Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 29, 2017

ဦးကိုနီလုပ်ကြံခံရလေပြီ ( အဖြစ်အပျက်အပြည့်အစုံ )


cri၂၉၊ဇန်န၀ါရီ၊ရန်ကုန်-

အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ရဲ့ ဥပဒေအကြံပေး လွတ်တော်ရှေ့ နေဦးကိုနီဟာ ရန်ကုန်လေဆိပ်ကို ပြန်လည် ရောက်ရှိလာချိန်မှာ သူရဲ့ မြေးလေးကို အားရပါးရပွေ့ ချီပြီး မြေးအဖိုးနှစ်ဦး ကြည်နှုးနေခဲ့ကြ တယ်လို့ ဆိုပါတယ်။ သိပ်မကြာခင်မှာပဲ ပန်းရောင်အင်္ကျီ၊ ဘောင်းဘီတို ၀တ်ဆင်ထားသူတစ်ယောက်ဟာ ဦးကိုနီရဲ့  ဦးခေါင်း ညာဖက်အခြမ်းကို သေနတ်နဲ့  အနီးကပ်ပစ်ထည့် လိုက်ပါတယ်။
”ဖောက်…. ”
သည်နေ့ ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့ က တက္ကစီစတန်းအနီးမှာ စူးစူးရှရှနဲ့  ပေါ်ထွက်လာတဲ့ အသံဖြစ်ပါတယ်။
အဲသည်အသံနဲ့ အတူ တက္ကစီစတန်းအနီးနားမှာရှိတဲ့ လူတွေ ၀ိုးတိုးဝါးတားကြားလိုက်ရတာကတော့
” ”မင်းငါ့ကို ……”။
စူးစူရှရှအသံကို ဖန်းတီးလိုက်တယ်လို့  ယူဆရတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသာဟာ အဲသည်နေရာကနေ ခပ်သွပ်သွပ်ပြေးထွက်သွားတာပါတယ်။ အဲသည်လူလတ်ပိုင်းအရွယ်အမျိုးသားပြေးထွက်သွားရာနောက်ကို တက္ကစီစတန်းအနီးနားမှာရှိတဲ့ အငှားယာဉ်မောင်း ၇၀ ကျော်ဟာ ခပ်လှမ်းလှမ်းကနေ အုပ်စုလိုက်ကပ်လိုက်လာကြပါတယ်။


”အဲဒီလူမှာ သေနတ်ပါတယ်”၊ ” အဲဒီလူမှာ သေနတ်ပါတယ်” ဆိုပြီး တက္ကစီယာဉ်မောင်းတွေက အချင်းချင်း သတိပေးသံပြောဆိုနေကြပါတယ်။
ဒါပေမယ့် လူလတ်ပိုင်းအမျိုးသားဟာ ပြေးမြဲပြေးနေရာကနေ တွေ့ ရာတက္ကစီတစ်စီးကို သေနတ်ထုတ်ကာ တားဆီးလိုက်နေပြန်ပါတယ်။
အဲသည်အမျိုးသားက ကားစက်ဖုံးကို သေနတ်နဲ့  ခေါက်ပြီး သူ့ ကို လိုက်ပို့ ပေးဖို့  တောင်းတနေ တာဖြစ်တယ်လို့  တက္ကစီအငှားယာဉ်မောင် ဦးကျော်လွင်က ပြောပါတယ်။ ဒါပေမယ့် ကားသမားက မရပ်ပေးတာကြောင့် အဆိုပါအမျိုးသားဟာ ဓာတ်တိုင် လေးတိုင်အကွာအဝေးလောက်ကို ဆက်လက် ပြေးထွက်သွားခဲ့ပါတယ်။
အဲသည်ချိန်မှာ အဲသည်အမျိုးသားနောက်မှာ အနီးကပ်ဆုံးလိုက်ပါလာသူ တက္ကစီယာဉ်မောင် ဦးနေ၀င်းဟာ သူလက်နှစ်ဖက်လုံးမှာ ပါလာတဲ့ အုပ်ခဲတွေနဲ့  လိုက်လံပစ်ပေါက်နေပါတယ်။
သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားက ဦးနေ၀င်းကို ပြန်လှည့်ကြည့်ပြီး ” ခင်ဗျာနဲ့  မဆိုင်ဘူး”လို့  အော်ပြောနေချိန်မှာ ဦးနေ၀င်းက အုပ်ခဲနဲ့  နောက်တစ်ကြိမ် ထပ်ထုလိုက်ပြန်ပါတယ်။
အဲဒီလို နောက်တစ်ကြိမ်း ထပ်ထုလိုက်ချိန်မှာပဲ သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားရဲ့  လက်ထဲက သေနတ်ကျည်ဟာ ဦးနေ၀င်းရဲ့  ဘယ်ဘက်ဆီခုန်ထဲကို ၀င်ရောက်သွားခဲ့ပါတယ်။
ဦးနေ၀င်းကို သေနတ်နဲ့  ပစ်ပြီး ပြီးချင်းမှာပဲ သေနတ်ကိုင်ဆောင်ထားသူအမျိုးသားက ချက်ချင်းလှည်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးနားမှာ အသင့်ရှိတဲ့ ဦးနေ၀င်းရဲ့ အဖော်တက္ကစီယာဉ်မောင်းတွေဟာ ၀ိုင်းအုံပြီး လက်ရဖမ်းဆီးလိုက်ပါတယ်။
ကျွန်တော်တို့  တက္ကစီအဖွဲ့ ကလည်း ကိုယ့်လူထိတော့ ၀ိုင်းလိုက်ကြရော။” လို့  တက္ကစီယာဉ်မောင်းတွေက ပြောပါတယ်။
အဲသည်အချိန်မှာပဲ ရဲတပ်ဖွဲ့ ရဲ့  လူစုခွဲသေနတ်ဖောက်သံကြောင့် လူစုခွဲလိုက်ကြရပြီး သေနတ်ကိုင်ဆောင်ထားသူကို ရဲလက်ထဲ ထည့်ခဲ့လိုက်ကြရပါတယ်။
တစ်ဖက်မြင်ကွင်း
သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ဦးကိုနီဟာ ပက်လက်လန်လဲကျသွားခဲ့ရသလို့  သူပွေ့ ချီထားတဲ့ မြေးငယ်လေဟာ မြေပြင်ကို လျှောကျသွားခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှုဒဏ်ကြောင့် ဦးကိုနီလဲကျသွားချိန်မှာတော့ အနီးနားမှာရှိနေသူတွေဟာ ဘာဖြစ်သွားမှန်းမသိ ပြာပြာသလဲဖြစ်နေကြပါ။
”ဘာဖြစ်သွားတာလဲ” ၊ ”သေနတ်နဲ့ ပစ်သွားတာ”၊ ”ဘာသံမှ မကြားလိုက်ရဘူး” ၊ ”ဦးကိုနီလား” ၊ “ဟာ… ဦးကိုနီ” ၊ ”ပါပါ.. ဟုတ်တယ်” (သမီးဖြစ်သူရဲ့ အသံ) ဆိုတဲ့ အသံတွေက ဆူဝေလာခဲ့ပါတယ်။ သွေးအလူးလူး ဦးကိုနီရဲ့  ဦးခေါင်းကို သွေးတိတ်စေလေမလားဆိုပြီး ဖိကပ်ပြီးနေကြပေမယ့် ဦးကိုနီက တုန့် ပြန်ပြောဆိုတာ မမြင်တွေ့ ရတော့ပါဘူး။
ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ ပြည်ထဲရေးဒုတိယ၀န်ကြီးတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နဲ့  အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်ပတဲ့ Senior leadership Program လေ့လာရေးခရီးစဉ်ကို သွားရောက်ပြီအပြန်မှာ လုပ်ကြံသတ်ဖြတ်ခံ လိုက်ရတာဖြစ်ပါတယ်။
သည်ကနေ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်မှာ စင်္ကာပူလေကြောင်းလိုင်းနဲ့ ရန်ကုန်မြို့ ကို ပြန်ရောက်လာတဲ့ ဦးကိုနီ ကိုတက္ကစီစတန်းမှာ မြေးငယ်ကိုချီကာ ရပ်နေချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ ည ၅နာရီ ဆယ်မိနစ်မှာတော့ ပစ်ခတ်လုပ်ကြံမှုကြောင့် ရှေ့ နေဦးကိုနီ(၆၅ နှစ်) ဟာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ဦးကိုနီးနဲ့  လေယာဉ်တစ်စီးထဲမှာ အတူတူပြန်လာခဲ့တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဦးမြအေးက-
” ဆရာဦးကိုနီဖြစ်သွားတဲ့ ကိစ္စက အကြမ်းဖက်မှုဖြစ်တယ်။ တရားဥပဒေအရ နိုင်ငံသူ နိင်ငံသားတိုင်းကို အကာအကွယ်ပေးဖို့ လိုတယ်ထင်ပါတယ်။ တရားဥပဒေရဲ့ အကာအကွယ်မဲ့ မှုကို ဆရာဦးကိုနီကိုယ်တိုင်ခံ စားသွားရပြီ” လို့ ပြောပါတယ်။
တက္ကစီစတန်းအနီးမှာရှိတဲ့ အငှားယာဉ်မောင်းတစ်ဦးက သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူကို အုတ်ခဲတွေနဲ့ ထုနှက်ဖမ်းဆီးလိုက်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် သေနတ်သမားရဲ့  ပစ်ခတ်မှုကြောင့် တရားလွတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံခဲ့သူကို ဖမ်းဆီးပေးတဲ့ တက္ကစီယာဉ်မောင်းကိုနေ၀င်းဆိုသူဟာလည်း မြောက်ဥက္ကလာဆေးရုံမရောက်ခင် လမ်းမှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။
” ပြည်သူရဲ”
သေဆုံးသွားတဲ့တက္ကစီသမားကိုနေ၀င်းဟာ ကလေးသုံးယောက်ဖခင်တစ်ဦးဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Airport Taxi သမား ဦး ကျော်လွင်ကပြောပါတယ်။
ရန်ကုန်လေဆိပ်မှာ တရားလွတ်တော်ရှေ့ နေဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူက ပစ္စတို ၉ မမနဲ့ ပစ်ခတ်ခဲ့တယ်လို့  ရဲတပ်ဖွဲ့ ရဲ့ ပထမအစီရင်ခံစာအရ သိရပါတယ်။ ဒါ့အပြင် သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသူဟာ မန္တလေးမြို့ မှာနေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့  ထုတ်ပြန်ထားပါတယ်။
ရဲတပ်ဖွဲ့ ရဲ့ အစီရင်ခံစာထဲမှာ မန္တလေးမဟာအောင်မြေမြို့ နယ်မှာနေသူဟာ သည်ကနေ့ ညနေ ၅ နာရီအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှေ့ မှာ မန္တလေးမဟာအောင်မြေမြို့ နယ်မှာနေသူ ဦးကြည်လင်းက သူဆီမှာ အသင့်ပါလာတဲ့ ပစ္စတို ၉ မမ နဲ့ တက္ကစီမောင်းသူ ၂ ဦးကို ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ ပစ်ခတ်သူကို လေဆိပ်ရဲတပ်ဖွဲ့ က စစ်ဆေးမေးမြန်းနေပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်ဖော်ပြသွားမယ်လို့ သိရပါတယ်။ပစ်ခတ်လုပ်ကြံခဲ့သူဆီက ပစ္စတို ၉ မမတစ်လက်၊ ကျည်၉ တောင့်၊ ၅လုံးပြူးသေနတ်တစ်လက်၊ ကျည် ၄ တောင့်တို့ ကို ဖမ်းဆီးရမိခဲ့တယ်လို့  ရဲတပ်ဖွဲ့ ရဲ့  ပထမအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဦးမြအေးက -“တရားခံမိထားပြီဖြစ်တဲ့အတွက်တရားဥပဒေအရမြန်မြန်ဆန်ဆန်အမူမှန်ဖော်ထုတ်ပေးဖို့လိုပါတယ် တရားမျှတမူပဲလိုချင်တယ်”လို့ပြောပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာသေနတ်နဲ့ပစ်ခတ်လုပ်ကြံခံလိုက်ရတဲ့ ဦးကိုနီကို ဇန်န၀ါရီလ ၃၀ ရက်နေ့  ညနေလေးနာရီ ရေဝေးသုသာန်မှာ သဂြိုလ်မယ်လို့ ကိုမြအေးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ရှေ့နေဦးကိုနီရဲ့ အလောင်းကို မြောက်ဥက္ကလာဆေးရုံမှာစစ်ဆေးနေဆဲဖြစ်ပါတယ်။
ဦးကိုနီကို လုပ်ကြံမှုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ လိုက်ရတဲ့ အမျိုးသမီးတစ်ဦးက
“လက်နက်ချပြီဆိုတော့ ရဲတွေက အသာတကြည်ဖမ်းတော့မယ်ဆိုတဲ့အချိန်မှာမှ အိတ်ထဲကနောက်ထပ်ဝှက်ထားတဲ့သေနတ်နဲ့ ရဲကိုလှမ်းပစ် ( မထိလို့တော်သေးတယ် )တဲ့အချိန်မှာမှ သူ့နောက်ရောက်နေတဲ့ ဒုရဲအုပ်က အတင်းဝင်လုံးထွေးပြီးဖမ်းမှ ဖမ်းမိတယ်ဆိုတော့… လူသတ်သမားဟာ ဘယ်အချိန် ဘယ်ကာလကတည်းက ဘယ်လောက်တောင်တိုက်ခိုက်ရေးလေ့ကျင့်မှုပြည့်ဝထားတဲ့သူပါလိမ့်” လို့  ဆိုပါတယ်။
သေနတ်သမားကိုင်ဆောင်ထားတဲ့ သေနတ်ဟာ ၉ မမပစ္စတိုဖြစ်တယ်လို့  ရဲတပ်ဖွဲ့ ရဲ့  ပထမထုတ်ပြန်ချက်အရသိရပါတယ်။ အဆိုပါ Browning ပစ္စတိုသေနတ်ဟာ သမိုင်းမှတ်တမ်းတွေအရ နိုင်ငံပေါင်း ၅၀ ကျော်က စစ်တပ်က အရာရှိတွေ အသုံးပြုကြတဲ့ သေနတ်အမျိုးအစားဖြစ်တယ်လို့ အဆိုပါသေနတ်ကို တီထွင်ခဲ့သူ ဂျွန်ဘရောင်းနင်းရဲ့  တရားဝင်website စာမျက်နှာပေါ်မှာဖော်ပြထားပါတယ်။ အဆိုပါ စာမျက်နှာပေါ်မှာ မြန်မာမှာလည်း သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။ ၉ မမပစ္စတိုဟာ ကျည် တစ်ဆယ့် သုံးထောင့်ကို ထည့်ပြီး ပစ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။
အဲသည် လက်နက်ဟာ ဒုတိယကမ္ဘာစစ်၊ ဗီယက်နမ်စစ်ပွဲ၊ တောင်ကိုးရီးယားစစ်ပွဲ၊ ဖော်ကလန်စစ်ပွဲတွေမှာလည်း အသုံးပြုခဲ့တဲ့ သေနတ်အမျိုးအစားဖြစ်တယ်လို့  သိရပါတယ်။
နိုင်ငံရေးသတင်းအဖွဲ့
Kumudra

No comments:

Post a Comment