CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 29, 2017
တင်ပါးပုံစံကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကိုသိနိုင် (ကျား/မ ယေဘူယျ)
လူတစ်ယောက်ရဲ့ တင်ပါးပုံစံနဲ့ အရွယ်အစားက အဲ့ဒီလူရဲ့ ယေဘုယျ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အများကြီးပြောနိုင်ပါတယ် ။လူတွေယုံကြည်နေကြတဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ အဆီတွေစုနေနေ ကောင်းကျိုးမပြုနိုင်ဘူးလို့ ယူဆထားကြတဲ့အချက်က လုံးဝ အတိအကျကြီးတော့ မမှန်ပါဘူး။
လေးထောင့်ပုံ တင်ပါး
လေးထောင့်ပုံစံတင်ပါးရှိတဲ့သူတွေက နှလုံးအနီးတစ်ဝိုက်မှာ အဆီအနည်းငယ် ရှိတယ်ဆိုတာကို ပြပြီး လေ့ကျင့်ခန်းလုပ်တတ်တဲ့သူဖြစ်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးသက်ရောက်နိုင်လောက်တဲ့အထိတော့ မလုပ်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ခါးတစ်ဝိုက်က အဆီတွေကို ကျစေပြီး တင်ပါးကြွက်သားတွေကို တောင့်တင်းလှပစေတဲ့ လေ့ကျင့်ခန်းမျိုးကို ပိုပြီးအလေးပေးလုပ်သင့်တဲ့သူတွေဖြစ်ပါတယ်။
လုံးဝန်းတဲ့တင်ပါး
လုံးဝန်းတဲ့တင်ပါးကတော့ ကောင်းမွန်ပြည့်စုံတဲ့ ကျန်းမာရေးရှိသူလို့ ညွှန်ပြနိုင်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မလိုလားအပ်တဲ့ အဆီပိုအနည်းငယ်ရှိကောင်းရှိနိုင်ပေမဲ့ အင်အားအရမ်းစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူဖယ်ထုတ်နိုင်တဲ့လူစားမျိုးတွေ ဖြစ်ပါတယ်။
အသည်းပုံတင်ပါး
ဒီတင်ပါးပုံစံက တင်ပါးပုံစံတွေထဲမှာ အကောင်းဆုံး တင်ပါးလို့ဆိုနိုင်ပါတယ်။ အောက်ပိုင်းနားမှာ ပြည့်တင်းပြီး အပေါ်ပိုင်းခါးအရောက်မှာ သေးသွယ်သွားတဲ့ တင်ပါးမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပုံစံမျိုးက အပေါ်ဘက်ပေါင်နေရာတွေမှာ အဆီပိုတွေများနေတတ်တာကို ပြပါတယ်။ အသက်ရလာတာနဲ့အမျှ တင်ပါးက အဆီတွေက ဝမ်းဗိုက်နဲ့ ခါးနေရာတွေမှာ အဆီတွေရွှေ့သွားတတ်တာကြောင့် ဗိုက်ပူ၊ ခါးတုတ်အမျိုးသမီးကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်အနာဂတ်ကျန်းမာရေးအတွက် အခုကတည်းက အဆီပိုတွေကို ဖယ်ရှားနိုင်မယ့် လေ့ကျင့်ခန်း၊ စားသောက်ပုံတွေနဲ့ ထိန်းထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဗွီပုံတင်ပါး
အသက်ကြီးတဲ့အမျိုးသမီးကြီးတွေမှာ တွေ့ရများတဲ့ တင်ပါးမျိုးဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အမျှ အီစထရိုဂျင်ဟော်မုန်းထုတ်ပေးမှုနည်းလာတာကြောင့် တင်ပါးက အဆီတွေက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေဆီကို ရွှေ့သွားခြင်းကြောင်း ဗွီပုံသဏ္ဍန်ဖြစ်လာတာပါ။ သင့်မှာဒီလိုပုံစံတင်ပါးမျိုးရှိရင်တော့ နှလုံးဆီမှာ အဆီများသွားစုခြင်းကို ရှောင်နိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ပြီး တားဆီးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ခရက်ဒစ်: မူရင်း
Credit:မူရင်းရေးသားသူ
တင်ပါးပုံစံကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကိုသိနိုင် (ကျား/မ ယေဘူယျ)
Reviewed by MP4 YoU
on
January 29, 2017
Rating: 5
Reviewed by MP4 YoU
on
January 29, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment