Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 10, 2017

ဗီဒီယို အကြိုခံစားခြင်း

ဗီဒီယို အကြိုခံစားခြင်း


ကိုကြီး

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ ပေါ့ပေါ့ပါးပါးဟာသကားလေးကိုပဲ ညွှန်းပေးလိုက်ပါတယ်။

မင်းထက်ကောင်းက အိမ်ထောင်ပြုရမယ့် အချိန်ရောက် လာတာကြောင့် မိဘတွေက စီစဉ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်ချင် တော့ မင်းထက်ကောင်းရဲ့ အဖေနဲ့ အမေက သူတို့သူငယ်ချင်းတွေ ရဲ့သမီးတွေနဲ့ စီစဉ်ပေးဖို့ဖြစ်လာ ခဲ့ပါတယ်။ နောက်ပြီး သူ့မိဘနှစ်ယောက်စလုံးကတစ်ယောက်နဲ့ တစ်ယောက်လည်း လုံးဝအလျှော့မပေးခဲ့ပါဘူး။ အဲဒါကြောင့် နောက်ဆုံးမှာ မင်းထက်ကောင်း က သူကိုယ်တိုင်တွေ့ပြီး ရွေးချယ် မယ်လို့ ပြောခဲ့ပါတယ်။

မင်းထက်ကောင်း အမေ သဘောတူတဲ့ ကောင်မလေးနာ မည်က ပိုးဥပါ။ ပိုးဥတို့ကလည်း သားအမိနှစ်ယောက်ပဲရှိတာပါ။ မင်းထက်ကောင်းအဖေသဘော တူတဲ့ ကောင်မလေးနာမည်က ရတနာချိုပါ။ သူတို့ကလည်းသား အမိနှစ်ယောက်ပါပဲ။ နှစ်ယောက်စလုံးကတော့ နယ်ကပါ။ အဲဒါကြောင့် ရန်ကုန်သားသူဌေးတစ် ဦးဖြစ်တဲ့ မင်းထက်ကောင်းကို ရဖို့အတွက် မင်းထက်ကောင်းတို့ အိမ်ကို ရောက်လာခဲ့ပါတယ်။ မင်းထက်ကောင်းရဲ့ အဖေနဲ့အမေက အားလုံးကိုဖွင့်ပြောထားတာကြောင့် တစ်ဖက်နဲ့ တစ်ဖက်စတွေ့ကတည်းက ပြိုင်ခဲ့ကြပါ တယ်။

မင်းထက်ကောင်းကတော့ ရုပ်ရည်အနေနဲ့ ငြင်းစရာမရှိတဲ့ပိုးဥနဲ့ ရတနာချိုကိုရွေးရခက် နေခဲ့ပါတယ်။ နောက်ပြီး အမြဲ တမ်းသူတို့နှစ်ယောက်ပြိုင်နေတဲ့ကြားမှာ အမြဲညပ်နေခဲ့ရပါတယ်။ တစ်ရက်မှာရတနာချိုက သူ့ကို ဈေးဝယ်စင်တာ လိုက်ပို့ပေးဖို့ ပြောခဲ့ပါတယ်။ အဲဒီမရှေးမ နှောင်းမှာပဲ ပိုးဥကလည်း လိုက်ပို့ပေးဖို့ပြောခဲ့ပါတယ်။ သူတို့နှစ် ယောက် ပြောတဲ့ရက်က လည်းတစ်ရက်တည်းပါပဲ။  မင်းထက်ကောင်းကတော့ နှစ်ယောက်စလုံးကို လိုက်ပို့ပေးမယ်လို့ပြောခဲ့ပါတယ်။

ပိုးဥနဲ့ ရတနာချိုတို့ရဲ့ အမေတွေကလည်း သူတို့သမီးတွေကို သူတို့လိုချင်တာတွေပူဆာဖို့အတွက် မြှောက်ပေးခဲ့ပါတယ်။ မင်းထက်ကောင်းနဲ့ နှစ်ယောက် အတူတူဈေးဝယ်ဖို့တွေးထားတဲ့ ပိုးဥနဲ့ ရတနာချိုတို့နှစ်ယောက် ကတော့ ဈေးဝယ်သွားမယ့်နေ့မှ နှစ်ယောက်အတူတူ သွားရမယ်ဆိုတာကိုသိခဲ့ပါတယ်။ အဲဒါကြောင့် ဈေးဝယ်တဲ့နေရာမှာလည်း နှစ်ယောက်အတူ မင်းထက်ကောင်းကို သူ့ထက်ငါ အပြိုင်အဆိုင်ပူဆာပြီး ဝယ်ကြတာကြောင့် မင်းထက်ကောင်းလက်ထဲမှာ ပစ္စည်းတွေနဲ့ မနိုင်မနင်း ဖြစ်ခဲ့ရပါတယ်။ ပိုးဥနဲ့ ရတနာချိုတို့ နှစ်ယောက်ကတင်ပြိုင်တာမဟုတ်ပါဘူး။ သူတို့အမေတွေကလည်း တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်တွေပါ။ တစ်ရက်မှာ ပိုးဥက မင်းထက်ကောင်းကို အိုင်ဖုန်းဝယ်ပေးဖို့ပူဆာခဲ့ပါတယ်။ ပူဆာတာကလည်း တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ သူ့အမေအတွက်ပါ ပူဆာပေးတာပါ။ အဲဒါကြောင့်ပိုးဥရဲ့အမေက ရတနာချိုရဲ့ အမေရှေ့မှာ ကြွားခဲ့ပါတယ်။ အဲဒါကြောင့် ရတနာချိုကလည်း သူ့အမေအတွက် ရွှေခြေချင်းကြီးဝယ်ပေးဖို့ ပူဆာခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီးလည်း သူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေတက်ခဲ့ကြပါတယ်။ လူပျိုကြီး မင်းထက်ကောင်း ကောင်မလေးငယ်ငယ် နှစ်ယောက်ကြားမှာ ဘာတွေ ဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ ကိုကြီးဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မင်းထက်ကောင်းအဖြစ် ပြေတီဦး၊ ပိုးဥအဖြစ် ယုသန္တာတင်နဲ့ ရတနာချိုအဖြစ် ရတနာဗိုတို့က ပါဝင်ထားပြီး ရာဇဝင်ကိုရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ထားပါတယ်။

Sources; 7 Day News Journal

No comments:

Post a Comment