Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 17, 2017

Google မှာ အလုပ်တောင်းခဲ့တဲ့ ၇ နှစ်သမီးကလေးကို Google CEO မှ တခုတ်တရ စာပြန်ပေး




 အင်္ဂလန်နိုင်ငံ ဟီးရာဖို့ ဒ်မှာ နေထိုင်တဲ့ အသက် ၇ နှစ်အရွယ် ခလိုဝီဘရစ်ခ်ျဝါးတားကို အရုပ်မလေးတွေနဲ့ ပဲ ကစားဖို့ စိတ်အားသန်မယ့် ကလေးပေါက်စလေးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ဒီကလေးမလေးဟာ Microsoft ထုတ် Kindle Fire တက်ဘလက်နဲ့ စက်ရုပ်ကလေးများကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သူ ဖြစ်ပါတယ်။ သူမဟာ Google မှာ အလုပ်လုပ်တဲ့ ပညာရှင်ဝန်ထမ်းများကို အားကျသူဖြစ်လို့ သူမရဲ့ ကွန်ပျူတာကျွမ်းကျင်မှုနဲ့ Google ရဲ့ လုပ်ငန်းခွင်စိတ်ဝင်စားမှုကို ဖော်ပြတဲ့ စာတစ်စောင်ကို ရေးသားပြီး Google ကို အလုပ်လျှောက်ထားလိုက်ပါတယ်။


စာထဲမှာ သူမကိုယ်သူမ မိတ်ဆက်ထားပြီး Google မှာ အလုပ်ရချင်ကြောင်း ၊ သူမဟာ အင်္ဂါနဲ့  စနေနေ့ များမှာ ရေကူးတတ်သူဖြစ်ပြီး ချောကလက်စက်ရုံမှာ အလုပ်လုပ်ချင်ကြောင်း၊ ကွန်ပျူတာသုံးရတာ နှစ်သက်ပြီး စက်ရုပ်ဂိမ်းဆော့ဖို့ တက်ဘလက်လေးတစ်လုံးကိုလည်း သူမအဖေက ဝယ်ပေးထားကြောင်း ၊ Google မှာ ဆုံလည်ကုလားထိုင်များနဲ့ ထိုင်ပြီး အလုပ်လုပ်ချင်ကြောင်း ၊ ကျောင်းမှာဆိုလည်း စာတော်ကြောင်း ၊ ကျောင်းက ဆရာမများနဲ့ သူမရဲ့ မိဘတွေကလည်း သူမသာ ဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် Google မှာ အလုပ်ရနိုင်တယ်လို့ ပြောပြကြောင်း ၊ ၅ နှစ်သမီးပဲ ရှိသေးတဲ့ သူမရဲ့ ညီမ ဟိုးလီကလည်း ထက်မြက်တဲ့ ကောင်မလေးဖြစ်ပေမယ့် ကစားခုန်စား မင်သူဖြစ်ကြောင်း ၊ သူမရဲ့ အဖေကလည်း Google မှာ အလုပ်လျှောက်ဖို့ လျှောက်လွှာပို့ သင့်ကြောင်း တိုက်တွန်းကြောင်း နဲ့ ဒီစာဟာ သူမရဲ့ ပထမဆုံးပေးစာတစ်ခုဖြစ်ပြီး ယခုစာဖတ်ပေးလို့ ကျေးဇူးတင်ကြောင်းပါ ပြောထားတဲ့အပြင် အောက်ဆုံးနားမှာ ချလိုးဘရစ်ခ်ျဝါးတား အသက် ၇ နှစ်လို့ ပါ ရေးထားပါသေးတယ်။သူမရဲ့ ပေးစာကို သူမရဲ့ ဖခင်ဖြစ်သူ အန်ဒီဘရစ်ခ်ျဝါးတားမှ ပြန်လည် sharing လုပ်ပေးထားပါတယ်။
Google ရဲ့ CEO ဖြစ်တဲ့ ဆွန်ဒါပီချိုင်းဟာ သူမရဲ့ ပေးစာကို အသေအချာဖတ်ပြီး သူမရဲ့ အိပ်မက်တွေနောက် တစိုက်မတ်မတ်လိုက်နေဖို့ တိုက်တွန်းအားပေးတဲ့ စာတစ်စောင် ပြန်ပို့ ပေးလိုက်ပါတယ်။ သူ့ ရဲ့ စာထဲမှာ "သမီးအနေနဲ့ ကျောင်းပြီးလို့ အလုပ်လျှောက်လာမယ့် အချိန်ကို ဦးအနေနဲ့ မျှော်နေတယ်နော်" လို့ လည်း ထည့်သွင်းရေးထားပါတယ်။ဒီစာကိုလည်း LinkedIn အလုပ်လျှောက်ထားခြင်း ပို့ စ်တစ်ခုမှာ အန်ဒီက ပြန် share ထားပါတယ်။

ခလိုဝီဟာ သူမရဲ့ ဖခင်ဖြစ်သူ အန်ဒီကို သူ့ ရဲ့ စံပြုစံထားရတဲ့ လုပ်ငန်းခွင်အကြောင်း မေးတာကြောင့် အန်ဒီအနေနဲ့ သူစံထားတဲ့ လုပ်ငန်းခွင်ဟာ Google ဖြစ်ကြောင်း ပြောပြရာကနေ သူမရဲ့ စိတ်ဝင်စားမှုဟာ Google ဖြစ်လာပါတယ်။ အန်ဒီဟာ လောလောဆယ်မှာ ရေခဲသေတ္တာအစိတ်အပိုင်းများ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ အရောင်းပိုင်းမှာ အလုပ်ဝင်နေသူ ဖြစ်ပါတယ်။ သူ့ ရဲ့ သမီးငယ် ခလိုဝီဟာ ဆီလီကွန်တောင်ကြားက ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးများမှာ အလုပ်ဝင်ဖို့ တီဗွီနှင့် မီဒီယာများကနေ တစ်ဆင့် နည်းလမ်းရှာချင်နေတာကိုတော့ သူ့ အနေနဲ့ တားမြစ်ပိတ်ပင်ထားပြီး သမီးရဲ့ ပညာရေးနဲ့ နည်းပညာစွမ်းရည်များကို တိုးတက်ဖို့ အာရုံစိုက်သွားဖို့ ထိန်းကျောင်းပေးနေပါတယ်။


ကလေးတွေအတွက် အနာဂါတ်ဟာ ပဉ္စလက်ဆန်ဆန် ဆန်းပြားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကလေးတို့ ရဲ့ ဖြူစင်တဲ့ စိတ်အခြေအနေကို လူကြီးတွေအနေနဲ့  အပြည့်အဝနားလည်ပေးဖို့ မလွယ်ပါဘူး။ တစ်ချို့ ကလေးတွေက အာကာသယာဉ်မှူးဖြစ်ချင်တယ်။ ထူးထူးဆန်းဆန်း တစ်ချို့ ကတော့ မီးသတ်သမား ၊ စားတော်ကဲ တွေ ဖြစ်ချင်ကြပေမယ့် ဒီကလေးမလေးကတော့ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးမှာ အလုပ်ဝင်ချင်သူရယ်ပါ။ ဒီလို ကလေးငယ်ကို မတန်မရာ ကြီးကြီးကျယ်ကျယ် လျှောက်တွေးသူရယ်လို့ မစဉ်းစားကြဘဲ မိဘပတ်ဝန်းကျင်အသိုင်းအဝိုင်းအပြင် အလုပ်ရှင်များကပါ ဖေးမလမ်းညွှန်ကြတာဟာ လေးစားလောက်တဲ့ အပြုအမူကောင်းတစ်ရပ်ဖြစ်ပါတယ်။
Source: Business Insider
Duwun

No comments:

Post a Comment