Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 5, 2016

စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕နယ္တြင္ ေက်ာင္းဆရာမ တစ္ဦးအလိုမတူဘဲ အဓမၼ ျပဳက်င့္ခံရ


စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕နယ္၊ အိုင္းေရာင္းရြာတြင္ ေက်ာင္းဆရာမ တစ္ဦးသည္ အလိုမတူဘဲ သားမယားအျဖစ္ သုံး ႀကိမ္ တုိင္တိုင္ အဓမၼျပဳက်င့္ခံ ခဲ့ရမႈေၾကာင္႔ မိခင္ျဖစ္သူမွ တိုင္တန္း အမႈဖြင္႔ထားေၾကာင္း သိရွိရသည္။

 အသက္ ၂၃ ႏွစ္ရွိ ေက်ာင္းဆရာမ ေဒၚ------ သည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ခရိုင္၊ ယင္းမာပင္ ၿမိဳ႕နယ္၊ ၿမိဳ႕ေပၚရြာ အ.မ.က ေက်ာင္းတြင္ တာ၀န္ထမ္းေဆာင္ေနသူ ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္၊ ဇူလိုင္လ (၁) ရက္ေန ့က မိဘမ်ားေနရပ္ျဖစ္သည့္ ယင္းမာပင္ၿမိဳ႕နယ္၊ ဆယ္ႀကီး အုပ္စု၊ ထန္းေတာႀကီးရြာသို႔ ျပန္သြားေၾကာင္း သိရသည္။

ထိုသို႔ ျပန္စဥ္ မုံရြာ-ယင္းမာပင္ ကားလမ္းဖိုလ္ဝင္ေတာင္လမ္းခြဲအနီးသို႔ အေရာက္၌ ယင္းမာပင္ၿမိဳ႕နယ္၊ ႏုံးႀကီးရြာေန အသက္ ၂၈ ႏွစ္ရွိ ကိုေအာင္ေဌးညႊန္႔အတူ အေဖာ္ လိုက္ပါခဲ႔သူ ကိုဝင္းေက်ာ္တုိ႔မွ ေက်ာင္းဆရာမ အား ပုလဲၿမိဳ႕နယ္၊ အိုင္းေရာင္းရြာသို႔ ၿခိမ္းေျခာက္ေခၚသြားခဲ့ေၾကာင္း သိရသည္။

 ထိုကဲ့သို႔ ေခၚသြားၿပီး ကိုေအာင္ေဌးညြန္႔က သုံး ႀကိမ္တိုင္တိုင္ အဓမၼ ျပဳက်င့္ခဲ့ကာ ဇူလိုင္(၂)ရက္တြင္ မိခင္အိမ္သို႔ ျပန္ေရာက္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္အား ေက်ာင္းဆရာမက ၎၏ မိခင္ျဖစ္သူကို ျပန္ေျပာျပရာ မိခင္ျဖစ္သူမွ ယင္းမာပင္ၿမိဳ႕ မရဲစခန္း သို႔ ဇူလိုင္ ေလး ရက္၌ တိုင္တန္းခဲ့ေၾကာင္း သိရသည္။
"ေက်ာင္းဆရာမက ရြာကိုျပန္တယ္။ ေနာက္ကေတာ့ လူႏွစ္ေယာက္က လိုက္လာတယ္။ ေက်ာင္းဆရာမကို ပုလဲၿမိဳ႕နယ္ ၊ အိုင္ေရာင္းရြာကိုေခၚၿပီး ျပဳက်င့္ခဲ့တာ။" ဟု ယင္းမာပင္ၿမိဳ႕မ ရဲစခန္းမွ ရဲမွဴး ဦးေက်ာ္ဝင္းက ေျပာသည္။

ယင္းမာပင္ၿမိဳ႕ရဲစခန္းမွ ကိုေအာင္ေဌးညႊန္႔ႏွင့္ ကိုဝင္းေက်ာ္တို႔ ႏွစ္ဦးအား အမႈႀကီးအမွတ္စဥ္(၄/၂၀၁၆) (ပ)၁၀၀/၂၀၁၆ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၃၃၆/၁၁၄ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ
https://www.facebook.com/yadanabonnewspaper
..........

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အိုင်းရောင်းရွာတွင် ကျောင်းဆရာမ တစ်ဦးသည် အလိုမတူဘဲ သားမယားအဖြစ် သုံး ကြိမ် တိုင်တိုင် အဓမ္မပြုကျင့်ခံ ခဲ့ရမှုကြောင့် မိခင်ဖြစ်သူမှ တိုင်တန်း အမှုဖွင့်ထားကြောင်း သိရှိရသည်။

 အသက် ၂၃ နှစ်ရှိ ကျောင်းဆရာမ ဒေါ်------ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင် မြို့နယ်၊ မြို့ပေါ်ရွာ အ.မ.က ကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ ့က မိဘများနေရပ်ဖြစ်သည့် ယင်းမာပင်မြို့နယ်၊ ဆယ်ကြီး အုပ်စု၊ ထန်းတောကြီးရွာသို့ ပြန်သွားကြောင်း သိရသည်။

ထိုသို့ ပြန်စဉ် မုံရွာ-ယင်းမာပင် ကားလမ်းဖိုလ်ဝင်တောင်လမ်းခွဲအနီးသို့ အရောက်၌ ယင်းမာပင်မြို့နယ်၊ နုံးကြီးရွာနေ အသက် ၂၈ နှစ်ရှိ ကိုအောင်ဌေးညွှန့်အတူ အဖော် လိုက်ပါခဲ့သူ ကိုဝင်းကျော်တို့မှ ကျောင်းဆရာမ အား ပုလဲမြို့နယ်၊ အိုင်းရောင်းရွာသို့ ခြိမ်းခြောက်ခေါ်သွားခဲ့ကြောင်း သိရသည်။

 ထိုကဲ့သို့ ခေါ်သွားပြီး ကိုအောင်ဌေးညွန့်က သုံး ကြိမ်တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ကာ ဇူလိုင်(၂)ရက်တွင် မိခင်အိမ်သို့ ပြန်ရောက်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ကျောင်းဆရာမက ၎င်း၏ မိခင်ဖြစ်သူကို ပြန်ပြောပြရာ မိခင်ဖြစ်သူမှ ယင်းမာပင်မြို့ မရဲစခန်း သို့ ဇူလိုင် လေး ရက်၌ တိုင်တန်းခဲ့ကြောင်း သိရသည်။
"ကျောင်းဆရာမက ရွာကိုပြန်တယ်။ နောက်ကတော့ လူနှစ်ယောက်က လိုက်လာတယ်။ ကျောင်းဆရာမကို ပုလဲမြို့နယ် ၊ အိုင်ရောင်းရွာကိုခေါ်ပြီး ပြုကျင့်ခဲ့တာ။" ဟု ယင်းမာပင်မြို့မ ရဲစခန်းမှ ရဲမှူး ဦးကျော်ဝင်းက ပြောသည်။

ယင်းမာပင်မြို့ရဲစခန်းမှ ကိုအောင်ဌေးညွှန့်နှင့် ကိုဝင်းကျော်တို့ နှစ်ဦးအား အမှုကြီးအမှတ်စဉ်(၄/၂၀၁၆) (ပ)၁၀၀/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၃၆/၁၁၄ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment