Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 30, 2016

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ



နေပြည်တော်၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၉ ရက်တွင် ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများသည် ကျီးကန်းပြင် (အနောက်ရွာ)တ၀ိုက် ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ကော်ဒီမူလာ(ဘ) ဇော်ကီအာမောက်နှင့် အစစ်ဆေးမခံဘဲပုန်းအောင်းနေသည့် မာမွတ်အာလောင် (ဘ)အော်လီအာမတ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (ကျီးကန်းပြင်)၌ ထိန်းသိမ်းထားရှိကာ တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/

No comments:

Post a Comment