Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 3, 2017

ယုံကြည်စိတ်


ဇီဝဗေဒပညာရှင်တစ်စုဟာ စမ်းသပ်မှုတစ်ခုကို ပြုလုပ်နေတယ်။ သူတို့ စမ်းသပ်နေတာက မှန်ရေကန် အကြီးကြီး တစ်ခုထဲမှာ ငါးမန်း တစ်ကောင်ကို ထည့်လိုက်တယ်။ ပြီးရင် ငါးမန်းစားနိုင်လောက်တဲ့ အရွယ် ငါး အရှင်တစ်ကောင် ထည့်လိုက်တယ်။ ငါးထည့်ထည့် ချင်းပဲ ငါးမန်းက ငါးကိုဖမ်းစားလိုက်တယ်။

ခဏနေတော့ မှန်ရေကန်ကြီးထဲကို ပြုလုပ်ပြီးသား မှန်အထူကြီး တစ်ခုကာပြီး နှစ်ပိုင်း ပိုင်းလိုက်တယ်။ ပြီးတာနဲ့ ငါးမန်းမရှိတဲ့ ဟိုဘက်တစ်ခြမ်းကို ငါးတစ်ကောင်ထည့်လိုက်တယ်။ ဟိုဘက်ဒီဘက် မှန်ပဲ ကာထားတာ ဆိုတော့ ငါးမန်းကလဲ ငါးကိုမြင်တာပေါ့။ မြင်မြင်ချင်း ငါးကိုလိုက်ဖမ်းတာပေါ့။ မှန်ကာထားတော့ ငါးကိုဖမ်းမမိဘဲ မှန်ကို အရှိန်ပြင်းပြင်းနဲ့ တိုက်မိတယ်။ ဒါပေ့မယ် ပြန်ကူးလာပြီး ထပ်ဖမ်းတယ်။ မှန်ပဲထပ် တိုက်မိတာပေါ့။ အဲလိုနဲ့ လေးငါးဆယ်ကြိမ် လောက်ကြိုးစားပြီးတဲ့ အချိန်မှာ လက်လျော့သွားတယ်။

ဇီဝဗေဒပညာရှင်တွေဟာ အခုလို ငါးမန်းကိုတဖက် ငါးကို ကန်တစ်ဖက်စီထည့်ပြီး တပတ်လောက်စမ်းသပ်တယ်။ ပထမ လေးငါးရက်သာ ငါးမန်းဟာ ငါးကို ဖမ်းဖို့ကြိုးစားတယ်။ နောင်ရက်တွေမှာ ငါးတွေ့ ပေမယ့် ဖမ်းဖို့ မကြိုးစားတော့ဘူး။ အဲဒီ့ အချိန်မှာ အလယ်မှာကာထားတဲ့ မှန်ချပ်ကိုထုတ်လိုက်တယ်။ ငါးမန်းနဲ့ ငါးဟာ တစ်ကန်ထဲမှာ အတူတူ ဖြစ်သွားတယ်။ ထူးစမ်းတာက အဲလို တစ်ရေကန်ထဲ အတူတူထည့်လိုက်ပေမဲ့လည်း ငါးမန်းက ငါးကိုဖမ်းဖို့ မကြိုးစားတော့ဘူးတဲ့။ ဘာလို့လဲဆိုတော့ သူ့ကိုလေ့ကျင့်ပေးထားတဲ့ အတိုင်း ငါးကိုဖမ်းလို့ မရဘူးလို့ ယုံကြည်သွားလို့တဲ့။

ဒီစမ်းသပ်မှုကနေ ဘာသင်ခန်းစာရလဲဆိုတော့ ကျနော်တွေ အလုပ်တွေ ကြိုးစားလုပ်ဆောင်ရင်းနဲ့ မအောင်မြင်တာတွေ ရှုံးနိမ့်တာတွေ ကြုံခဲ့ရတယ်။ အဲလို ကြုံပါများတော့ ငါလုပ်ရင်ဖြစ်မှာ အဟုတ်ဘူးဆိုတဲ့ မဝံ့မရဲစိတ် ဝင်လာတယ်။ ကိုယ့်ကိုယ်ကို မယုံကြည်တော့ဘူး။ နောက်ထပ်ပိုစိုးတာက အရင်က ငါလုပ်ခဲ့တာပဲ အောင်မှ မအောင်မြင်တာ ငါလုပ်ရင်ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ငါးမန်းလို မကောင်းတဲ့ ယုံကြည်မှု တစ်ခု ရှိသွားတာပါ။

နိုင်ငံနဲ့ ချီပြီး ပြောရရင် နိုင်ငံရဲ့  နိုင်ငံရေး စနစ်ဆိုးကြောင့် အဖက်ဖက်မှာ နိုမ့်ကြခဲ့ရတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် အရာရာ အောက်ကျနောက်ကျဖြစ်ခဲ့ရတယ်။ ကျနော်နိုင်ငံကနေ ကမ္ဘာကျော် သိပ္ပံ ပညာရှင်တွေ မပေါ်ထွက်ခဲ့ဘူး။ စနစ်ဆိုးကြောင့် ကမ္ဘာကျော် ဂီတ ပညာရှင်တွေ ၊ ကမ္ဘာကျော် အနုပညာရှင်တွေ ၊ ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အိုလံပစ်ရွှေတံဆိပ် အများကြီးရတဲ့ အားကစား သမား စတာတွေ မထွက်ပေါ်လာခဲ့ဖူးဘူး။ ဒါတွေ အတိတ်က မလုပ်နိုင်လို့ စိတ်ပျက်စရာမရှိပါဘူး။

အချိန်က အရာရာကို ပြောင်းလဲနိုင်စေပါတယ်။ စမ်းသပ်မှု အရ ငါးမန်းနဲ့ ငါးဟာ ရေကန်တစ်ကန်ထဲ ဖြစ်နေပေမဲ့ ငါးမန်းက ဖမ်းလို့ရမယ်လို့ မယုံကြည်တော့ အတွက် သူရနိုင်မဲ့ အခွင့်အရေး လက်လွတ်သွားခဲ့ရတယ်။

ကျနော်တို့တွေ အတိတ်မှာ မလုပ်နိုင်ခဲ့ပေမဲ့ အခြေအနေဟာ အချိန်နဲ့ အမျှပြောင်းနေတဲ့ အတွက် ငါးမန်းလို အခွင့် အရေး ရလာနိုင်ပါတယ်။ လက်မလျော့ပဲ ကိုယ်လုပ်နိုင်တာလုပ်နေပြီး ဇွဲရှိရှိနဲ့ အချိန်တစ်ခုစောင့်ဖို့ လိုတာပါ။

အခုကျေန်ာတို့မှာ ကမ္ဘာအဆင့်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရှိတယ်။ အခြေအနေကလဲ ပြောင်းနေပီ။ အခွင့်အလမ်းတွေလဲ ပိုမိုများပြားလာပီ။ ဒါပေမဲ့ နိုင်ငံကို ပြောင်းလဲဖို့ အတွေးသစ် အမြင်သစ်တွေ ဇွဲနဘဲနဲ့ ကြိုးစားလုပ်ဆောင်မဲ့ ခေါင်းဆောင်တွေတော့ နေရာစုံမှာ အများကြီးလိုနေပါသေးတယ်။

ကျနော်တို့အနေနဲ့ ငါးမန်းကို ဥပမာယူပြီး နိုင်ငံမှာ အရင်က မရှိခဲ့ မဖြစ်ခဲ့တာတွေ စိတ်မပျက်ပါနဲ့။ ကြိမ်းသေတာတခုက ကျနော်တို့နိုင်ငံဟာ တိုးတက်ထွန်းကား ဖို့ကို တာစူနေပါပီ။ ကျနော်တို့ရဲ့ ကြိုးစားမှု ၊ စည်းကမ်းရှိမှု ၊ ညီညွတ်မှု နဲ့ စိတ်ရှည်ရှည် ဇွဲကောင်းကောင်း စောင့်မှုတို့သာ အများကြီးမူတည်နေပါတယ်လို့ ဒီနေ့ လွတ်လပ်ရေးနေ့ အမှတ်တရ ဒီပိုစ့်လေးနဲ့ တိုက်တွန်းလိုက်ရပါတယ်။ ။

Shark Bait ဆိုတဲ့ ဆောင်းပါးလေးကို မှီငြမ်းပါသည်။ ဒီပိုစ့်ကို လွတ်လပ်စွာ ရှယ်နိုင်ပါတယ်။

ရဲမင်း

4/1/2017

No comments:

Post a Comment