Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 12, 2016

အသက် ( ၁၅ ) နှစ်အရွယ် ကလေးမလေးတစ်ဦးရဲ့ ရင့်နှစ်ဖွယ် ဖြစ်ရပ်ပါ


အသက် ( ၁၅ ) နှစ်အရွယ် ကလေးမလေးတစ်ဦးရဲ့
ရင့်နှစ်ဖွယ် ဖြစ်ရပ်ပါ- မိဘတိုင်း ဂရုပြု နိုင်ဖို့ များများ
share ပေးကြပါ ခင်ဗျာ


ကလေးမလေး အသက် က ( ၁၅ ) နှစ်
( ၉ ) တန်းကျောင်းသူလေး- မိဘတွေ ခဗျာ ချစ်ရှာ
လို့  အိမ်ကနေ ကျောင်း- ကျောင်းကနေ အိမ်
မျက်စိအောက်က အပျောက်မခံခဲ့ဘူး- လမ်းဘေး
ထမင်းဆိုင်ဖွင့် ဈေးရောင်းနေပေမယ့် သမီးငယ်ကို
အိမ်မှာဘဲ မိုးလေမထိ ယုယုယယ ဂရုတစိုက်ချစ်ခဲ့တယ်
-
ကလေးမလေးက စာကျက်ရင်း အွန်လိုင်းသုံးရင်းနဲ့ 
Bee talk မှာ အမှတ်မထင် လူယုတ်မာ တစ်ယောက်
နဲ့ ရည်းစားဖြစ်တယ်- နာမည်က သန်းကိုကိုမောင် -
အရပ်က ၅ ပေ ၈ ၀န်းကျင်- သူ့ ကိုယ်သူ အသက်
( ၂၀ )လို့  ပြောတယ်- ( အသက် ၂၀ တော့မဖြစ်
နိုင်ပါ )

-
အဲ့လို နဲ့  တစ်လလောက်အကြာမှာ လူချင်းတွေ့ ဖို့ 
လှည်းတန်း စင်တာရှေ့မှာ ချိန်းကြတယ်- ကလေးမ
လေးက အိမ်နေရင်း အ၀တ်အစား-
လက်ထဲမှာလဲ ပိုက်ဆံ တစ်ထောင်ပဲ ပါတယ်-
အိမ်ကနေ ခဏ ထွက်လာခဲ့တာ-

-
၅-၉-၂၀၁၆ နေ့ လည် ( ၁၂ ) ၀န်းကျင်
လှည်းတန်းစင်တာရှေ့ တွေ့ ကြတော့
သန်းကိုကိုမောင်က ကလေးမလေးကို sunkist
ဗူး တိုက်ပါတယ်- မသောက်ချင်ဘူး
ငြင်းပေမယ့် အတင်းသောက်ခိုင်းလို့ ထက်ဝက်
လောက် သောက်အပြီးမှာ

ကလေးမလေး ဘာမှ မသိတော့ဘူး-
သူ သတိရလာတော့Taxi ကားထဲ
ရောက်နေပြီ- အိမ်တစ်အိမ်မှာ
ကားရပ်တယ်- အိမ်ထဲမှာ သတိရသလောက်က
ကိုကိုမောင် အမေက ကြည့်နေတယ်-
အစ်မ ဖြစ်သူက ကြက်ဥကြော် နဲ့ 
ထမင်းကျွေးဖို့ 
ပြင်ဆင်နေတယ်

-

အဲဒီည နိုးတ၀က် အိပ်တ၀က် -
သတိရလိုက် မရလိုက်နဲ့ -
မနက်မိုးလင်းတော့ လိမ္မော်ရည်
ထပ်တိုက်ပါတယ်- ကလေးငယ်လေးက
သူ့ ကိုေ၇ာင်းစားတော့မှာကို
သတိမရနိုင်လောက်တဲ့ထိ
ဆေးရှိန်မှာ မျောလွင့်နေပါပြီ

-
6-9-2016
Taxi ကား ဟိုတယ်ရှေ့ တခုမှာ ရပ်လိုက်တာ
တော့ သိလိုက်တယ်- မနက် ( ၁၀ ) နာရီ
ဝန်းကျင်- သူဟာ နိုးနေလား အိပ်နေလား
သူ့ ဘာသာ ပြန်မစဉ်းစားနိုင်ဘူး- သူ ကြိုးစား
အားယူထတဲ့အချိန် အခန်းထဲကို
လူတစ်ယောက် ၀င်လာတယ်-အသားမည်း အရပ်ပု- ဆံပင်ဆေးဆိုး
( အနီရောင် )-ဆံပင်စည်းထား- လက်မှာ ကား
သော့ ကိုင်ထား

-

ကလေးငယ်လေး ကြိုးစားထပေမယ့်
မရဘူး- ကြိုးစားရုန်းကန်တယ် -မရဘူး
ဘီလူးစိတ်ထက် ဆိုးရွားကြမ်းတမ်းတဲ့
ကာမဘီလူးဟာ ကလေးငယ်ကို
လုပ်သင့်လား-မလုပ်သင့်လား-သနား
ညှာတာမှု မရှိ-ကိုယ့်သားသမီးအရွယ်
နှမအရွယ်လေးကို ရက်ရက်စက်စက်
နင်းချေတော့တယ်

-
အမေ တ ချိန်မရ- အဖေလို့ အော် ခေါ်ချိန်
မရ- တခါမှ မရောက်ဘူးတဲ့ ဟိုတယ်က
အမှောင်ခန်းထဲ ငရဲပွက်သလို-

( သန်းကိုကိုမောင်က ပါကင်ကြေး ၃ သိန်းကနေ
၅ သိန်းဝန်းကျင် နဲ့ေ၇ာင်းစားထားတာ
ကလေးမလေး မသိ- အသိက ထပြေးဖို့ 
နိုးဆော်ပေမယ့် ခန္ဓာကိုယ်တခုလုံး ထလို့ မရ )

-

ကာမဘီလူး ထွက်သွားလို့ တအောင့်အကြာ
ကိုကိုမောင် ပြန်ဝင်လာတယ်- ဘာဆိုဘာမှ
မပြောဘဲ သားမယားအဖြစ် ( ၃ ) ကြိမ်ဆက်တိုက်
ပြုကျင့်တယ်- ည ရောက်တော့ ( ၂ ) ကြိမ်

-

၇-၉-၂၀၁၆ မနက်မှာလဲ လိမ္မော်ရည်တွေ
ထပ်တိုက်ပါတယ်- နေ့ ည သားမယားအဖြစ်
ထပ်မံပြုကျင့်ပြန်တယ်-ကလေးငယ်ကို ဘာမှ
မကျွေးပါဘူး-ရေလဲ မချိုးရ- ရေလဲ မသောက်ရ
လိမ္မော်ရည် တမျိုးတည်းကိုသာ နေ့ ည
အဆက်မပြတ်တိုက်ပါတယ်-

ကလေးမလေးကို
ရောင်းစားတဲ့ အပြင် ကလေးမလေးအိမ်ကိုပါ
ငွေ ပို့ ပေးဖို့  လှမ်းတောင်းပါတယ်-
အဲ့လိုကနေ ကလေးမလေး ရဲ့ မိဘတွေကလဲ
ပရဟိတအဖွဲ့ တွေ- ရဲတပ် ဖွဲ့ တွေနဲ့ 
ငွေတောင်း ခံတဲ့ နေရာကတဆင့်
အပူတပြင်း လိုက်လံရှာဖွေရှာမှာ
၈-၉-၂၀၁၆ မနက် ( ၃ ) နာရီ -
မ-ဒဂုံ က ဟိုတယ်
တခုအတွင်းမှာ လူယုတ်မာ ကိုကိုမောင်နဲ့ 
အတူ ကလေးငယ်ကို အမိဖမ်းနိုင်ခဲ့ပါတယ်

-

ဟိုတယ်အတွင်း ၀င်ရောက်ဖမ်းဆီးချိန်မှာ
ကလေးငယ်လေးက ဆေးရှိန်နဲ့ အသိကင်းမဲ့
နေပါပြီ- ရဲတွေ့ လို့ ဝမ်းမသာ-
အဖေအမေတွေ့ တာတောင်
ဘာခံစားချက်မှ မရှိ- အားပြတ်
အဆံချောင်နေတဲ့ မျက်လုံးတွေနဲ့ သာ
ငြိမ်သက် နေ တော့တယ်

-

ဒါဟာ ကျွန်တော်တို့ ကြားကြားနေရတဲ့
ရေဆူဆေးပြားလို အရာမျိုးလား- ဒီထက်
အားကောင်းတဲ့ ဆေးတွေလား-
တဖက်နိုင်ငံ နဲ့ နယ်စပ်တွေမှာသာ ကြားဖူးတဲ့
အဖြစ်အပျက်တွေ ဟာ ကျွန်တော်တို
့နေထိုင်ရာ ပတ်ဝန်းကျင်ထိ
ရောက်ရှိလာပြီလား-

တွေးစရာ မေးခွန်းတွေဟာ
တသီတတန်းကြီး ထွက်ပေါ်လာတော့တယ်
-
ကလေးငယ်ကို ဖျက်စီးခဲ့တဲ့ သန်းကိုကိုမောင်ကလဲ
ဒီအဖြစ်ဟာ ပထမဆုံးအကြိမ်မဟုတ်-သူ့ နဲ့ 
သူ့ မိသားစု ပူးပေါင်းကြံစည်လုပ်စားနေတဲ့
အသက်မွေးဝမ်းကြောင်းတခုလဲ ဖြစ်နေဟန်ရှိတယ်

( ရပ်ကွက်လူကြီးတစ်ယောက် ပြောတာကတော့
သန်းကိုကိုမောင်ဟာ အရင်ကတည်းက ခုလို
နာမည်ထွက်နေပေမယ့်- လာတိုင်တဲ့သူ
မရှိလို့ -သက်သေမရှိလို့  သူကံကောင်းနေတာလို့ 
ပြောပါတယ်- တခြားသော ကလေးမိဘတွေလဲ
မရှက်မကြောက်ဘဲ သူ့ ကို တိုင်ကြားဖို့ 
လိုတယ်လို့ လဲ ပြောပါတယ် )

-

အခုတော့ တရားခံကို စစ်ဆေးနေပြီး
ကလေးငယ်ကလဲ မိဘရင်ခွင်ကို ရောက်ရှိခဲ့ပါပြီ-
နောက်ဆက်တွဲ အကြောင်းအရာများကို
တခြားကလေးမိဘများ သိရှိနိုင်အောင် ဆက်လက်
ဖော်ပြပေးပါ့မယ်

-

မိဘတိုင်း ဒီလို ဖြစ်အင်တွေကို သတိပြုပြီး
ကိုယ့်ရင်သွေးတွေကို ကာကွယ်စောင့်ရှောက်
နိုင်ကြပါစေဗျာ

-

ဖိုးဇော်
09795405022
13-9-2016
( ကလေးငယ်ကို တွေ့ ဆုံနှစ်သိမ့်ဆွေးနွေး
နေပြီး လိုအပ်သော အကူအညီများကိုလဲ
ဆက်လက်ပေးသွားပါ့မယ် )
Phoe Zaw 





No comments:

Post a Comment