Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, July 3, 2016

ေခ်ာက္ကမ္းပါးကေန Selfie ရုိက္ဖုိ႔ႀကိဳးစားတဲ့ခရီးသြား ျပဳတ္က်ေသဆုံး


By netsetaw - July 2, 2016

ဂ်ာမန္ခရီးသည္တစ္ေယာက္ဟာ ပီး႐ူးနုိင္ငံကုိ အလည္အပတ္ေရာက္ရွိေနစဥ္အတြင္း ေခ်ာက္ကမ္းပါးကေန Selfie ရုိက္ဖုိ႔ ႀကိဳးစားရင္း အခန္႔မသင့္ျဖစ္ကာ ျပဳတ္က်ေသဆုံးခဲ့မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ အဲဒီခရီးသြားဟာ ပီ႐ူးႏုိင္ငံရဲ႕ အထင္ကရ ေနရာတစ္ခုျဖစ္တဲ့ Machu Picchu ကုိ ေရာက္ရွိေနစဥ္ မေတာ္တဆျဖစ္ခဲ့တာပါ။ သူဟာ အသက္အႏၱရာယ္လုံၿခဳံေရးအရ Selfie မရုိက္ဖုိ႔တားျမစ္ထားတဲ့ ေနရာမွာ၊ တားျမစ္ခ်က္ေတြကို ခ်ိဳးေဖာက္က ဓာတ္ပုံ႐ုိက္ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ အဲဒီခရီးသြားဟာ ေခ်ာက္ကမ္းပါးအစြန္းမွာရပ္ၿပီး ေလထဲမွာ ခုန္ေနတဲ့ပုံစံနဲ႔ ဓာတ္ပုံ႐ုိက္ဖုိ႔ ႀကိဳးစားခဲ့ရင္း ေျခေခ်ာ္ကာ ေခ်ာက္ကမ္းပါး အစြန္းကေန ျပဳတ္က်ခဲ့ျခင္း ျဖစ္ပါတယ္။

ဂ်ာမန္ခရီးသြားရဲ႕ အေလာင္းကိုေတာ့ ရွာေဖြေရးအဖြဲ႕က လွ်ိဳေျမာင္ႀကီးတစ္ခုထဲမွာ ခက္ခက္ခဲခဲ ရွာေဖြခဲ့ရၿပီး ရဲစခန္းကို သယ္သြားခဲ့ပါတယ္။ မၾကာခင္မွာ သူ႕ရဲ႕အေလာင္းကို မိခင္ႏုိင္ငံ ဂ်ာမနီကို လႊဲေျပာင္းသြားဖုိ႔ ျပင္ဆင္ေနေၾကာင္း အဲဒီအမႈကို ကို္င္တြယ္ေနတဲ့ ရဲတပ္ဖြဲ႕တာ၀န္ရွိသူက ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လေႏွာင္းပုိင္းကလည္း အိႏိၵယႏုိင္ငံမွာ လူ(၇)
ေယာက္ ဓာတ္ပုံ႐ုိက္ဖုိ႔ ႀကိဳးစားရင္း ဂဂၤါျမစ္ထဲကုိ ျပဳတ္က်ခဲ့တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ခဲ့ပါေသးတယ္။ အဲဒီျဖစ္စဥ္မွာလည္း လူ(၇)ေယာက္စလုံး ေသဆုံးခဲ့ၿပီး ဓာတ္ပုံရုိက္ဖုိ႔ႀကိဳးစားရင္း လူေသမႈအမ်ားဆုံး စာရင္း ၀င္ခဲ့ပါတယ္။

source : metro.co.uk

.........................................

ချောက်ကမ်းပါးကနေ Selfie ရိုက်ဖို့ကြိုးစားတဲ့ခရီးသွား ပြုတ်ကျသေဆုံး
By netsetaw - July 2, 2016

ဂျာမန်ခရီးသည်တစ်ယောက်ဟာ ပီးရူးနိုင်ငံကို အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ချောက်ကမ်းပါးကနေ Selfie ရိုက်ဖို့ ကြိုးစားရင်း အခန့်မသင့်ဖြစ်ကာ ပြုတ်ကျသေဆုံးခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီခရီးသွားဟာ ပီရူးနိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Machu Picchu ကို ရောက်ရှိနေစဉ် မတော်တဆဖြစ်ခဲ့တာပါ။ သူဟာ အသက်အန္တရာယ်လုံခြုံရေးအရ Selfie မရိုက်ဖို့တားမြစ်ထားတဲ့ နေရာမှာ၊ တားမြစ်ချက်တွေကို ချိုးဖောက်က ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီခရီးသွားဟာ ချောက်ကမ်းပါးအစွန်းမှာရပ်ပြီး လေထဲမှာ ခုန်နေတဲ့ပုံစံနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ရင်း ခြေချော်ကာ ချောက်ကမ်းပါး အစွန်းကနေ ပြုတ်ကျခဲ့ခြင်း ဖြစ်ပါတယ်။

ဂျာမန်ခရီးသွားရဲ့ အလောင်းကိုတော့ ရှာဖွေရေးအဖွဲ့က လျှိုမြောင်ကြီးတစ်ခုထဲမှာ ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပြီး ရဲစခန်းကို သယ်သွားခဲ့ပါတယ်။ မကြာခင်မှာ သူ့ရဲ့အလောင်းကို မိခင်နိုင်ငံ ဂျာမနီကို လွှဲပြောင်းသွားဖို့ ပြင်ဆင်နေကြောင်း အဲဒီအမှုကို ကို်င်တွယ်နေတဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကလည်း အိန္ဒိယနိုင်ငံမှာ လူ(၇)
ယောက် ဓာတ်ပုံရိုက်ဖို့ ကြိုးစားရင်း ဂင်္ဂါမြစ်ထဲကို ပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာလည်း လူ(၇)ယောက်စလုံး သေဆုံးခဲ့ပြီး ဓာတ်ပုံရိုက်ဖို့ကြိုးစားရင်း လူသေမှုအများဆုံး စာရင်း ၀င်ခဲ့ပါတယ်။

source : metro.co.uk

No comments:

Post a Comment