Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 22, 2016

သမီးငယ် နှစ်ဦးအား သေတွင်းထဲ ပို့ ခဲ့သည့် အရက်စက်ဆုံး မိဘနှစ်ဦး



၂၂-၁၂-၂၀၁၆

ဒီကနေ့ မနက်ပိုင်း UK နိုင်ငံထုတ် independent. သတင်းစာကြီးမှာဖေါ်ပြ ထား တုန်​လှုပ်​ ခြောက်ခြားဖွယ် သတင်းဖြစ်ပါတယ်။ Syrian father young daughters to suicide missions ခေါင်းဏ်နဲ့  ဖေါ်ပြ ထားတဲ့ ဆီးရီးနိုင်ငံ တွင်းက ISIS အစ္စလာမ်မစ် သူပုန်အဖွဲ့ ဝင် လင်မယား က သူတို့ ရဲ့  သမီး ငယ်နှစ်ဦး အသက် (၇)နှစ်နဲ့  (၁၀) နှစ်ကို မြို့ လည်ခေါင်မှာ အသေခံ ဗုံးခွဲဘို့  မလွှတ်ခင် ရိုက်ကူး ထား တဲ့ မှတ် တမ်းပါ။


ဘာသာရေးဆရာသူပုန် ခေါင်းဆောင်က ခိုင်းစေတာကို မိမိကိုယ်တိုင် မသွား ဘဲ နောက်ကွယ်ကနေ မသိနာမလည်တဲ့ ခလေးတွေကို သေတွင်း ပို့ လိုက် တဲ့ ဖြစ်ရပ်ဟာ စိတ်ထား မြင့်မြတ်သူတွေရဲ့  လုပ်ရပ် မဟုတ်သလို ခလေးငယ်တွေအတွက် အလွန်စိတ်မကောင်းစရာ ဖြစ်ရပ်ပါ။

ဘယ်ဘာသာ ဘယ်ဘုရားက မိမိခလေးတွေကို ခုလို လုပ်ရပ်မျိုးတွေ နဲ့  ကုသိုလ်ယူရမယ်လို့  မဟောကြားခဲ့တာတော့ သေခြာပါတယ်။


ကမ္ဘာမှာ အကြောက်ရဆုံးက ဘာသာရေး ဟန်ပြပြီး မိမိအတွေးအခေါ် အယူ အဆတွေကို ဘုရားဟောသလို မျိုး ပြုပြင်ပြီး သမိုင်းကြောင်းအတု တွေကိုဟော အယူဝါဒမှိုင်း သွင်းနေကြတဲ့ အယူလွဲ ဘာသာရေးခေါင်းဆောင်တွေဖြစ် ပါ တယ်။

Social Action for Women - SAW

No comments:

Post a Comment