Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 15, 2016

တစ်နေ့ ရေတစ်ဂါလံသောက်ရင် ရရှိမယ့်အကျိုးကျေးဇူး (၅) ခု


ရေများများသောက်ခြင်းဟာ  အစာအိမ်ကို  ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေပါတယ်။

၁ - အလွန်အကျွံစားခြင်းကို တားဆီးနိုင်မယ်

ရေသောက်လေ ဗိုက်ပြည့်လေပါပဲ။ မလိုအပ်ဘဲ အစားအသောက် အလွန်အကျွံစားခြင်းကနေ ရှောင်ရှားနိုင်ပါမယ်။

၂ - အသားအရေကောင်းမယ်

ရေများများ သောက်ခြင်းကြောင့် သင့်အသားအရေက ကြည်လင်လာပါမယ်။ အရေအကြောင်းတွေထင်ခြင်းကို ကောင်းကောင်းတားဆီးနိုင်မှာဖြစ်ပါတယ်။

၃ - အဆိပ်များကို ဖယ်ရှားပေးတယ်

ရေများများသောက်ခြင်းဟာ အစာအိမ်ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေပါတယ်။ ခန္ဓာကိုယ်ကောင်းကောင်းလည်ပတ်စေဖို့ ရေများများလိုအပ်တာဖြစ်ပါတယ်။

၎ - ခေါင်းကိုက်လျော့ကျ

ရေဓာတ်ကုန်ခမ်းခြင်းရဲ့ ပထမဆုံးလက္ခဏာဟာ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ရေအပြည့်အဝသောက်ခြင်းနဲ့ ခေါင်းကိုက်မှုကို အများကြီးသက်သာစေပါတယ်။

၅ - မျက်ကွင်းညိုခြင်းကိုသက်သာစေတယ်

အမျိုးသမီးတွေ အများစုဖြစ်တတ်တဲ့ မျက်ကွင်းညိုခြင်းကို ရေအပြည့်အဝသောက်ခြင်းနဲ့ မှိန်ဖျော့စေနိုင်ပါတယ်။
Credit - Duwun

No comments:

Post a Comment