Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 7, 2017

ေဒၚနယ္ထရမ့္၏ အိမ္ျဖဴေတာ္ ကေမာက္ကမျဖစ္ေနဟု ဆို


ေဒၚနယ္ထရမ့္၏ အိမ္ျဖဴေတာ္ ကေမာက္ကမျဖစ္ေနဟု ဆို
ခရိုင္တရားသူႀကီးတဦးက သမၼတ၏ အမိန႔္ကို ပယ္ခ်ခဲ့ေသာေၾကာင့္ ထရမ့္ အႀကီးအက်ယ္ ေဒါသထြက္ေၾကာင္း သတင္းမ်ားက ဆိုသည္


By ဧရာဝတီ 7 February 2017

ဇန္နဝါရီ ၂၁ ရက္မွ သမၼတရာထူးကို စတင္တာဝန္ယူခဲ့ေသာ ေဒၚနယ္ထရမ့္သည္ အိမ္ျဖဴေတာ္ကိစၥမ်ားကို စီမံခန႔္ခြဲရာတြင္ အခက္အခဲမ်ား ေတြ႕ေနရသည္ဟု အေမရိကန္မွလာေသာ သတင္းမ်ားက ဆိုသည္။

ထရမ့္ႏွင့္သူ၏အရာရွိမ်ားသည္ အစိုးရအဖြဲ႕ ႐ုံးခန္းမီးခလုပ္မ်ားကို မည္သို႔အသုံးျပဳသည္မွအစ ထရမ့္ဆန႔္က်င္ေရး ဆႏၵျပသမားမ်ား၏ အေႏွာက္အယွက္မခံရေရးအထိ အရာရာအတြက္ စိတ္ရွုတ္ေနၾကရသည္ဟု တနဂၤေႏြေန႔ထုတ္ နယူးေယာ့တိုင္းမ္သတင္းစာက ေဖာ္ျပခဲ့သည္။

အစိုးရအရာရွိမ်ား၊ ကြန္ဂရက္လႊတ္ေတာ္ဆိုင္ရာ လက္ေထာက္မ်ား၊ အိမ္ျဖဴေတာ္ဝန္ထမ္းေဟာင္းမ်ားႏွင့္ အစိုးရသစ္ကို ေလ့လာသူမ်ားအပါအဝင္ လူ ဒါဇင္ေပါင္းမ်ားစြာကိုေတြ႕ဆုံေမးျမန္းခဲ့ေသာ ထိုေဆာင္းပါးတြင္ အိမ္ျဖဴေတာ္အရာရွိခ်ဳပ္ ရိန႔္စ္ပရီးဘတ္စ္ (Reince Priebus) က ေသနဂၤဗ်ဴဟာခ်မွတ္ေရးအရာရွိခ်ဳပ္ စတိဗ္ဘန္ႏြန္ (Steve Bannon) ၏ၾသဇာႀကီးထြားလာျခင္းႏွင့္ပတ္သက္၍ စိုးရိမ္မကင္းျဖစ္မွုကိုလည္း ေဖာ္ျပထားသည္။

ထို႔ျပင္ ထရမ့္အေနျဖင့္ ဘန္ႏြန္ကို အမ်ိဳးသားလုံျခဳံေရးေကာင္စီတြင္ ပါဝင္ေစၿပီး သမၼတ၏ အမိန႔္အာဏာမ်ား ထုတ္ျပန္ရာတြင္ ဘန္ႏြန္က အက်ဥ္းခ်ဳပ္ အစီရင္ခံတင္ျပျခင္း မရွိသေလာက္ျဖစ္ကာ သမၼတ၏ အမိန႔္ထုတ္ျပန္ခ်က္မ်ားအား ထရမ့္က ေသခ်ာစြာ ဖတ္ရွုနားလည္ျခင္း မရွိဘဲ လက္မွတ္ထိုးေနသည္ဟူေသာ သတင္းမ်ားက ဆိုသည္။

အျခားသတင္းမ်ားတြင္လည္း ထရမ့္သည္ ေန႔လည္စာစားခ်ိန္တြင္ပင္ သတင္းမ်ားၾကည့္ရန္ အိမ္ျဖဴေတာ္အခန္း တခန္းမဟုတ္ တခန္းတြင္ ႐ုပ္ျမင္သံၾကားစက္မ်ား တပ္ဆင္ၿပီး သတင္းအခ်ိန္ၾကာျမင့္စြာ ၾကည့္သည္ဟု ဆိုသည္။

တေန႔တာကုန္ဆုံး၍ အိမ္ျဖဴေတာ္ေလ့လာေရး ၿပီးဆုံးေသာအခါတြင္လည္း ထရမ့္သည္သူ၏အဝတ္လဲခန္းတြင္ ႐ုပ္ျမင္သံၾကားသတင္း ဆက္လက္ၾကည့္ရွုကာ ပုံမွန္႐ုပ္သံၾကည့္ခ်ိန္ကို ထပ္မံတိုးခ်ဲ႕ျပန္သျဖင့္ အလြန္အကၽြံ ႐ုပ္သံသတင္း ၾကည့္ေနသည္ဟု သူ၏လက္ေထာက္မ်ားက ယူဆေနၾကသည္။

႐ုပ္သံသတင္း အမ်ားစုကလည္း ထရမ့္၏ သမၼတ သက္တမ္း ၂ ပတ္ေက်ာ္အတြင္း အေကာင္းေဖာ္ျပျခင္း မရွိသေလာက္ပင္။ ေနာက္ဆုံး သတင္းမွာ CNN ၏ လူထုသေဘာထားစစ္တမ္းအရ ထရမ့္၏ သမၼတရာထူး ထမ္းေဆာင္နိုင္မွုကို စစ္တမ္းေကာက္ခံသူ ၄၄ ရာခိုင္ႏွုန္းကသာ အေကာင္းျမင္သျဖင့္ အေမရိကန္သမိုင္းတြင္ အနိမ့္ဆုံး ျဖစ္သည္။

ထို႔အျပင္ ထရမ့္၏ မြတ္ဆလင္ဒုကၡသည္မ်ားအား နိုင္ငံတြင္း ေပးမဝင္ရန္ ထုတ္ျပန္ေသာ အမိန႔္ကို ျပည္တြင္းျပည္ပရွိ ကန႔္ကြက္မွုမ်ားကို ၾကဳံရသည့္အျပင္ ခရိုင္တရားသူႀကီးတဦးက သမၼတ၏ အမိန႔္ကို ပယ္ခ်ခဲ့သည္။ ထရမ့္ အႀကီးအက်ယ္ ေဒါသထြက္ကာ သူ၏ တြစ္တာလူမွုကြန္ရက္ အေကာင့္မွေန ၎တရားသူႀကီးကို တေနကုန္ အပုပ္ခ်ခဲ့သည္။

ထရမ့္သည္ ႐ုံးခန္း ျပတင္းေပါက္လိုက္ကာမ်ားအတြက္ ေရြးခ်ယ္စရာ ၁၇ မ်ိဳးကို ေလ့လာၿပီး အိမ္ျဖဴေတာ္၏မူဝါဒခ်မွတ္ေရးကို အိမ္ျဖဴေတာ္၏ အသြင္အျပင္ကဲ့သို႔ သေဘာထားေနပုံရကာ ႐ုံးခန္းတြင္ ႐ုပ္သံသတင္းမ်ားကို မ်ားနိုင္သမၽွမ်ားမ်ား စီစဥ္ေပးရန္ ဝန္ထမ္းမ်ားကို ညႊန္ၾကားေနသည္ဟု သိရသည္။

ဒေါ်နယ်ထရမ့်၏ အိမ်ဖြူတော် ကမောက်ကမဖြစ်နေဟု ဆို
ခရိုင်တရားသူကြီးတဦးက သမ္မတ၏ အမိန့်ကို ပယ်ချခဲ့သောကြောင့် ထရမ့် အကြီးအကျယ် ဒေါသထွက်ကြောင်း သတင်းများက ဆိုသည်
Irrawaddy


By ဧရာဝတီ 7 February 2017

ဇန်နဝါရီ ၂၁ ရက်မှ သမ္မတရာထူးကို စတင်တာဝန်ယူခဲ့သော ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်ကိစ္စများကို စီမံခန့်ခွဲရာတွင် အခက်အခဲများ တွေ့နေရသည်ဟု အမေရိကန်မှလာသော သတင်းများက ဆိုသည်။

ထရမ့်နှင့်သူ၏အရာရှိများသည် အစိုးရအဖွဲ့ ရုံးခန်းမီးခလုပ်များကို မည်သို့အသုံးပြုသည်မှအစ ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြသမားများ၏ အနှောက်အယှက်မခံရရေးအထိ အရာရာအတွက် စိတ်ရှုတ်နေကြရသည်ဟု တနင်္ဂနွေနေ့ထုတ် နယူးယော့တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

အစိုးရအရာရှိများ၊ ကွန်ဂရက်လွှတ်တော်ဆိုင်ရာ လက်ထောက်များ၊ အိမ်ဖြူတော်ဝန်ထမ်းဟောင်းများနှင့် အစိုးရသစ်ကို လေ့လာသူများအပါအဝင် လူ ဒါဇင်ပေါင်းများစွာကိုတွေ့ဆုံမေးမြန်းခဲ့သော ထိုဆောင်းပါးတွင် အိမ်ဖြူတော်အရာရှိချုပ် ရိန့်စ်ပရီးဘတ်စ် (Reince Priebus) က သေနင်္ဂဗျူဟာချမှတ်ရေးအရာရှိချုပ် စတိဗ်ဘန်နွန် (Steve Bannon) ၏သြဇာကြီးထွားလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုကိုလည်း ဖော်ပြထားသည်။

ထို့ပြင် ထရမ့်အနေဖြင့် ဘန်နွန်ကို အမျိုးသားလုံခြုံရေးကောင်စီတွင် ပါဝင်စေပြီး သမ္မတ၏ အမိန့်အာဏာများ ထုတ်ပြန်ရာတွင် ဘန်နွန်က အကျဉ်းချုပ် အစီရင်ခံတင်ပြခြင်း မရှိသလောက်ဖြစ်ကာ သမ္မတ၏ အမိန့်ထုတ်ပြန်ချက်များအား ထရမ့်က သေချာစွာ ဖတ်ရှုနားလည်ခြင်း မရှိဘဲ လက်မှတ်ထိုးနေသည်ဟူသော သတင်းများက ဆိုသည်။

အခြားသတင်းများတွင်လည်း ထရမ့်သည် နေ့လည်စာစားချိန်တွင်ပင် သတင်းများကြည့်ရန် အိမ်ဖြူတော်အခန်း တခန်းမဟုတ် တခန်းတွင် ရုပ်မြင်သံကြားစက်များ တပ်ဆင်ပြီး သတင်းအချိန်ကြာမြင့်စွာ ကြည့်သည်ဟု ဆိုသည်။

တနေ့တာကုန်ဆုံး၍ အိမ်ဖြူတော်လေ့လာရေး ပြီးဆုံးသောအခါတွင်လည်း ထရမ့်သည်သူ၏အဝတ်လဲခန်းတွင် ရုပ်မြင်သံကြားသတင်း ဆက်လက်ကြည့်ရှုကာ ပုံမှန်ရုပ်သံကြည့်ချိန်ကို ထပ်မံတိုးချဲ့ပြန်သဖြင့် အလွန်အကျွံ ရုပ်သံသတင်း ကြည့်နေသည်ဟု သူ၏လက်ထောက်များက ယူဆနေကြသည်။

ရုပ်သံသတင်း အများစုကလည်း ထရမ့်၏ သမ္မတ သက်တမ်း ၂ ပတ်ကျော်အတွင်း အကောင်းဖော်ပြခြင်း မရှိသလောက်ပင်။ နောက်ဆုံး သတင်းမှာ CNN ၏ လူထုသဘောထားစစ်တမ်းအရ ထရမ့်၏ သမ္မတရာထူး ထမ်းဆောင်နိုင်မှုကို စစ်တမ်းကောက်ခံသူ ၄၄ ရာခိုင်နှုန်းကသာ အကောင်းမြင်သဖြင့် အမေရိကန်သမိုင်းတွင် အနိမ့်ဆုံး ဖြစ်သည်။

ထို့အပြင် ထရမ့်၏ မွတ်ဆလင်ဒုက္ခသည်များအား နိုင်ငံတွင်း ပေးမဝင်ရန် ထုတ်ပြန်သော အမိန့်ကို ပြည်တွင်းပြည်ပရှိ ကန့်ကွက်မှုများကို ကြုံရသည့်အပြင် ခရိုင်တရားသူကြီးတဦးက သမ္မတ၏ အမိန့်ကို ပယ်ချခဲ့သည်။ ထရမ့် အကြီးအကျယ် ဒေါသထွက်ကာ သူ၏ တွစ်တာလူမှုကွန်ရက် အကောင့်မှနေ ၎င်းတရားသူကြီးကို တနေကုန် အပုပ်ချခဲ့သည်။

ထရမ့်သည် ရုံးခန်း ပြတင်းပေါက်လိုက်ကာများအတွက် ရွေးချယ်စရာ ၁၇ မျိုးကို လေ့လာပြီး အိမ်ဖြူတော်၏မူဝါဒချမှတ်ရေးကို အိမ်ဖြူတော်၏ အသွင်အပြင်ကဲ့သို့ သဘောထားနေပုံရကာ ရုံးခန်းတွင် ရုပ်သံသတင်းများကို များနိုင်သမျှများများ စီစဉ်ပေးရန် ဝန်ထမ်းများကို ညွှန်ကြားနေသည်ဟု သိရသည်။

No comments:

Post a Comment