Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 18, 2016

ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတဲ့ အမေရိကန်ရောက် မြန်မာအမျိုးသမီးတစ်ဦး




တော်ရာမှာ ပျော်သလို နေတယ် ဆိုပေမယ့်…

***

ချီကာဂိုမြို့က Millenium Park ထဲမှာ လည်ပတ်ရင်း သူများနိုင်ငံ လှပပုံကို ပြောဆိုရင်းနဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တွေကို ကျကျနန စော်ကားပြောဆိုထားတဲ့ အမျိုးသမီး တယောက်ရဲ့ ဗွီဒီယို ဖိုင်ကို ကြည့်လိုက်ရတယ်။

“ငါတို့ ဗမာပြည် ဒီလို ဘယ်တော့ ဖြစ်လာမလဲ မသိဘူးနော်” လို့ အစချီပြီး လေသံဝဲ၀ဲနဲ့ ပြောဆိုနေတဲ့ အဲဒီ အမျိုးသမီးရဲ့ စကားတွေက ဘာကို ပြလဲ ဆိုတော့ အမုန်းတရားတွေကို ပြတယ်။ ပြီးတော့.. အားနာနာနဲ့ ပြောရရင် ပညာမဲ့ခြင်း၊ စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးခြင်းကို ပြတယ်။

***

ကျွန်တော်တို့တတွေ သူများနိုင်ငံကို အကြောင်း အမျိုးမျိုးနဲ့ ရောက်သွားကြတယ်။ အမေရိကားလို နိုင်ငံကြီးရဲ့ တိုးတက်မှုကို မြင်တော့ အားမကျဘဲ ဘယ်နေပါ့မလဲဗျာ။ အားကျတာပေါ့။ ဒါပေမယ့် အဲဒီ အားကျမှုတွေက ကိုယ့်နိုင်ငံကို ပြန်အထင်သေးဖို့တော့ မဟုတ်ဘူးဗျ။

ကိုယ့်နိုင်ငံမှာ ဘာတွေ ဖြစ်နေတယ်၊ ဘယ်သူက ဘာတွေ တကယ်ပဲ ကြိုးကြိုးစားစား လုပ်ဆောင်နေတယ်။ ခေါင်းဆောင်ဆိုးက ဘယ်သူဖြစ်ပြီး ခေါင်းဆောင်ကောင်းက ဘယ်သူ ဆိုတာလေးကိုလဲ ကျွန်တော်တို့ နားလည်နိုင်ဖို့လဲ လိုလိမ့်မယ်။

သူတို့နိုင်ငံရဲ့ အထင်ကရ နေရာတွေသွား၊ ငေးမောကြည့်ပြီး ကိုယ့်နိုင်ငံကို ပြန်ကဲ့ရဲ့…။ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားတတ်ရင် ရှက်စရာ ဘယ်လောက်များ ကောင်းလိုက်မလဲ။

***

တကယ်ဆို ကျွန်တော်တို့လို အမေရိကားရောက် မြန်မာတွေက အမိ မြန်မာပြည်က ကိုယ့်အိမ်မှာကိုယ် အေးအတူ ပူအမျှ မနေနိုင်ဘဲ အပြင်ထွက်နေကတည်းကိုက စဉ်းစားကြည့်ရင် အတော်လွန်နေပြီလို့ ကျွန်တော်က ခံစားရပါတယ်။

ကိုယ့်အတ္တကိုယ်စီနဲ့ကိုယ် ငါ့သား၊ ငါ့သမီး၊ ငါ့မိသားစု နောင်ရေး ဆိုတာကို နောက်တန်း မပို့နိုင်အားသေးတော့ အဝေးရောက်ဘ၀ကို ပျော်ပျော် မပျော်ပျော် ခံယူကြ၊ တချို့လဲ ပျော်ပျော်ကြီးကို ခံယူကြ။ ဒီလောက်နဲ့တင် ကျေနပ်သင့်နေပါပြီ။

***

လူဆိုတာ အမြင်တွေ ကွဲလွဲခွင့် ရှိတာပေါ့။

ကျိုးကြောင်း သင့်တင့်မျှတသော အမြင်ကွဲလွဲမှုတော့ ဖြစ်ရလိမ့်မယ်။ အမြင်မတူတာဟာ တဘက်သားကို အသားလွတ် မုန်းတီးဖို့ မဟုတ်ဘူး။

သူတို့ တိုးတက်နေတာကို အားကျရင် ငါတို့နိုင်ငံလဲ တိုးတက်အောင် ငါကရော ဘာလုပ်ပေးနိုင်မလဲ ဆိုတာလေးလောက်တော့ တွေးတတ်ရမယ်။ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေကို မကြိုက်နဲ့..၊ ရတယ်။ ကိစ္စမရှိဘူး။

ဒါပေမယ့် ကိုယ့်အသိဉာဏ်ကိုလဲ ကိုယ် မှန်မှန်ကန်ကန် အသုံးချနိုင်၊ သုံးသပ်နိုင်ရမှာပေါ့။ ဒီလိုမှ မဟုတ်ရင် တိုးတက်တဲ့ နိုင်ငံကို ရောက်နေတာက သပ်သပ်၊ စဉ်းစားဆင်ခြင် ဉာဏ်ခေါင်းပါးတာက သပ်သပ် ဖြစ်နေမှာပဲ။

အမေရိကား ရောက်သွားတယ်။ ဘာတတ်လာလဲလို့ မေးလို့ ၀ှတ်သဖတ်ခ် လို့ ဆဲတတ်လာတာ တခုပဲ တိုးလာတယ် ဆိုရင် ဘာများ အသုံးကျဦးတော့မှာလဲ။

***

ကလိုစေးထူး
ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၆ ခုနှစ်။ မနက် ၃ နာရီ ၁၀ မိနစ်။

No comments:

Post a Comment