Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 28, 2016

တစ်နှစ်လုံး (၉၅)သိန်းပဲ စုမိလို့ ဝမ်းနည်းနေတဲ့ ဂျေနော

 28.11.2016

၂၀၁၆ တစ်နှစ်လုံးစုထားတာလို့ သိရပါတယ်။
Badge Me


မော်ဒယ် ဂျေနောက အနုပညာအလုပ်တွေ လုပ်ရင်း ၂၀၁၆ ခုနှစ် တစ်နှစ်လုံး  ပိုက်ဆံ စုဆောင်းလာခဲ့တာ (၉၅)သိန်းပဲ ရလို့ စိတ်မကောင်းဖြစ်နေပါတယ်။  ၂၀၁၆ နှစ်စပိုင်းလောက်ကနေ ဖြူဖြူစင်စင် ရိုးရိုးသားသားနဲ့ ကြိုးစားရှာဖွေပြီး စုဆောင်းလာတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

တစ်လတစ်လ ကုန်ကျစရိတ်တွေ သောက်သောက်လဲ ကုန်တာကြောင့် ဒီလောက်ပဲ စုမိတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ "ကုန်ကျစရိတ်က လည်းတစ်လတစ်လ တောက်တောက်လဲ ကုန်သလား မမေးနဲ့လေ နော်။ ဒီနှစ်တော့ ဒီလောက်ဘဲ စုမိတော့တယ်။ ဘာဘဲပြောပြော ရှေးဦးစွာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" လို့ ပြောထားပါတယ်။



Model အလုပ်ကို ရိုးသားစွာ လုပ်ကိုင်ကြသူတိုင်း သူမခံစားနေရတဲ့ ခံစားချက်ကို သိမယ်ထင်ပါတယ်လို့ လည်း ရေးသားထားပါသေးတယ်။  ဂျေနောဟာ ကချင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး မော်ဒယ်လောကမှာ နေရာတစ်နေရာ ရပေမဲ့လည်း ဆက်လက် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျေနောဟာ လက်ရှိမှာ Photo Shooting များ နဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက Kanebo ရဲ့ ၁၅ပြည့် နှစ်ပတ်လည် ဖက်ရှင်ရှိုးမှာလည်း ပါဝင် ရှိုးလျှောက်ခဲ့ သေးပါတယ်။

No comments:

Post a Comment