Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 25, 2017

လူထုခေါင်းဆောင်ဆိုတာ


ထိုအချိန်က နေအိမ်အကျယ်ချူ ပ် ပထမဆုံးကာလပါ။ စစ်အစိုးရကနေပြီး နိုင်ငံခြားအထောက်အပံ့ခံတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူ့ စာမူခမှ ရရှိငွေဖြင့်သာ လောက်ငှအောင် ခြစ်ခြုတ်နေရချိန်လည်း ဖြစ်ပေသည်။ (လဲပေးတာက နိုင်ငံခြားငွေကြေးကို အစိုးရငွေလဲနှုန်း ၆ ကျပ်ခွဲနှင့်ပါ)

အဲဒီတော့ အများပြည်သူစားသည့်အတိုင်းပါ။ ထုတ်ဆန်ကို စားပြီး ဈေးပေါပေါဖြင့် ဝယ်ရသော ငါးမြစ်ချင်းငါးကိုသာ စား၍ နေခဲ့ရပါသည်။ မကြည့်ရက်သဖြင့် ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်များက သူတို့ ကိုယ်ပိုင်ငွေကြေးနှင့် စိုက်ဝယ်ကာ ဆန်ကောင်းဝယ်ပို့ ပေးရန် ပြောခဲ့ပါသော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပါ။ ပြည်သူများနည်းတူ `ပြည်သူစားသည့်ဆန်နှင့် နေနိုင်အောင်စားပြီး´ နေခဲ့ကြောင်းကို ပြန်ပြောပြခဲ့ပါသည်။

သူမသည် ငယ်ငယ်က ခရမ်းချဉ်သီး စားရလွန်းသဖြင့် ခရမ်းချဉ်သီးကို မစားချင်တော့။ သို့ သော် နေအိမ်အကျယ်ချူ ပ် ခြောက်နှစ်တာကာလအတွင်းတွင် စားစရာရှားပါးလွန်းသဖြင့် နောက်ဆုံးကျန်သည့် `ခရမ်းချဉ်သီးကို ခြောက်စိတ် စိတ်ပြီး ထမင်းတစ်နပ်ကို ခရမ်းချဉ်သီးတစ်စိတ်နှုန်းနှင့် ချွေတာစားခဲ့ရကြောင်း ပြောပြစဉ်အချိန်မှာ ` အဲလို ရှားရှားပါးပါး စားရလို့ လား မသိဘူး။ ခရမ်းချဉ်သီးက သိပ်အရသာရှိတာပဲ´ ဟု ပြောလျက် ပေါ့ပေါ့ပါးပါးပင် ရယ်မောနေလိုက်ပါသေးသည်။

ကိုးကား - ဒေါ်ခင်ခင်ဝင်း ရေး - ရေဆန်လမ်းမှ အိမ်အပြန်…

(မနေ့ က နိုဘယ်မြန်မာစာပေပွဲတော် ရောက်သွားခဲ့ပြီး ထုံးစံအတိုင်းပင် ကြိုက်နှစ်သက်သည့် စာအုပ်မျိုးစုံ ဝယ်ယူခဲ့ပါသည်။ ဦးစားပေးက ဒေါ်ခင်ခင်ဝင်း ရေးသားသော `ရေဆန်လမ်းမှ အိမ်အပြန်´ …

ထိုစာအုပ်ကို ဖတ်ရှုနေပြီး အခန်းတစ်ခုအရောက်တွင် ဆက်မဖတ်နိုင်တော့ပါ။ စိတ်ထဲမှာ ခံစားရမှုတစ်မျိုး ဖြစ်သွားသဖြင့် ပြီးအောင်ထိ ဆက်မဖတ်ဖြစ်သေးပါ။ ထိုအကြောင်းကို မျှဝေလိုက်ရပါတယ်။
Credit to Aung Kyaw Moe Via Ko Ko Htin Htin )

No comments:

Post a Comment