Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 17, 2017

ဦးကိုနီ လုပ်ကြံခံရသည့်ဓာတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့မှု စီအိုင်ဒီ စစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်လေဆိပ်တွင် ရှေ့နေ ဦးကိုနီအား အနီးကပ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံနေသည့်ဓာတ်ပုံ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့မှုမှ ဓာတ်ပုံဖော်ပြခဲ့သူကို သိရှိရန် စီအိုင်ဒီက စုံစမ်း စစ်ဆေးနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

“ဒီဓာတ်ပုံကို သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ရိုက်ခဲ့တာ၊ သူက လူကြီးလမ်းကြောင်း မှတ်တမ်းတင်ဖုန်းနဲ့ ဗီဒီယိုရိုက်နေချိန်မှာ ကြည်လင်းက ဦးကိုနီကို သေနတ်နဲ့ပစ်သွားတဲ့ပုံ ရလိုက်တယ်၊ သူကနေတစ်ဆင့် Viber နဲ့ ဒီ Movie ကို ရှစ်ယောက်ဆီ ပေးပို့ခဲ့တယ်၊ အဲဒီကနေတစ်ဆင့် နောက်ထပ် ၁၆ ယောက်ဆီ ထပ်ပျံ့သွားပြီး လိုင်းပေါ် ဓာတ်ပုံရောက်သွားတာ၊ သတင်းလုံခြုံမှု မရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ် အရေးယူဖို့ စီအိုင်ဒီက စုံစမ်း စစ်ဆေးနေတယ်”ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မှတ်တမ်းတင် ဓာတ်ပုံရိုက်နေသည့် သတင်းရဲတပ်ဖွဲ့ဝင်မှာ ယင်းနေ့က ရှေ့နေဦးကိုနီ လေဆိပ်မှ ထွက်လာစဉ် လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းယူနေစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူအုပ်နှင့်အတူ သေနတ်သမား ကြည်လင်းကို လိုက်ဖမ်းဆီးရာတွင် ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“အခင်းဖြစ်ညက ဒီဓာတ်ပုံ လိုင်းပေါ် တက်လာတော့ လုပ်ကြံတဲ့အဖွဲ့က မှတ်တမ်းဓာတ်ပုံ ရိုက်ယူခဲ့တာလို့ ယူဆမိလိုက်တယ်၊ CCTV မှတ်တမ်းတွေ ပြန်ကြည့်တော့ ဓာတ်ပုံရိုက်နေသူက သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေတယ်၊ သူက လူကြီးလမ်းကြောင်းကို ဖုန်းနဲ့ ဗီဒီယိုမှတ်တမ်း တင်နေတာ၊ ဒီဗီဒီယိုဖိုင်ထဲကနေ ဦးကိုနီ သေနတ်နဲ့ ပစ်ခံရပုံကို Cutting လုပ်ပြီး တစ်စုံတစ်ယောက်က လိုင်းပေါ်တင်ခဲ့တာလို့ စစ်ဆေးသိရတယ်”ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါဓာတ်ပုံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ရှေ့နေဦးကိုနီအား လုပ်ကြံခဲ့သည့် သေနတ်သမား၏ ကြည်လင်း၏ ထွက်ဆိုချက်များ လူမှုကွန်ရက်ပေါ် ထပ်မံ ပျံ့နှံ့ခဲ့ပြီး လျှို့ဝှက်သတင်း ပေါက်ကြားမှုနှင့်ပတ်သက်၍ တပ်ဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
The Voice

  • ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေပေးခိုင်းစေသူဒုဗိုလ်မှူးကြီး(ငြိမ်း) အောင်ဝင်းခိုင် 


No comments:

Post a Comment