Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 2, 2016

ကခ်င္တုိင္းရင္းသား ေအာင္လအန္ဆန္ တရုတ္ႏုိင္ငံ၌ က်င္းပသည့္ MMA ၿပိဳင္ပဲြတြင္ ရုရွားႏုိင္ငံသား ဘူတုိရင္ကို ဒုတိယအခ်ီ၌ အႏုိင္ယူ


ကခ်င္တုိင္းရင္းသား ေအာင္လအန္ဆန္သည္ တရုတ္ႏုိင္ငံ၊ Hefei ၿမိဳ႕၌ က်င္းပသည့္ ဘက္စံုကုိယ္ခံပညာသံုး MMA ၿပိဳင္ပြဲကုိ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ဒုတိယအခ်ီတြင္ အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။

ယင္းၿပိဳင္ပဲြတြင္ ေအာင္လအန္ဆန္သည္ ရုရွားႏုိင္ငံသား ဘူတုိရင္ႏွင့္ ထိုးသတ္ခဲ့ျခင္းျဖစ္ၿပီး ဒုတိယအခ်ီ ၁ မိနစ္ ၅၇ စကၠန္႔တြင္ ခ်ဳပ္ကြက္ျဖင့္ အႏိုင္ယူခဲ့ျခင္းျဖစ္သည္။ ေအာင္လအန္ဆန္သည္ ယခုႏွစ္အတြင္း ဒုတိယေျမာက္ပြဲစဥ္ ယွဥ္ၿပိဳင္ထိုးသတ္ျခင္းျဖစ္ၿပီး ႏွစ္ပြဲစလံုး အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ ေအာင္လအန္ဆန္သည္ ၿပီးခဲ့သည့္ မတ္လအတြင္းက ရန္ကုန္ၿမိဳ႕၌ ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့သည့္ MMA ၿပိဳင္ပြဲတြင္ အီဂ်စ္ႏိုင္ငံသား မိုဟာမက္ အလီကို အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။

▬→ Photo-ONE Championship
Eleven Sports
..... 





ကချင်တိုင်းရင်းသား အောင်လအန်ဆန် တရုတ်နိုင်ငံ၌ ကျင်းပသည့် MMA ပြိုင်ပွဲတွင် ရုရှားနိုင်ငံသား ဘူတိုရင်ကို ဒုတိယအချီ၌ အနိုင်ယူ

ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တရုတ်နိုင်ငံ၊ Hefei မြို့၌ ကျင်းပသည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယအချီတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဘူတိုရင်နှင့် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအချီ ၁ မိနစ် ၅၇ စက္ကန့်တွင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး နှစ်ပွဲစလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်မြို့၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် MMA ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား မိုဟာမက် အလီကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

▬→ Photo-ONE Championship
Eleven Sports

No comments:

Post a Comment