Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 22, 2017

မြို့တော်ခန်းမပုံရိပ်ကျဆင်းစေ၍ One Stop Serviceအဆောက်အအုံကို ပြန်လည်ဖြိုဖျက်ပြီ


ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ႐ုံးစိုက္ ရာ ေရွးေဟာင္းၿမိဳ႕ေတာ္ခန္းမအေဆာက္အအုံအတြင္း ျမက္ ခင္းျပင္တြင္ ေျမယာလုပ္ငန္းမ်ား၊ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းမ်ားကို ေဆာင္ရြက္သည့္ One Stop Service စနစ္လုပ္ေဆာင္ေနေသာအေဆာက္အအုံကို ေဖေဖာ္ဝါရီ ၁၈ ရက္က စတင္ကာ ျပန္လည္ၿဖိဳဖ်က္ေနၿပီ ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ ၂၀ ရက္က သိရသည္။

    ယင္းမွာ ေရွးေဟာင္းအေဆာက္အ အုံမ်ား၏ အဂၤါရပ္ ႏွင့္ညီညြတ္ေစရန္ႏွင့္ အထူးဧည့္သည္ေတာ္မ်ား၊ နိုင္ငံတ ကာသံတမန္မ်ားအား ညေနစာတည္ခင္းျခင္းကဲ့သို႔ ဧည့္ခံပြဲ မ်ားျပဳလုပ္လၽွင္ ျမက္ခင္းျပင္၌ အပန္းေျဖက်င္းပလိုလၽွင္ လည္း အဆင္ေျပေစရန္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။ ''ျမက္ခင္းမထားဘဲ အေဆာက္အ အုံေဆာက္လိုက္လို႔ ၿမိဳ႕ေတာ္ခန္းမရဲ့ပုံရိပ္ကို က်ဆင္းေစတယ္တဲ့၊၊ သၾကၤန္အစည္းအေဝးမွာ ဝန္ႀကီးခ်ဳပ္ကေျပာတယ္။

ၿမိဳ႕ေတာ္ခန္းမရဲ့ သံတမန္ေတြ ဘာေတြလာရင္လည္း အေပၚထပ္ခန္းမႀကီးမွာ ဧည့္ခံေကၽြးေမြးမယ့္အစား ျမက္ခင္းျပင္မွာ လုပ္ရင္ပိုေကာင္းတယ္တဲ့''ဟု YCDC ၏ အရာထမ္းတစ္ဦးက ေျပာသည္။ ယခုအခါ ေျမယာကိစၥမ်ားကို ၿမိဳ႕ ေတာ္ခန္းမေအာက္ထပ္ရွိ ခန္းမတြင္ ျပဳလုပ္ေပးေန ၿပီး အေဆာက္အအုံကိစၥရပ္ မ်ားကိုမူ စည္ပင္သာယာေရးဘဏ္အေပၚ ထပ္ရွိအခန္းမ်ားတြင္ လုပ္ငန္းမ်ားကို One Stop Service ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ အစိုးရလက္ထက္ စည္ပင္သာယာေရးဝန္ႀကီး၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးလွျမင့္ သက္တမ္းတြင္ ၿမိဳ႕ေတာ္ခန္းမအေဆာက္အအုံ၏ေဆးေရာင္ကို ယခင္ကတည္းကရွိေနခဲ့ေသာ အဝါေရာင္မွ ေဗဒါႏုေရာင္သို႔ ေျပာင္းလဲ လုပ္ေဆာင္ျခင္း၊ ျမက္ခင္းျပင္ေနရာတြင္ အမ်ားျပည္သူအတြက္ ဝန္ေဆာင္မွုလြယ္ကူေခ်ာ ေမြ႕ေစလိုသည္ဟူေသာ ရည္ရြယ္ခ်က္ျဖင့္ One Stop Service အေဆာက္အအုံကို တည္ေဆာက္ျခင္းစသည္တို႔ကို ေဆာင္ရြက္ခဲ့သည္။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီႏွင့္ စည္ပင္သာယာေရး ဝန္ႀကီးဌာနသို႔ ေန႔စဥ္လာေရာက္ေသာ အမ်ားျပည္သူအေရအတြက္မွာ ေထာင္ဂဏန္းနီးပါးရွိေနၿပီး ယင္းတို႔အေနျဖင့္ လုပ္ငန္းေဆာင္ရြက္ရန္ လာေရာက္မွု အမ်ားဆုံးဌာနမွာ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲမွုဌာနျဖစ္ေၾကာင္း သိရသည္။

    ေမငယ္(သတင္း-ဓာတ္ပုံ)
http://pyimyanmarnews.com/index.php/news/2566-one-stop-service
..............................................................

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးစိုက် ရာ ရှေးဟောင်းမြို့တော်ခန်းမအဆောက်အအုံအတွင်း မြက် ခင်းပြင်တွင် မြေယာလုပ်ငန်းများ၊ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သည့် One Stop Service စနစ်လုပ်ဆောင်နေသောအဆောက်အအုံကို ဖေဖော်ဝါရီ ၁၈ ရက်က စတင်ကာ ပြန်လည်ဖြိုဖျက်နေပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က သိရသည်။

    ယင်းမှာ ရှေးဟောင်းအဆောက်အ အုံများ၏ အင်္ဂါရပ် နှင့်ညီညွတ်စေရန်နှင့် အထူးဧည့်သည်တော်များ၊ နိုင်ငံတ ကာသံတမန်များအား ညနေစာတည်ခင်းခြင်းကဲ့သို့ ဧည့်ခံပွဲ များပြုလုပ်လျှင် မြက်ခင်းပြင်၌ အပန်းဖြေကျင်းပလိုလျှင် လည်း အဆင်ပြေစေရန်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ''မြက်ခင်းမထားဘဲ အဆောက်အ အုံဆောက်လိုက်လို့ မြို့တော်ခန်းမရဲ့ပုံရိပ်ကို ကျဆင်းစေတယ်တဲ့၊၊ သင်္ကြန်အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောတယ်။

မြို့တော်ခန်းမရဲ့ သံတမန်တွေ ဘာတွေလာရင်လည်း အပေါ်ထပ်ခန်းမကြီးမှာ ဧည့်ခံကျွေးမွေးမယ့်အစား မြက်ခင်းပြင်မှာ လုပ်ရင်ပိုကောင်းတယ်တဲ့''ဟု YCDC ၏ အရာထမ်းတစ်ဦးက ပြောသည်။ ယခုအခါ မြေယာကိစ္စများကို မြို့ တော်ခန်းမအောက်ထပ်ရှိ ခန်းမတွင် ပြုလုပ်ပေးနေ ပြီး အဆောက်အအုံကိစ္စရပ် များကိုမူ စည်ပင်သာယာရေးဘဏ်အပေါ် ထပ်ရှိအခန်းများတွင် လုပ်ငန်းများကို One Stop Service ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ပြီးခဲ့သည့် အစိုးရလက်ထက် စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် သက်တမ်းတွင် မြို့တော်ခန်းမအဆောက်အအုံ၏ဆေးရောင်ကို ယခင်ကတည်းကရှိနေခဲ့သော အဝါရောင်မှ ဗေဒါနုရောင်သို့ ပြောင်းလဲ လုပ်ဆောင်ခြင်း၊ မြက်ခင်းပြင်နေရာတွင် အများပြည်သူအတွက် ဝန်ဆောင်မှုလွယ်ကူချော မွေ့စေလိုသည်ဟူသော ရည်ရွယ်ချက်ဖြင့် One Stop Service အဆောက်အအုံကို တည်ဆောက်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနသို့ နေ့စဉ်လာရောက်သော အများပြည်သူအရေအတွက်မှာ ထောင်ဂဏန်းနီးပါးရှိနေပြီး ယင်းတို့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် လာရောက်မှု အများဆုံးဌာနမှာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနဖြစ်ကြောင်း သိရသည်။

    မေငယ်(သတင်း-ဓာတ်ပုံ)
http://pyimyanmarnews.com/index.php/news/2566-one-stop-service

No comments:

Post a Comment