Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 24, 2016

ခဏပျော်အချစ်ကြောင့် အပျိုကြီးပဲဖြစ်လိမ့်မယ်လို့ သင်ဇာဝင့်ကျော် ဟောကိန်းထုတ်

မင်းလည်းဘိုကေ ငါလည်းဘိုကေ   ဆိုတဲ့ ဇာတ်ကားထဲမှာ   ဆရာမလေး  ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတဲ့ သင်ဇာဝင့်ကျော်ကို တွေ့ဆုံခိုက် မေးမြန်းထားမှုများကို တင်ဆက်ပေးလိုက်ပါတယ်။

''မင်းလည်းဘိုကေ ငါလည်းဘိုကေ''ဆိုတဲ့ ဇာတ်ကားမှာ သင်ဇာ ပါဝင်ရတဲ့ အခန်းလေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ပြောပြပေး ပါဦး။
ဒီကားလေးမှာ သင်ဇာပါဝင်ရတဲ့ အခန်းလေးက နည်းပေ မယ့်လည်း ဆရာမလေး ကာရိုက်တာကိုကြိုက်လို့ လက်ခံဖြစ် ခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း ဆရာမတစ်ယောက် ကာရိုက် တာကို သေချာမလုပ်ဖြစ်သေးတဲ့အတွက် မတည့်တဲ့အဖွဲ့နှစ်ဖွဲ့ ကိုလည်း တည့်အောင်လုပ်ပေးရတယ်။ ဦးဆောင်လမ်းပြ လည်း လုပ်ပေးရမယ်။ ပြီးတော့ ကားရဲ့ ပေးထားတဲ့ မက်ဆေ့ခ်ျ လေးကို ကြိုက်တဲ့အတွက်ကြောင့် ရိုက်ဖြစ်သွားတာပါ။

နောက်ပိုင်းမှာရော သင်ဇာအနေနဲ့ ကိုယ့်အတွက် ဘယ်လိုကာ ရိုက်တာမျိုးကို ရွေးချယ်ဖြစ်လဲ။
ကိုယ့်အတွက် ဘယ်လိုပဲ အခန်းနည်းနည်းပါ။ အကောင်း ဆုံး သရုပ်ဆောင်နိုင်ရင်တော့ ပရိသတ်က အသိအမှတ်ပြုမှာပဲ။ နောက်ပိုင်းမှာ အခန်းနည်းတာများတာတွေကို မကြည့်တော့ ဘဲ ပရိသတ်ရင်ထဲ ထိနိုင်မယ့် ကာရိုက်တာလား။ ဒီလိုမျိုး သရုပ် ဆောင်လိုက်ရင် ကောင်းတဲ့မက်ဆေ့ ဘယ်လိုတွေရမလဲ ဆိုတာ လေးပဲကြည့်ပြီး ရိုက်ဖြစ်တယ်။

ဟာသကားတွေကို ပရိသတ်တွေက ဝေဖန်နေကြတဲ့အချိန်မှာ အခု သင်ဇာတို့ ဇာတ်ကားကလည်း ဟာသကားဖြစ်နေတဲ့အပေါ် ပြောချင်တာများရှိမလား။
ဟုတ်ကဲ့ပါ။ ဟာသများပေမယ့် နောက်ဆုံးမှာပေးတဲ့ အ ကြောင်းအရာလေးကို ကြိုက်တယ်။ အဲဒါကြောင့်လည်း သင်ဇာ လက်ခံခဲ့တာပါ။ ပရိသတ်တွေ ဒီကားအစအဆုံးကြည့် ပြီးတဲ့အချိန်မှာလည်း ဒီကားကဒီလိုပါလားဆိုတဲ့စိတ်မျိုး ဖြစ် သွားမှာပါ။ ယုံယုံကြည်ကြည်နဲ့ ကြည့်စေချင်တယ်။ ကိုယ်တွေ မြန်မာကားကို ပရိသတ်တွေ ဘယ်လောက်အထိကြိုက်ပြီး ဘယ်လောက်အထိ အားပေးတယ်ဆိုတာ ကိုယ်တွေ အသိဆုံး ပါပဲပေါ့နော်။ ပရိသတ်တွေကလည်း အရမ်းကိုအားပေးချင်ပြီး အားမလိုအားမရဖြစ်လို့ ပြောတာပေါ့နော်။ အဲဒီအတွက်ကြောင့်လည်း ပရိသတ်အ ကြံပြုတဲ့ စကားသံတွေကို နားထောင် ဖို့ အမြဲအသင့်ပါပဲ။ သင်ဇာတို့ဘက် လည်း အကောင်းဆုံးဖြစ်အောင် ဒီထက်အမြဲ ပိုကြိုးစားနေပါ တယ်လို့ ပြောချင်ပါတယ်။

ဒီတစ်နှစ်လုံးအတွက် သင်ဇာကံ ကြမ္မာကိုရော ဘယ်လိုမြင်လဲ။
ဒီနှစ်ကတော့ သိပ်ကံမကောင်း ပါဘူး။ ဒါတောင်မှ ကိုယ်က ဘုရား တရား ဖိပြီးလုပ်ခဲ့တဲ့ နှစ်တစ်နှစ်ပေါ့။

ကိုယ်ကြုံခဲ့တဲ့ အရာတွေအပေါ်ကိုရောဘယ် လို သင်ခန်းစာယူလဲ။
ကိုယ်ဘယ်လိုပဲ ဘုရားတရားလုပ်လုပ် ဖြစ်ဖို့ကံပါရင် တော့ ဖြစ်မှာပဲလေနော်။ ဘယ်တတ်နိုင်မလဲ။ အတိတ်က ပြုခဲ့ တဲ့ ကံဆိုတာလည်း ရှိတာပဲလေ။ ဒီထက် ဆိုးဆိုးရွားရွားတွေ မဖြစ်ဖို့အတွက် ဘုရားတရား ပိုလုပ်ရမယ်ဆိုတဲ့အသိပဲ ဝင် လာပါတယ်။

ဒီနှစ်အတွက်ရော တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်မလား။ တော်တော်များများ အနုပညာမောင်နှမတွေလည်း အစွံထုတ် သွားပြီ ဆိုတော့လေ။
သင်ဇာကတော့ အပျိုကြီးပဲဖြစ်မလား မသိပါဘူး။ မိသား စုနဲ့ အချိန်ကုန်နေရတာကိုပဲ ပိုသဘောကျတယ်။ ပြီးတော့ ရည်းစားထားရင်လည်း ခဏပဲပျော်တယ်၊ နည်းနည်းလေးကြာ လာရင် စိတ်ကရှုပ်လာရော။ ကိုယ့်ဇာတာကလည်း အပျိုကြီး ကံဆိုတော့ အချစ်ရေးကိုတော့ သိပ်ပြီးပြောလို့ မရပါဘူး။
http://www.yangonmedia.com/

No comments:

Post a Comment