Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 29, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စင်ကာပူခရီးစဉ် မနက်ဖြန် စတင်မည်

ဓာတ်ပုံ - Myanmar State Counsellor Office 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စင်ကာပူခရီးစဉ် မနက်ဖြန် စတင်မည် ၊ ခရီးစဉ်အတွင်း စင်ကာပူသမ္မတ ၊ ၀န်ကြီးချုပ်တို့အပါအ၀င် အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စင်ကာပူနိုင်ငံခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ သမ္မတ J Y Pilly ၊ ၀န်ကြီးချုပ် လီရှန်လွန်းတို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေညာပါတယ်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ နိုဝင်ဘာလ (၃၀) ရက်ကနေ ဒီဇင်ဘာလ (၂) ရက်နေ့အထိ စင်ကာပူနိုင်ငံကို လာရောက်မှာဖြစ်ပြီး သမ္မတ ၊ ၀န်ကြီးချုပ် တို့နဲ့ တွေ့ဆုံ မှာဖြစ်သလို ၀ါရင့်ဝန်ကြီး ဂိုချောက်တောင် ၊ ဒုတိယ၀န်ကြီးချုပ် Teo Chee Hean တို့နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 စင်ကာပူနိုင်ငံခရီးစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အဆင့်မြင့်အရာရှိတွေ လိုက်ပါလာမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

 ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ IE Singapore’s Global Conversations ကို စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူတက်ရောက်မှာဖြစ်ပြီး စင်ကာပူနိုင်ငံ ရုက္ခဗေဒဥယျာဉ် အတွင်းရှိ သူမရဲ့ နာမည်ကို ဂုဏ်ပြုပေးထားတဲ့ သစ်ခွပန်းကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စင်ကာပူနိုင်ငံရှိ အာရှယဉ်ကျေးမှုပြတိုက်မှာ ပြုလုပ်မယ့် ရှေးမြန်မာ အသုံးအဆောင်ပစ္စည်းများပြပွဲ ဖွင့်ပွဲကို ၀န်ကြီးချုပ် လီရှန်လွန်းနဲ့အတူ တက်ရောက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews/

No comments:

Post a Comment