CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 3, 2016
By Shwemom - July 1, 2016
သူတို့မိသားစုက ဆင်းရဲပါတယ်။ ဖခင် Adeက လည်း တစ်လမှာ ဒေါ်လာ၁၀၀ခန့်ပဲ ဝင်ငွေရှိပါတယ်။ ဒါ့ကြောင့်အခုလောလောဆယ်မှာ ဆေးရုံကြီးကို မသွားနိုင်သေးပဲ ကလေးကိုသာ အစာလျော့ကျွေးနေပါတယ်။
Source: thesun
Shwemom
..................................................
၁၀နှစ်အရွယ်မှာ ပေါင်၄၂၀ရှိတဲ့ကမ္ဘာ့အလေးဆုံးကလေး
By Shwemom - July 1, 2016
ဆယ်နှစ်အရွယ်ပဲရှိသေးတယ် Arya Permanaဟာ ပေါင်၄၂၀ရှိလာတာမို့ မိဘတွေဟာ စိုးရိမ်ပြီး ဝိတ်ချပေးဖို့ ကြိုးစား
နေကြပါတယ်။ သူ့ရဲ့လျှင်မြန်စွာ ဝလာမှုကြောင့် ကျောင်းလည်း ဆက်မတက်နုုိင်တော့ပါဘူး။ လမ်းတောင်မလျှောက်နုုိင်
တော့ပါဘူး။
Aryaဟာ တစ်နေ့ကို အစားအစာ၅ကြိမ်စားလေ့ရှိပါတယ်။ ထမင်း၊ငါး၊အမဲသား၊ အသီးအရွက်ဟင်းချို စတာတွေပါဝင်ပါတယ်။
သူစားတဲ့ အစားအစာဟာ အရွယ်ရောက်ပြီးသားသူ ၂ယောက်ကိုကျွေးလိုု့ရလောက်တဲ့အထိများပြားပါတယ်။ သူ့ရဲ့
ကြီးထွားလာတဲ့ခန္ဓာကိုယ်ကြောင့်မဘတွေဟာ သူ့အတွက် အဝတ်အစားရှာပေးဖို့ခက်ခဲလာခဲ့ပါတယ်။
အခုတော့ သားဖြစ်သူရဲ့အစားအသောက်ကိုလျှော့ခိုင်းနေပါပြီ။ “ကျွန်မရဲ့သားလေးက ကြီးတာအရမ်းမြန်လွန်းနေလို့
အရမ်းပဲစိုးရိမ်မိပါတယ်။ ကျွန်မသူဝိတ်ကျအောင်လုပ်ဖို့ အခြားနည်းလည်းမသိပါဘူး။ အစာလျော့ကျွေးတာပဲ သိပါတယ်။
သူက အမြဲမောပန်းနေတတ်ပြီး အသက်ရှုရတာလည်းခက်နေပါတယ်။ သူကစားတာနဲ့ အိပ်တာပဲသိပါတယ်။ ပြီးသွားရင်
ရေကန်ထဲမှာ ၃နာရီလောက်သွားစိမ်နေတတ်ပါတယ်။”လို့မိခင်ဖြစ်သူက ဆိုခဲ့ပါတယ်။
“ကိုယ့်သားသမီးခံစားနေရတာကို ထိုုင်ကြည့်နေရတာလောက် စိတ်ပင်ပန်းစရာကောင်းတာမရှိပါဘူး။ ကျွန်မသားလေးက
ကျောင်းကိုလည်း မသွားနိုုင်တော့ပါဘူး။ သူ့ဘာသာသူ လမ်းမလျှောက်နုုိင်တော့လို့ပါ။သူက ခြေလှမ်းအသေးလေးပဲ
လျှောက်နိုုင်ပြီး နောက်တစ်လှမ်းလောက်ဆိုဟန်ချက်ပျက်သွားတတ်ပါတယ်။ ကျွန်မသားလေးကို စာတွေလေ့လာပြီး
သူငယ်ချင်းတွေနဲ့ဆော့တဲ့ သာမန်ကလေးလေးအဖြစ် ကျွန်မမြင်ချင်မိပါတယ်။’လို့ ဝမ်းနည်းစွာဆိုခဲ့ပါတယ်။
Arya ဟာမွေးတုန်းက သာမန်ကလေးအရွယ်အစားပါပဲ။ ဒါပေမယ့် ၂နှစ်သားအရွယ်ကစပြီး အရမ်းမြန်တဲ့နှုနး်တဲ့ ဝိတ်တိုး
လာခဲ့တာပါ။ မိဘတွေက ကလေးကျန်းမာတယ်ပဲထင်ခဲ့ကြပါတယ်။ နောက်တော့မှ စပြိးစိုးရိမ်လာခဲ့ကြတာပါ။ ဆရာဝန်
တွေဆီခေါ်သွားခဲ့ပေမယ့် ဆရာဝန်တွေကလည်း အဖြေရှာမတွေ့ခဲ့ပါဘူး။
သူတို့မိသားစုုက ဆင်းရဲပါတယ်။ ဖခင် Adeက လည်း တစ်လမှာ ဒေါ်လာ၁၀၀ခန့့်ပဲ ဝင်ငွေရှိပါတယ်။ ဒါ့ကြောင့်အခု
လောလောဆယ်မှာ ဆေးရုုံကြီးကို မသွားနိုုင်သေးပဲ ကလေးကိုသာ အစာလျော့ကျွေးနေပါတယ်။
Source: thesun
Shwemom
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment