Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 13, 2017

ပွင့်တာအပြစ်လား



ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ဟာသ ကားလေး

ကို ညွှန်းပေးလိုက်ပါ တယ်။

ဘူစွာတို့ သူငယ်ချင်းလေး ယောက်က နယ်ကနေအလုပ်လုပ်ဖို့ တက်လာခဲ့ကြပါတယ်။ သူတို့ က နယ်ကနေ တက်လာပေမယ့် အလုပ်ရွေးနေတာကြောင့် အ လုပ်မရကြပါဘူး။ အဲဒါကြောင့် သူတို့ငှားနေတဲ့ အိမ်ကလည်း အိမ်ငှားခမရတာကြောင့် သူတို့ကို အိမ်ပေါ်ကနေဆင်းဖို့ပြော ထားပါတယ်။ သူတို့စားသောက်ဖို့အတွက်ကလည်း လမ်းထဲက ဆိုင်တစ်ဆိုင်မှာ အကြွေးစားနေတာကြောင့် ဆိုင်ကလည်း အ ကြွေးတောင်းနေပါပြီ။

ဦးမာဘယ်က သူဌေးပေမယ့်လည်း ခွတီးခွကျနိုင်ပါတယ်။ ဘယ်လောက်ထိလဲဆိုရင် အိမ် မှာကားအကောင်းစားရှိပေမယ့် ဒရိုင်ဘာမငှားတာကြောင့် အငှားကားငှားစီးရပါတယ်။ ဒါပေမဲ့လည်း အငှားကားသမားရဲ့ကားကို သူက အပြစ်ပြော၊ ကားမောင်းတာကိုလည်း အပြစ်ပြောနေတာကြောင့် ကားသမားက လမ်းမှာချထားခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံခြားမှာကျောင်းတက်နေတဲ့ ဦးမာဘယ်ရဲ့ သမီးပြန်လာမယ့်အချိန်မှာတော့ သူ့သမီးအတွက် အစစအရာရာ အဆင်ပြေဖို့ အလုပ်သမားခေါ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူအလုပ်သမားခေါ်တာက သူများတွေနဲ့တော့မတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အလုပ်သမားတွေကို မိန်းမ လျာတွေကိုပဲခေါ်ခဲ့တာပါ။ အဲဒီအလုပ်ခေါ်တဲ့ကြော်ငြာကို တွေ့သွားတာကတော့ ဘူစွာတို့သူငယ်ချင်းတွေပါ။ အလုပ်ခေါ်တာကလည်း ဒရိုင်ဘာရယ်၊ ထမင်းချက်ရယ်၊ မာလီရယ်၊ ခြံစောင့်ရယ် ခေါ်ခဲ့တာကြောင့် သူတို့လေးယောက်နဲ့လည်း ကွက်တိဖြစ်နေပါတယ်။ နောက်ပြီးတော့ ပေးထားတဲ့ လစာတွေကလည်း စရိတ်ငြိမ်းကို မက်မောစရာဖြစ်တာကြောင့် အလုပ်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။

သူတို့အလုပ်သွားလျှောက်တဲ့အချိန်မှာလည်း ဦးမာဘယ်က သဘောကျတာကြောင့် လေးယောက်လုံး အလုပ်အတူတူရသွားခဲ့ပါတယ်။ စရိတ်ငြိမ်းဖြစ် တာကြောင့်ဘူစွာတို့ သူငယ်ချင်းလေးယောက်စလုံး စားစရာ၊ နေစရာလည်း ပူစရာမရှိတော့ပါဘူး။ ဒါပေမဲ့လည်း သူတို့ရဲ့ နာမည် တွေကတော့ မိန်းမဆန်အောင် ဘူဘူ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဦးမာဘယ်ရဲ့သမီး ပန်းနုလည်း မြန်မာနိုင်ငံကို ပြန်ရောက်လာပါတယ်။ ဘူဘူတစ်ဖြစ်လဲ ဘူစွာက ပန်းနုရဲ့ ဒရိုင်ဘာ အနေနဲ့ ကားမောင်းပေးရတာပါ။

လေးယောက်စလုံးက ယောက်ျား လေးစစ်စစ်တွေကနေ မိန်းမလျာ ယောင်ဆောင်နေရတာကြောင့် သူတို့နေတဲ့ အခန်းထဲမှာတော့ လွတ်လွတ်လပ်လပ်နေကြပါ တယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ ပန်းနုရဲ့ မွေးနေ့ကို အိမ်မှာ ကျင်း ပပေးခဲ့ပါတယ်။ အဲဒီနေ့မှာတော့ ဘူစွာတို့ သူငယ်ချင်းလေး ယောက်အရက်တွေ အလွန်အ ကျွံသောက်ခဲ့ကြပါတယ်။ မိန်းမလျာယောင်ဆောင်ထားတဲ့ ဘူစွာတို့သူငယ်ချင်းတွေ အလိမ်ပေါ်သွားမှာလား၊ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆောင်းည ပြာသိုထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ ပွင့်တာအပြစ်လားဆို တဲ့ ဇာတ်ကားလေးမှာ ဆက်လက် ရှုစားပေး ပါ။

ဒီဇာတ်ကားမှာ ဘူစွာအဖြစ် မြင့်မြတ်နဲ့ ပန်းနုအဖြစ် စံရတီမိုး မြင့်တို့နဲ့အတူ ဟာသသရုပ် ဆောင်တွေ ပါဝင်သရုပ်ဆောင် ထားပြီး နေခြည်အောင်သစ်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ထား ပါတယ်။

Sources; 7 Day News Journal

No comments:

Post a Comment