Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 3, 2016
မောင်းသူမဲ့ကားထဲမှာဟယ်ရီပေါ်တာကြည့်နေတုန်း ထရပ်ကားကိုဝင်တိုက်ပြီးသေဆုံး
By Shwemom - July 1, 2016
Telsa Companyကတော့ သူတို့ရဲ့Featureဟာ အကူအညီပေးတဲ့ Featureသာဖြစ်ပြီး မောင်းသူအနေနဲ့အချိန်ပြည့်စတီယာရင်ပေါ်မှာ ရှိနေသင့်ကြောင်းပြောခဲ့ပါတယ်။ မောင်းသူတွေအနေနဲ့ အချိန်ပြည့်Readyဖြစ်နေသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။
Source:thesun
Shwemom
.............................................
By Shwemom - July 1, 2016
Navy Sealတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဟာ မောင်းသူမဲ့ကားထဲမှာ ဟယ်ရီပေါ်တာကားကြည့်နေတုန်းသူ့ရဲ့ Telsaကားဟာထရပ်ကားတစ်စီးကိုဝင်တိုက်ပြီး သေဆုံးသွားခဲ့ပါတယ်။ အသက်၄၀အရွယ် Joshua D.Brownဟာ သူ့ရဲ့Telsa Model Sကားထဲမှာ မေလရရက်နေ့က သေဆုုံးသွားခဲ့ပါတယ်။
သေဆုံးခဲ့တဲ့အကြောင်းကတော့ မောင်းသူမဲ့ကားဟာ ထရပ်ကားရဲ့အဖြူရောင်နဲ့ကောင်းကင်ရဲ့အရောင်ကို မကွဲခြားပဲထရပ်ကားအဖြူရောင်ကို ကောင်းကင်ရဲ့အလင်းရောင်အောက်မေ့ပြီး ဘရိတ်က အော်တိုမပွင့်ခဲ့ပါဘူး။ ထရပ်ကားဒရိုုင်ဘာဖြစ်တဲ့ အသက်၆၂အရွယ် Frank Baressiကတော့ သူ့ကားကိုတိုက်မိပြီး  ကားထဲသွားကြည့်ချိန်မှာလည်းဟယ်ရီပေါ်တာကားက လာနေတုန်းပါပဲ။
ဒီအဖြစ်အပျက်ဟာ မောင်းသူမဲ့ကားတွေထဲမှာ ပထမဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။ Brownဟာ အခင်းဖြစ်ရာနေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ Telsa Companyကတော့ ဒရိုင်ဘာတွေအနေနဲ့ ကားရဲ့စကရင်ပေါ်မှာ ရုပ်ရှင်မကြည့်သင့်ကြောင်းဆိုခဲ့ပါတယ်။
Telsa Companyကတော့ သူတိုု့ရဲ့Featureဟာ အကူအညီပေးတဲ့ Featureသာဖြစ်ပြီး မောင်းသူအနေနဲ့အချိန်ပြည့်စတီယာရင်ပေါ်မှာ ရှိနေသင့်ကြောင်းပြောခဲ့ပါတယ်။ မောင်းသူတွေအနေနဲ့ အချိန်ပြည့်Readyဖြစ်နေသင့်တယ်လိုု့လည်း ဆိုုခဲ့ပါတယ်။
Brownဟာ Navy Sealမှာ ၁၁နှစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ပင်တဂွန်ကလည်း အတည်ပြုခဲ့ပါတယ်။ Brownဟာ ၂၀၀၈မှာ ထွက်ခဲ့တာလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့လတုန်းကတော့ Brownက Telsaကားကောင်းကြောင်းအွန်လိုင်းမှာကြွားခဲ့ပါသေးတယ်။ ဒီသေဆုံးမှုက Telsaရဲ့ပုံရိပ်ကိုတော့ ထိခိုက်စေခဲ့တာလည်းဖြစ်ပါတယ်။
Source:thesun
Shwemom
No comments:
Post a Comment