Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 22, 2016

ကားချာလည်လှည့်မသွားအောင်


ဟိုနေ့​က သူငယ်ချင်း​တစ်ယောက် အမြန်လမ်းမှာ ဆိုင်ကယ်​ရှောင်​ရင်း ကားမှောက်ပြီး ဆုံး​သွား​တယ် ကြား​ရတော့ ကိုယ်​တွေ​လည်း​ ဒီ​စာလေး​ရေး​အုန်း​မှပါပဲ ဆိုပြီး အခုတော့ရေးလိုက်ပါတယ်။
တ​လော​က( စ )လုံး သတင်း​စာမှာ မလေးရှား​နိုင်ငံ​က သတင်း တစ်ပုဒ်​ ရေးထားတာတွေ့မိပါတယ်။ မလေးမှာ ၂၀၁၇ အကုန် ကြရင် ကားတိုင်းမှာ ESC စနစ်​မပါ မဖြစ်​ပါရတော့ပါမယ်တဲ့။ ESC ရဲ့ အရှေကောက်ကတော့ electronic stability control ပါ။ ကားတိုင်းမှာ အဲ့​စနစ် မပါ​မနေရ လုပ်​ကတဲ့ အကြောင်း​အရင်း​ကတော့ ယာဉ်​မတော်​တဆ ဖြစ်​မှု​တွေရဲ့ ၄၀ ရာခိုင်နှုန်း နီးပါး​က အဲ့ဒီ စနစ် မပါ​တဲ့ ကား​တွေ စီးနေကြလို့ ပါတဲ့။
ကိုယ်​တွေ​လည်း စက်​ပစ္စည်း​စိတ်ဝင်စား​သူ ဆိုတော့ အွန်လိုင်း​မှာ ESC အကြောင်း​ကို လိုက်​ရှာ ဖတ်ကြည့်​တာပေါ့။ အဲဒီ​မှာ ဘာသွားတွေ့လည်း ဆိုတော့ မြန်မာ​ပြည် အမြန်လမ်းမှာ ကားမတော်တဆပုံ တွေကို​ကြည့်​လိုက်​ရင် ကားတွေ ချာချာ​လည်​ပြီး မှောက်​ထား ကြတာများတယ်။
အမြန်လမ်းမှာ အရှိန်​နဲ့​မောင်းလာတုန်း ကားလမ်း​အကွေ့ အကောက်​တွေ​မှာ အရှိန်​များသွားတာမျိုး၊ ကားလမ်း​ပေါ်​ကို ရုတ်တရက် နွားတို့ ဝက်တို့ပြေးတက်လာတာမျိုး၊ ဆိုင်ကယ် ရုတ်တရက် ဖြတ်​ဝင်​လာတာမျိုး၊ ရှေ့​ကားပေါ်​မှ ပစ္စည်း​တစ်ခု​ခု ပြုတ်​ကျ​လာတာမျိုး၊ အဲဒီ​လို အခြေအနေ​မျိုး​တွေမှာ လူတွေ​က လူ့သဘာဝ​အရ ကို​ယ့်ကားကို အမြန် စတီယာရင် ကို ဆွဲ​လှည့်​ပြီး ရှောင်​တိမ်းတတ်​ကြပါတယ်။ ပြဿနာက အဲဒီ​မှာစပါတယ်။ အဲဒီလို အမြန်မောင်းနေချိန်မျိုး ရုတ်တရက် အရေး​ပေါ် စတီယာရင်​ကို ဆွဲ​လှည့်​ပြီး ရှောင်​တိမ်း​ဖို့​လုပ်​ချိန်မှာ physics သဘော​အရ ကားရဲ့ အချို့​သော ဘီးလုံး​များ​ဟာ လမ်း​နဲ့ လွတ်​ထွက်သွား​ပါတယ်။ အဲဒီလို အချိန်​မျိုး​မှာ ကား​မောင်း​သူတွေ​က ကားပြန်တည့်​ဖို့ ဆိုပြီး စတီယာရင်​ကို ဆန့်ကျင်​ဘက်​ကို ပြန်​ဆွဲ​ပါတော့​တယ်။ ဒါပေမယ့်​လည်း ဘီးလုံး​များ​က မြေကြီး​နဲ့ အကုန်​မထိနေတာကြောင့် ကားဟာလည်း ချာချာ​လည် ဂျွမ်း​ပြစ်သွားပြီး လူတွေ​လည်း အနိစ္စ ချောပါတော့တယ်။
ဒီ​လို အခြေအနေ​မျိုး​မှာ ESC စနစ်​ကြီး​က လူ့ အသက်​ကယ်တင်​ဖို့ အရေး​ပါလာပါတယ်။ ESC စနစ်​ကြီး​က ကားအရှိန်နဲ့ သွားနေတုန်း ကား​သမား​က ခုနလိုများ ရုတ်တရက်​ကြီး စတီယာတိုင်ကို ဆွဲလှည့် လိုက်​ပြီဆိုတာနဲ့ အောက်​ပါ အချက်​တွေကို ထိန်း​ညှိ​ပေးပါတော့တယ်။
(၁) အင်​ဂျင် ပါ​ဝါ​ကိုရှော့ချခြင်း၊
(၂) ကား ဘီးလုံး တစ်​လုံး​ချင်း စီကို မတူညီတဲ့ ဘရိတ် ဆွဲအုပ်ပေးချင်း၊
ရလဒ်​ကတော့ အစော​ပိုင်းက​ပြောခဲ့​သလို ကားဘီးလုံးတွေ လေထဲကိုမြောက်ထွက်သွားတာကို တားဆီး​ပေးပါတယ်။ ကား ဘီးလုံး တွေလမ်းနဲ့ အပြည့်ထိနေတဲ့ အတွက် ကားကို ပြန်​ထိန်း​လို့​လွယ်​သွားပါတယ်။
ESC စနစ်​ကို ကားထုတ်တဲ့ ကုမ္ပဏီ အမျိုး​မျိုး​က နာမည်​အမျိုး​မျိုး​ပေးကြပါ​တယ်။ တစ်​ချို့ ကုမ္ပဏီ​တွေ​က Electronic Stability Program (ESP) လို့​လည်း​ခေါ်​ပါတယ်။ Honda လို ကုမ္ပဏီ​မျိုး​ကြတော့​လည်း VSA (Vehicle stability assist) လို့​ခေါ်​ပါတယ်။
နိုင်​ငံ​တွေရဲ့ ဥပဒေ မတူညီလို့ ဘယ်​မော်ဒယ်​မှာ ESC ပါသလဲဆိုတာ ပုံ​သေပြောလို့ မရပါဘူး။ Honda fit လိုမျိုးဆိုရင်၂၀၁၁ မော်​ဒယ်လ် ကစပြီးတော့ ဒီ​စနစ်​ပါလာပါတယ် ဆိုပြီး ရေးထားတာတော့ တွေ့မိပါတယ်။
တစ်​ချို့​နိုင်ငံ​တွေမှာ ကားပိုင်ရှင်ပေါ် မူတည်​ပြီး ထည့်​သူရှိတလို၊ မ​ထည့်သူလည်းရှိပါတယ်။ ESC ထည့်​ထားတဲ့​ကားက မပါတဲ့ကားထက် ပိုဈေးကြီးလို့ တစ်​ချို့​တွေလည်း မထည့်တာပါ။ တစ်​ချို့​ကြတော့လည်း ESC ပါရင် ဆီစားပြီး၊ ကားသိပ်မပြေးဘူးဆိုပြီး မကြိုက်ကြပါဘူး။ drift ဆွဲ​ချင်သူများ အတွက်​လည်း ESC ပါရင် အဆင်မပြေ​ပါဘူး။
ESC ကိုယ့်ကားမှာ ပါမပါစစ်ချင်ရင် ကားစက်နိုးတဲ့ အခါ ဒတ်စ်ဘုတ်ပေါ်မှာ ESP/ESC/VSA​ ဆိုပြီး​စာအတိုကောက်နဲ့ မီး​လေးလင်းပြီး ပြန်​မှိတ်​သွားပါ​မယ်။ တချို့​ကားတွေ​မှာ ESC ကို on/off ခလုတ်​လည်း သပ်​သပ်ထည့်ပေးထားပါတယ်တဲ့။ on လုပ်​ပေး​ထား​ရင်တော့ အသက်​အန္တရာယ် ကြုံ​လာရင် ESC မီးလေးလင်းလာပြီး ကားကို အန္တရာယ်​ကင်းအောင် အော်တို ဝင်ထိန်းပေးပါ လိမ့်မယ်။ off လုပ်​ထားရင်တော့ ကိုယ့်စိတ်နဲ့ကိုပါပဲ။ မြို့တွင်း​လမ်းများမှာတော့ အရှိန်​နည်း​နည်း​နဲ့မောင်းလို့ မလိုပေမဲ့၊ အမြန်လမ်းမှာ​တော့ on ထား​သင့်​ပါတယ်။
လူတွေ အားလုံး အန္တရာယ်​ကင်း​နိုင်ကြ​ပါစေ​ဗျာ။
Credit #HarryAung





No comments:

Post a Comment