Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 21, 2017

တကယ်တော့ အရက်သောက်တယ်ဆိုတာ မလွယ်ပါဘူး။


အရက်သောက်ရင် လူဆိုးဆိုပြီးမိန်းမတွေ အများစုက သတ်မှတ်ကြပါတယ်။

တကယ်တော့ အရက်သောက်တယ်ဆိုတာ မလွယ်ပါဘူး။
ဘာလို့လဲဆိုတဲ့အကြောင်းပြောပြပါမယ်။

-ပိုက်ဆံရှာရခြင်း။
ပိုက်ဆံမရှိဘဲအရက်သောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အပေါင်းအသင်းကောင်းတယ်ဆိုရင်တောင် ၃ခါ၎ခါလောက်ထက်ပိုရင် ၂ယောက်လုံးအတွက် မကောင်းနိုင်ဘူး။ အဲဒီတော့ ပထမဆုံး ပိုက်ဆံရှိဖို့လိုပါတယ်။

-မိတ်ဆွေရှာခြင်း။
အရက်သောက်တာ တစ်ယောက်တည်း သောက်မယ်ဆိုရင် အဆင်မပြေပါဘူး။ စကားပြောဖော်ရှိဖို့လိုသလို နဲနဲများမယ်ဆိုရင် ငြင်းခုန်လို့ကောင်းမယ့် အဖော်မျိုး။ စသဖြင့်လိုအပ်ပါသေးတယ်။ ရင်ဘတ်ခြင်းမတူတဲ့သူတွေဆို အရက်ဝိုင်းမှာ သိပ်မခေါ်တတ်ကြပါဘူး။

-နေရာရှာခြင်း။
နေရာဆိုတာ အကြောင်းအရာပေါ်မူတည်ပြီး ကွဲပြားပါသေးတယ်။ နေ့ဘက်သောက်မယ်ဆို တနေရာ ညဘက်သောက်မယ်ဆိုတနေရာ။ သောက်မယ့်သူက လုပ်ငန်းအရ သောက်မှာလား သူငယ်ချင်းနဲ့သောက်မှာလား။ ငယ်သူငယ်ချင်းနဲ့သောက်မှာလား စသဖြင့်စဉ်းစားရပါတယ်။ ဆူညံတာ တိတ်ဆိပ်တာ စသဖြင့်သောက်မယ့်သူတွေအပေါ်မူတည်ပြီးရွေးရပါတယ်။

-သောက်မည့်ပုလင်းနှင့်အမြည်း။
ကြိုက်တဲ့အရက်သောက်ပြိး ကြိုက်တဲ့အမြည်းစားတာက အရက်အရသာကို လျော့စေပါတယ်။ ဥပမာပြောရရင် ၀ီစကီဆို အသီးအနှံ။ ဘိယာဆို အသားစသဖြင့် အရက်နဲ့လိုက်မယ့်အမြည်းကို စဉ်းစားရတာလွယ်လှတာတော့မဟုတ်ပါဘူး။ ၀ိုင်းထဲမှာ ဟိုအသားရှောင် ဒီအသားရှောင်တဲ့သူတွေပါရင် ပိုပြိးစဉ်းစားပါသေးတယ်။

-ခံယူချက်။
အရက်သောက်ပြီး အိမ်ပြန်တာ ရန်လိုစိတ်မရှိတာတွေလည်း လိုအပ်ပါသေးတယ်။ အဲ့လိုလုပ်တာက အရက်သောက်ခြင်းကို အဆင်ပြေပါတယ်။ တွေ့တဲ့နေရာအိပ်တာတို့ မူးပြီးဆဲဆိုတာတို့ မဖြစ်အောင်လည်း သတိထားရပါသေးတယ်။

-အကြောင်းအရာ။
အရက်သောက်ဖို့အတွက် အကြောင်းပြချက်ကောင်းလိုပါတယ်။ သူငယ်ချင်းတွေမတွေ့တာကြာလို့။ အဖော်စုံလို့။ ပိုက်ဆံရထားလို့ စသဖြင့် အကြောင်းရှာရပါတယ်။ ဘာအကြောင်းမှမရှိဘဲ သောက်ရင် သောက်ရတာ အဓိပ္ပာယ်မဲ့နေတတ်ပါတယ်။

-ဗဟုသုတရှာမှီးခြင်း။
အရက်ဝိုင်းမှာဆို အထူးသဖြင့် debate လုပ်တတ်ကြပါတယ်။ အဲ့အချိန်မှာ စကားဝိုင်းထဲဝင်ပါဖို့လိုပါတယ်။ ပါဖို့အတွက် စာမဖတ်ထားရင်မရနိုင်ပါဘူး။ ပြောတဲ့နေရာမှာလည်း အချက်အလက်နဲ့ပြောနိုင်ရပါမယ်။ အဲ့ဒီအတွက် လေ့လာဖြစ်ပါတယ်။ တချို့အတွေးအခေါ်နဲ့ အယူအဆတွေ မသိသေးတာတောကိုလည်း အရက်ဝိုင်းကနေ ရနိုင်ပါသေးတယ်။

နောက်ထပ်ကျန်ပါသေးတယ်။ ဒီလောက်ပြောပြယုံနဲ့ အရက်သောက်တယ်ဆိုတာ မလွယ်ဖူးဆိုတာ သိပြီထင်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ မူးလာရင် ယောကျာ်းလေးအများစုဟာ ကူညိရိုင်းပင်းလိုစိတ်အင်မတန်ဖြစ်လာပြီး ကြင်နာစိတ်တွေတိုးပွားလာပါသေးတယ်။ နောက်ပြီး စကားပြောတာလည်း ချစ်ဖိုကောင်းလာတတ်ပါတယ်။ ကဲမိန်းကလေး သင့်အဖော်တစ်ယောက် အရက်သောက်တာကို ဂုဏ်ယူလိုက်ပါ။

#အရက်သောက်ပြီးစိတ်ကူးပေါက်တင်လိုက်ပါသည်။
Si Thu


No comments:

Post a Comment