀မ်းပန်းတသာ သာဓုခေါ်ခဲ့ကြသလို မိမိတို့အနေ ဖြင့်လည်း မဟနနှင့် မဘသတို့ သာသနာ့ထိပ်ခေါင်တင် ခေါင်း ဆောင် ဆရာတော်ကြီးနှစ်ပါးတို့ ရဲ့ သာသနာတော်အတွက် တက် ညီလက်ညီ ဆောင်ရွက်တော်မူ  သွားပုံကို ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါ တယ်’’ဟု ဖော်ပြထားသည်။

‘‘ယနေ့အခမ်းအနားကြီးက တော့ အနာဂတ်သာသနာတော် အတွက် မဟန၊ မဘသဆရာ တော်များ၊ တပ်မတော်သားများ၊ ပြည်သူများ ဟန်ချက်ညီညီ ချီ တက်ကာ  ပုံဖော်နိုင်ခဲ့ပုံတွေကို မြင်တွေ့ခဲ့ရသည့်အတွက် မိမိအ နေဖြင့် ၀မ်းမြောက်ဂုဏ်ယူမဆုံး ဖြစ်မိပါကြောင်း ...’’ ဟု ဒေါက်တာ သောပါက၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

ဗိမာန်တော်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် များ မေးမြန်းရန် မဘသ ဗဟို ရုံးခန်းတည်ရှိရာ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်သို့ 7Day Daily သတင်းစာက မတ်လ ၉ ရက် ညနေက သွားရောက်ခဲ့ရာ တာဝန်ရှိ ဆရာတော်ကြီးများ အနားယူနေသဖြင့် တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပေ။

ဆရာတော် ဒေါက်တာ အရှင်သောပါကထံ မတ်လ ၉ ရက် ညက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက် သွယ်မရခဲ့ပေ။
http://www.7daydaily.com/story/91263

No comments:

Post a Comment