Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 8, 2017

တစ်ပတ်မှာ လေးရက်သာ အလုပ်လုပ်သင့်ကြောင်း ပညာရှင်တွေ ပြောကြား

တစ်ပတ်မှာ လေးရက်သာ အလုပ်လုပ်သင့်ကြောင်း ပညာရှင်တွေ ပြောကြား

အလုပ်များများလုပ်ရင် လုပ်ငန်းတာဝန်တွေ ပိုပြီးမြောက်တယ်လို့ ထင်မိပါလိမ့်မယ်။ ဒါပေမယ့် ဒီအချက်ဟာ လူအများ လက်ခံထားတဲ့ အတွေးမှား တစ်ခုသာဖြစ်ကြောင်း ပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။

ယနေ့ခေတ် လူအများစုဟာ တစ်ပတ်ကို အလုပ်ချိန် နာရီ ၅၀ ကနေ နာရီ ၇၀ ထိ အလုပ်လုပ်ကိုင်ကြပါတယ်။ အလုပ်စားပွဲကို ကိုယ့်အိမ်လို သဘောထားပြီး အလုပ်ကြိုးစားကြပါတယ်။

ဒါပေမယ့် လူတွေဟာ တစ်ရက်ကို အများဆုံး ၅ နာရီခန့်သာ အကျိုးဖြစ်ထွန်းအောင် အလုပ်လုပ်နိုင်ကြတယ်လို့ စိတ်ပညာရှင် K. Anders Ericsson က ပြောဆိုထားပါတယ်။ စွမ်းဆောင်ရည် အမြင့်ဆုံးထိရောက်ပြီးသွားရင် လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေဟာ ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။

"မန်နေဂျာတစ်ယောက်က ဝန်ထမ်းတွေ အာရုံစိုက်လုပ်ဆောင်နိုင်တာထက်ပိုပြီး ဖိအားပေး ခိုင်းစေနေရင် ဝန်ထမ်းတွေအနေနဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို တတ်မြောက်သွားနိုင်ပါတယ်။ မကောင်းတဲ့ အလေ့အကျင့်တွေဟာ သူတို့ရဲ့ ပင်ကိုယ် အလုပ်လုပ်နိုင်စွမ်းကိုပါ ထိခိုက်လာနိုင်တယ်။ " လို့ စိတ်ပညာရှင် K. Anders Ericsson က ပြောဆိုခဲ့ပါတယ်။


No comments:

Post a Comment