Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 24, 2016

ဗိုလ်အောင်ဒင်သီချင်းသည် အနုပညာဖန်တီးမှုအရ အောင်မြင်ခဲ့သော်လည်း ငွေကြေးအရ အောင်မြင်မှုမရှိခဲ့ဟု တေးသံရှင် မနော ပြောဆို

ဝါးဝါး ( မြစ်မခ )
ရန်ကုန်၊ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာ လတွင် အဆိုတော်မနော၏ ဗိုလ်အောင်ဒင် သီချင်းသည် အနုပညာဖန်တီးမှုအရ အောင် မြင်ခဲ့သော်လည်း ငွေကြေးအရ အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။ အဆိုတော်မနောသည် ၄င်းဖန်တီးထား သော မြန်မာသံစဉ်သီချင်းများကို ပရိသတ် နားဆင်ရန်အတွက် ၄င်းကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် ပေခ်ျ့(Manaw မနော)မှ ဖြန့်ချိခဲ့ခြင်း ဖြစ် သည့်အတွက် ငွေကြေးအကျိုးအမြတ် မရခဲ့ ကြောင်း မနောကပြောသည်။

''ဒီသီချင်းကို တေးရေး သဟာအောင် က ရေးပေးတာပါ။ ဒီသီချင်းပေါ်မှာ အနု ပညာအရ အောင်မြင်ပေမယ့် ငွေကြေးပိုင်း မှာကျတော့ မရခဲ့ဘူး။ ကျွန်တော်ဒီသီချင်းကို အခွေထွက်မှထည့်မယ် လုပ်ရင်းကနေ အခွေ ကထွက်ဖို့ ကြာနေတာနဲ့အခုလို စေါန က ဖြန့်တာပါ။ ပရိသတ်အနေနဲ့ အရမ်းစောင့် ရတာမျိုးမဖြစ်တော့ဘူး။ ဒီသီချင်းကို ပိုက်ဆံ ရဖို့မရဖို့ထက် ကိုယ့်အနုပညာကို ခံစားဖို့ လုပ် တာမို့ ငွေကြေးမရလဲ ကိစ္စမရှိပါဘူး''ဟု အဆို တော် မနောကပြောသည်။

အဆိုတော်မနောသည် ဂီတနှင့်ပတ် သက်ပြီး ချစ်မြတ်နိုးစိတ်ရှိသည့်အတွက် ခေတ်ပေါ်ဂီတသာမက မြန်မာသံစဉ်ဂီတများ ကိုပါ ဖန်တီးခြင်းဖြစ်ကြောင်း သိရသည်။ ''ကျွန်တော် ၂ဝ၁၁ခုနှစ်မှာ လက်ချောင်း များ အခွေထွက်ခဲ့တယ်။ လက်ချောင်းများ အခွေလုပ်နေကတည်းက မြန်မာသံစဉ်အခွေ ကို လုပ်နေတာပါ။ လက်ချောင်းများအခွေက အရင်ထွက်ခဲ့တာပေါ့။ ဒီကြားထဲမှာ မြန်မာ သံစဉ်ခွေကို DVD ရိုက်နေတာ အရမ်းကြာ နေပြီ။ ဒါကြောင့် သနပ်ခါးလေးနဲ့ဆိုတဲ့ သီချင်းကို ဏေါနမှာ တင်တယ်။ နောက်တော့ ကြာဖြူတို့၊ ဗိုလ်အောင်ဒင်တို့ကို တင်ပေးဖြစ် တာပါ။ ဒီမြန်မာအခွေကို အားတဲ့အချိန်မှာ လုပ်နေတဲ့အတွက် ဒီမြန်မာခွေကို တန်ဆောင် မုန်းမှ ဖြန့်လို့ရမှာ''ဟု ¤င်းကဆက်ပြော သည်။

မနောသည် ဂီတလောကကို ၂ဝဝ၆ ခုနှစ်က စတင်ခဲ့ပြီး ၂ဝ၁၁ခုနှစ်တွင် လက် ချောင်းများ တစ်ကိုယ်တော် အခွေထွက်ခဲ့ပြီး နောက်တွင် အဆိုတော်လှိုင်ဦးမော်နှင့် အတွဲ ခွေ နှစ်ခွေထွက်ရှိထားကြောင်း သိရသည်။
yangonmedia



No comments:

Post a Comment