Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 18, 2017

အကယ်ဒမီပေးပွဲ နီးကပ်နေသော်လည်း အခမ်းအနား ပြုလုပ်မည့် နေရာ အတိအကျ မသတ်မှတ်ရသေး ဟုဆို

၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲပြုလုပ်ရန် နီးကပ်နေပြီဖြစ်သော်လည်း အခမ်းအနားပြုလုပ်မည့်နေရာအား အတိ အကျမသတ်မှတ်ရသေးကြောင်း သိရသည်။ အဆိုပါ အကယ်ဒမီပေးပွဲပြု လုပ်ရန်အတွက် ပြည်သူ့ရင်ပြင်တွင် လျာထားသတ်မှတ်ထားသော်လည်း တရားဝင်ခွင့်ပြုချက်မရရှိသေး ကြောင်း သိရသည်။ ''အကယ်ဒမီပေးပွဲလုပ်ဖို့အတွက် နေရာကတော့ အခုထိဘယ် နေရာလုပ်ဖြစ်မလဲဆိုတာမသေချာ သေးပါဘူး။ ပြည်သူ့ရင်ပြင်ကလည်း ခွင့်ပြုချက်မရသေးဘူး။ အဲဒီအတွက် ခွင့်ပြုချက်ရအောင်လို့တော့ကြိုး စားနေတယ်''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ နာယက ဦးနှင်းမိုးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။ ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ် ၁၈ ရက်တွင် ပြုလုပ်မည်ဟု သတ်မှတ်ထားပြီး ဖြစ်သော်လည်း အခမ်းအနားပြု လုပ်မည့်နေရာအတွက်ခွင့်ပြုချက် များမရရှိသေးကြောင်း သိရသည်။ ယခုအခါတွင် အကယ်ဒမီပေးပွဲပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် အကယ်ဒမီ ရွှေကြိုများကို ရွေးချယ်နေခြင်း၊ အကယ်ဒမီရွှေကြိုများအတွက် စပွန်ဆာများ ခေါ်ယူခြင်း၊အကယ်ဒမီပေး ပွဲကျင်းပပြုလုပ်မည့် နေရာအတွက် ခွင့်ပြုချက်တောင်းခံခြင်း၊ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ အားစိစစ်ရွေးချယ်ခြင်း၊ အကယ်ဒမီ ရွှေစင်ရုပ်တုများ ထပ်မံပြုလုပ်ခြင်း အစရှိသည်တို့ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။ ယခုနှစ်အတွက်အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၃၃ ကားမှာ'အနူးဘစ်'၊'စားတယ်'၊'ချစ်လှစွာ သောအမုန်း'၊'အချစ်စစ်'၊'ပြန်ခေါ်သက်သေ'၊'ဖေ့စ်ဘွတ်ခ်ရွာ'၊'ခိုးဆိုးလုနှိုက်'၊ 'ရုံးပတေသီးလေးများ'၊ 'မနော မြေမှကျောက်စိမ်းကမ္ဘာ'၊'အီဖေကိုယ်တို့ရွေးကောက်ပွဲ' ၊'မအေးပွင့် မြင့် မြင့်စန်းလမ်းသုံးဆယ်'၊'ကျွန်တော် ကျွန်မယောက်ျားဗိုက်ကြီးသယ်'၊ 'အုတ်ကြားမြက်ပေါက်' ၊'ရပ်ကွက်ဘုရင်မ' ၊ 'မှော်ကျောက်စာ' ၊'ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း'၊ 'ကာလာစုံလက်ဆင်'၊ 'လူးရတနာသိုက်'၊ 'အေဒင်ရဲ့နတ်သမီး'၊ 'ဘောစိ'၊ 'သင်္ကြန်ပြတိုက်'၊ 'ရပ်ကွက်ဘုရင်မ ၂' ၊ 'ဘန်ကောက်မှ မန္တလေးသို့' ၊'ရွှေဒင်္ဂါးကိုထွေခင်းကစားမယ်'၊ 'နှစ်ယောက်တစ်ဘဝ'၊ 'ဘွန္တောကြက်သူခိုး' ၊'ငဘ'၊'မင်းလည်း ဘိုကေငါလည်းဘိုကေ'၊'ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား'၊ 'မြိုင်ရာဇာတာတေ'၊ 'မေထုန်ရာသီဖွား'၊ 'နှင်းဆီပန်သူ'နှင့် 'မယုံရင်ပုံပြင်မှတ်' ရုပ်ရှင်ဇာတ်ကားတို့ဖြစ်ကြောင်း သိရသည်။ NN

No comments:

Post a Comment