Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 13, 2016

9/11အကြမ်းဖက်မှုကို ကြိုသိခဲ့ပြီး လူပေါင်း၃၀၀၀နီးပါးကို ကယ်ခဲ့တဲ့သူရဲကောင်း


By netsetaw -
September 13, 2016

ပြီးခဲ့တဲ့ ဆယ့်ငါးနှစ်က အမေရိကန် နယူးယောခ့်ရှိ ကမ္ဘာကျော် မျှော်စင်ညီနောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့ကုန်
သွယ်ရေးဌာနဟာ တာလီဘန်အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ မြေမှာ ပြားပြားဝပ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို 9/11 အဖြစ်အပျက်လို့ ခေါ်ဝေါ်ခဲ့ပြီး လူပေါင်း သုံးထောင်ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီ သေဆုံးသူတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Rick Bryan ကိုလည်း အမေရိကန်ပြည်သူတွေက သူရဲကောင်း
ကြီးတစ်ယောက်လို့ သတ်မှတ်ခဲ့ပါတယ်။ သူဟာ အဲဒီအကြမ်းဖက် ခံရမှုဖြစ်နေစဉ်မှာ တောင်ဘက်မှာရှိတဲ့စင်တာမှာ အလုပ်လုပ်နေသူဖြစ်ပြီး၊ 9/11 ဖြစ်တော့မယ်ဆိုတာကို ကြိုတင်ဟောကိန်း ထုတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

Rick ဟာ Morgan Stanley ကုမ္မဏီမှာ ဘဏ္ဍာရေဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပြီး၊ အ
သက်က 63 နှစ်အရွယ်ပါ။ ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရတော့မည်ဆိုတာကို ကြိုတင်သိရှိခဲ့ပြီး၊ Morgan Stanley ကုမ္မဏီ အကြီးအကဲကို အချက်အလက်တွေနဲ့ထောက်ပြပြီး ရုံးခန်းနေရာ ပြောင်းဖို့ အကြံပေးခဲ့ပါတယ်။

Rick က World Trate Centre ရဲ့ ကားပါကင်ဟာ  အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး 1993 ခုနှစ်မှာ ကားဗုံးပေါက်ကွဲမှု ပြင်းထန်းစွာ ဖြစ်ခဲ့ကြောင်း၊ မကြာမီမှာပင် လေယာဉ်နဲ့ တိုက်ခိုက်ဖို့ ရှိပြီး၊ ရုံးခန်းကို အမြန်ပြောင်းရွှေ့သင့်
ကြောင်း အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့တင်ပြချက်ကို သူဌေးက ပယ်ချခဲ့ပါတယ်။ Rick ဟာ အမေရိကန်စစ်တပ်မှာလည်း အရာရှိအဆင့်အထိ အမှုထမ်းခဲ့သူဖြစ်လို့ စစ်ရေးစစ်ရာတွေကို သုံးသပ်ရာမှာ အထူးကျွမ်းကျင်သူ ဖြစ်ပါတယ်။
READ
11လွှာကနေခုန်ချပြီးသေကြောင်းကြံခဲ့ပေမယ့် ဒဏ်ရာတောင်မရခဲ့တဲ့သူ

အခင်းဖြစ်တဲ့နေ့ စက်တင်ဘာ (11)ရက်နေ့ မနက်မှာ Rick ဟာ ပုံမှန်အတိုင်း စောစောနိုးထခဲ့ပြီး အမေရိကန်ကျေးလက် သီချင်းလေးနဲ့ ဇနီးကို Susan Rescorla ကို အနမ်းနဲ့နှုတ်ဆက်က အလုပ်ကို ပျော်ပျော်ရွှင်ထွက်သွားခဲ့ပါတယ်။ သူဟာ
ကျေးလက်သီချင်းကို အလွန်နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး၊ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေလေ့ရှိသူ ဖြစ်ပါတယ်။

Susan က အဲဒီနေ့က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ” သူက ထုံးစံအတိုင်း ရုံးကို ရောက်ပြီဖြစ်ကြောင်း မက်ဆေ့ပို့ခဲ့ပါတယ် … အဲဒီနောက် မကြာခင်မှာပဲ … အကြမ်းဖက်မှုကြီး ဖြစ်ခဲ့ပါတယ် … သူကတော့ စိတ်မပူဖို့ ဖုန်းဆက်ခဲ့ပြီး လက်ရှိအ
ချိန်မှာ သူတို့အဆောက်ဦထဲက လူတွေကို ရနိုင်သမျှ ကယ်ဆယ်နေကြောင်း အကြောင်းကြားခဲ့ပါတယ် … မကြာခင်မှာပဲ သူက ဒဏ်ရာတွေအကြီးအကျယ် ရခဲ့ပြီး … (ငါ့မှာ တစ်ခုခု ဖြစ်ပျက်ခဲ့လို့ရှိရင်လည်း … မင်းဟာ ငါ့ဘ၀ရဲ့ ဖန်ဆင်းရှင်ပါဘဲ … ငိုမနေနဲ့နော်) … လို့မှာပြီး ဆုံးပါးခဲ့ပါတယ် ”လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
READ
၅ကြိမ်မြောက်ဆူဇူကီဖလားပြိုင်ပွဲကိုပံ့ပိုးပေးမယ့် Suzuki Motor Corporation

အခုအခါမှာတော့ Susan ဟာ အသက် (74)နှစ်အရွယ်ကို ရောက်နေပြီဖြစ်ပြီး သူ့ခင်ပွန်းရဲ့ ရဲစွမ်းသတ္တိနဲ့ မျှော်မြင်တတ်ပုံကို ဂုဏ်ယူနေဆဲ ဖြစ်ပါတယ်။ Rick ဟာ အဲဒီအကြမ်းဖက်မှုမှာ သေဆုံးခဲ့တဲ့ ဗြိတိန် 67 ယောက်ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။ ထိုစဉ်က Rick ရဲ့ သမိုင်းဝင်ခန့်မှန်းမှုကို FBI နဲ့ CIA တာဝန်ရှိသူတွေက သိရှိခဲ့ပေမယ့်လည်း လေပန်းနေရုံသာ ရှိခဲ့ပြီး ဘာကာကွယ်မှုမှ မလုပ်နိုင်ခဲ့ဘူးလို့ Susan က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ တကယ်လည်း ထိုစဉ်က FBI
နဲ့ CIA ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြစ်တင်ဝေဖန်နေကြပြီး တကယ့်တကယ် အရေးအခင်းကြီး ကြုံတော့ Rick လောက်တောင်မှ လူတွေကို မကယ်ဆယ်နိုင်ခဲ့ဖူးလို့ ဗြိတိန်မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။ ကျွမ်းကျင်သူတွေကလည်း သူရဲ့ ရဲစွမ်းသတ္တိရှိတဲ့ ကယ်တင်မှုကြောင့် လူပေါင်း 2700 ကျော် အသက်ရှင်ခဲ့တယ်လို့ ထောက်ပြခဲ့ကြပါတယ်။ အကြောင်းကတော့ သူဟာ အခင်းဖြစ်ဖြစ်ချင်း အော်လံတစ်ခုကို ကိုင်ပြီး အလွှာတိုင်းကိုရောက်အောင်သွားကာ အပြင်ကို အမြန်ထွက်ကြဖို့ တိုက်
တွန်းခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk







No comments:

Post a Comment