Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 5, 2016

လူမႈေရးမီဒီယာတြင္ တင္ခဲ့သည့္ Huawei P9 ေၾကာ္ျငာဓာတ္ပုံမွာ ေဒၚလာ ၄၅၀၀တန္ ကင္မရာျဖင့္ ႐ိုက္ကူးထားေၾကာင္း ေတြ႔ရွိ


Posted: Tuesday, 5 July 2016
By: ျမင့္ေဇာ္

ၿပီးခဲ့သည့္ရက္အနည္းငယ္က Huawei သည္ P9 စမတ္ဖုန္း၏ စြမ္းေဆာင္ရည္ကို ထုတ္ေဖာ္ေၾကညာရန္ ေၾကာ္ျငာဓာတ္ပုံတစ္ပုံကို Google+ လူမႈေရးမီဒီယာတြင္ တင္ခဲ့သည္။ Google+ သည္ Flickr ကဲ့သုိ႔ ဓာတ္ပုံေဝမွ်သည့္ ဝန္ေဆာင္မႈမ်ားကဲ့သုိ႔ တင္လိုက္သည့္ ပုံ၏ ကင္မရာ EXIF metadata ကို သိမ္းဆည္းထားေပးသည္။

Huawei က ေၾကာ္ျငာအျဖစ္ ေဖာ္ျပသည့္ဓာတ္ပုံ၌ ေနေရာင္ထဲတြင္ ဆံပင္ကို အေသးစိတ္ ျမင္ေတြ႕ရသည့္အျပင္ ဖုန္းကင္မရာျဖင့္ ႐ိုက္ကူးပါက အနားစြန္း အေသးစိတ္မ်ားမွာ ျပတ္သားရန္ မလြယ္ကူေပ။ အဆိုပါ ဓာတ္ပုံသည္ အေရာင္အေသြး စိုျပည္ၿပီး တည္ၿငိမ္လြန္းေနသည္။

အဆိုပါဓာတ္ပုံကို Google+ ၏ EXIF အခ်က္အလက္အရ Canon 5D Mk. III ကိုယ္ထည္တန္ဖိုးမွာ ကန္ေဒၚလာ ၂၆၀၀ ရွိၿပီး EF70-200 f/2.8L IS II USM lens မွာ ကန္ေဒၚလာ ၁,၉၀၀ ရွိသည္။

ဓာတ္ပုံႏွင့္ပတ္သက္၍ Huawei က တရားဝင္ ထုတ္ျပန္ခ်က္ကို ေၾကညာခဲ့သည္။ ဓာတ္ပုံအတြက္ လူမႈေရးမီဒီယာတြင္ တင္ထားသည့္ post ႏွင့္အတူ ပါဝင္သည့္စာသားတြင္ P9 ျဖင့္႐ိုက္ကူးထားေသာ ဓာတ္ပုံဟူ၍ မေဖာ္ျပခဲ့ေၾကာင္း၊ Huawei အတြက္စဥ္းစားေပး၍ ခြင့္လႊတ္ေပးေစလိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယခုအခါတြင္ Huawei အေနျဖင့္ လူမႈေရးမီဒီယာတြင္ ၎ဓာတ္ပုံကို ဖ်က္သိမ္းလုိက္ၿပီ ျဖစ္သည္။ “ကၽြန္ေတာ္တို႔၏ လူမႈေရး channel မ်ားတြင္ တင္ထားသည့္ ဓာတ္ပုံကို Huawei P9 ႏွင့္ ႐ိုက္ကူးထားသည္ မဟုတ္ဟု ေထာက္ျပေျပာဆိုမႈမ်ားရွိေၾကာင္း၊ ထိုဓာတ္ပုံကို Huawei P9 ေၾကာ္ျငာ႐ိုက္ကူးစဥ္အတြင္း ကၽြမ္းက်င္သူတစ္ဦးက ႐ိုက္ကူးခဲ့ေၾကာင္း၊ ဓာတ္ပုံအတြက္ caption မ်ားျဖင့္ရွင္းလင္းစြာ ေဖာ္ျပသင့္ေၾကာင္းကို သတိျပဳမိခဲ့ေသာ္လည္း အထင္ျမင္မွားေစရန္ မရည္ရြယ္ေၾကာင္း၊ ယခုျဖစ္ရပ္အတြက္ ေတာင္းပန္ေၾကာင္းႏွင့္ ဓာတ္ပုံကို ျဖဳတ္ခ်လုိက္ၿပီ ျဖစ္ေၾကာင္း” Huawei က ထုတ္ျပန္ခဲ့သည္။

Ref: AndroidPolice
http://internetjournal.media/news/7027
.........
လူမှုရေးမီဒီယာတွင် တင်ခဲ့သည့် Huawei P9 ကြော်ငြာဓာတ်ပုံမှာ ဒေါ်လာ ၄၅၀၀တန် ကင်မရာဖြင့် ရိုက်ကူးထားကြောင်း တွေ့ရှိ

Posted: Tuesday, 5 July 2016
By: မြင့်ဇော်

ပြီးခဲ့သည့်ရက်အနည်းငယ်က Huawei သည် P9 စမတ်ဖုန်း၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ကြေညာရန် ကြော်ငြာဓာတ်ပုံတစ်ပုံကို Google+ လူမှုရေးမီဒီယာတွင် တင်ခဲ့သည်။ Google+ သည် Flickr ကဲ့သို့ ဓာတ်ပုံဝေမျှသည့် ဝန်ဆောင်မှုများကဲ့သို့ တင်လိုက်သည့် ပုံ၏ ကင်မရာ EXIF metadata ကို သိမ်းဆည်းထားပေးသည်။

Huawei က ကြော်ငြာအဖြစ် ဖော်ပြသည့်ဓာတ်ပုံ၌ နေရောင်ထဲတွင် ဆံပင်ကို အသေးစိတ် မြင်တွေ့ရသည့်အပြင် ဖုန်းကင်မရာဖြင့် ရိုက်ကူးပါက အနားစွန်း အသေးစိတ်များမှာ ပြတ်သားရန် မလွယ်ကူပေ။ အဆိုပါ ဓာတ်ပုံသည် အရောင်အသွေး စိုပြည်ပြီး တည်ငြိမ်လွန်းနေသည်။

အဆိုပါဓာတ်ပုံကို Google+ ၏ EXIF အချက်အလက်အရ Canon 5D Mk. III ကိုယ်ထည်တန်ဖိုးမှာ ကန်ဒေါ်လာ ၂၆၀၀ ရှိပြီး EF70-200 f/2.8L IS II USM lens မှာ ကန်ဒေါ်လာ ၁,၉၀၀ ရှိသည်။

ဓာတ်ပုံနှင့်ပတ်သက်၍ Huawei က တရားဝင် ထုတ်ပြန်ချက်ကို ကြေညာခဲ့သည်။ ဓာတ်ပုံအတွက် လူမှုရေးမီဒီယာတွင် တင်ထားသည့် post နှင့်အတူ ပါဝင်သည့်စာသားတွင် P9 ဖြင့်ရိုက်ကူးထားသော ဓာတ်ပုံဟူ၍ မဖော်ပြခဲ့ကြောင်း၊ Huawei အတွက်စဉ်းစားပေး၍ ခွင့်လွှတ်ပေးစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါတွင် Huawei အနေဖြင့် လူမှုရေးမီဒီယာတွင် ၎င်းဓာတ်ပုံကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ “ကျွန်တော်တို့၏ လူမှုရေး channel များတွင် တင်ထားသည့် ဓာတ်ပုံကို Huawei P9 နှင့် ရိုက်ကူးထားသည် မဟုတ်ဟု ထောက်ပြပြောဆိုမှုများရှိကြောင်း၊ ထိုဓာတ်ပုံကို Huawei P9 ကြော်ငြာရိုက်ကူးစဉ်အတွင်း ကျွမ်းကျင်သူတစ်ဦးက ရိုက်ကူးခဲ့ကြောင်း၊ ဓာတ်ပုံအတွက် caption များဖြင့်ရှင်းလင်းစွာ ဖော်ပြသင့်ကြောင်းကို သတိပြုမိခဲ့သော်လည်း အထင်မြင်မှားစေရန် မရည်ရွယ်ကြောင်း၊ ယခုဖြစ်ရပ်အတွက် တောင်းပန်ကြောင်းနှင့် ဓာတ်ပုံကို ဖြုတ်ချလိုက်ပြီ ဖြစ်ကြောင်း” Huawei က ထုတ်ပြန်ခဲ့သည်။

Ref: AndroidPolice
http://internetjournal.media/news/7027

No comments:

Post a Comment