မိသားစုဝမ်းရေး လက်ဝှေ့ထိုးဖြေရှင်းသည့် ထိုင်းကျောင်းသူ လှပျိုဖြူလေး

လက်ဝှေ့လို့ ပြောရင်တော့ ကြိုးဝိုင်း ထဲမှာ ကျားကျား လျားလျား ယောက်ျား ကြီးတွေ ထိုးသတ်နေ တာကို မျက်စိထဲမှာ ပြေးမြင် မိမှာပါ။

ဒါပေ မယ့်လည်း ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်က အသက် ၂၃ နှစ် အရွယ် ကျောင်းသူလေး ရန်ဂျရာ နွန်း ကီထရတ်ဆာကတော့ ကျောင်းစရိတ်နဲ့ မိသားစု ၀မ်းရေးကို လက်ဝှေ့ ထိုးပြီး ဖြေရှင်းနေ ပါတယ်။

သူ့ကို ချောမော လှပတဲ့ အမျိုးသမီး လက်ဝှေ့ သမားလို့ ထိုင်းမီဒီယာတွေက တင်စား ခေါ်ဝေါ်နေ ပါတယ်။

လက်ဝှေ့ စထိုး တုန်းကတော့ ဒူးနဲ့ ညို့သကျည်း တွေမှာ အမာရွတ်တွေ ချည်းပဲလို့ ထိုင်းဘန်ကောက်ပို့စ် သတင်းဌာနရဲ့ ဖြစ်ရပ်မှန် ရုပ်သံ ဇာတ်လမ်းမှာ ကီထရတ်ဆာက ပြော ပါတယ်။

ကျွမ်းကျင်တဲ့ လက်ဝှေ့သမားတွေလောက်တော့ လေ့ကျင့်တာ မရှိသလို လေ့ကျင့်မှုကတော့ ပြင်းထန်တယ်လို့ သူက ပြောပါတယ်။

လက်ဝှေ့ထိုးလို့ရတဲ့ ၀င်ငွေနဲ့ မိဘကို ပြုစုစောင့်ရှောက်သလို ပညာရေးအတွက် လိုအပ်တဲ့ အသုံးစရိတ်တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။




From : ဒီဗွီဘီ



Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)