Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 26, 2016

ေယာက္်ားေတြ ဘာလို႕ လိမ္ေျပာၾကသလဲ




တေန႔ ေသာအခါ သစ္ခုတ္သမား တစ္ေယာက္ သည္ ျမစ္ကမ္းနေဘး ရွိ သစ္ပင္ကိုခုတ္ရင္း အရွိန္လြန္ကာ ပုဆိန္ ေရထဲသို႔ ျပဳတ္က်သြားေလသည္။ ျပန္ရွာမရတဲ့အဆံုး.. သစ္ခုတ္သမားလဲ ၀မ္းနည္းစြာ ငိုေၾကြးေလ၏... ထိုအခါ ျမစ္ေစာင့္နတ္ ရုတ္တရက္ေပၚလာျပီး..

ျမစ္ေစာင့္နတ္ - ဘာေၾကာင့္ မ်ားငိုေနရတာလဲ အသင္လူသား

သစ္ခုတ္သမား - ကၽြန္ေတာ့္ ပုဆိန္ ေရထဲျပဳတ္က်သြားလို႔ပါ.. ထိုပုဆိန္နဲ႔ပဲ ကၽြန္ေတာ္ သက္ေမြးရတာပါ အရွင္.. အသစ္လဲမ၀ယ္ႏိုင္ပါဘူး... ဟုအမွန္အတိုင္းေျဖလိုက္ေတာ့

ျမစ္ေစာင့္နတ္လဲ ကိုယ္ေရာင္ေဖ်ာက္ျပီး .. ခဏအၾကာ ေရႊပုဆိန္ နဲ႔ ျပန္ေရာက္လာျပီး

ျမစ္ေစာင့္နတ္ - ဒါသင့္ပုဆိန္လား
သစ္ခုတ္သမား - မဟုတ္ပါဘူး ထိုအခါ ျမစ္ေစာင့္နတ္ လဲ ေငြပုဆိန္ကိုျပျပီး

ျမစ္ေစာင့္နတ္ - ဒါေရာသင့္ပုဆိန္လား
သစ္ခုတ္သမား - မဟုတ္ပါဘူး ထိုအခါ ျမစ္ေစာင့္နတ္လဲ သံပုဆိန္ကို ျပျပီး

ျမစ္ေစာင့္နတ္ - ဒါေရာ သင့္ပုဆိန္လား
သစ္ခုတ္သမား - ဟုတ္ပါတယ္ ..ကၽြန္ေတာ္မ်ိဳး ပုဆိန္ပါ ဟုေျဖလိုက္ေသာ္ ျမစ္ေစာင့္နတ္ လည္း ေက်နပ္ျပီး သစ္ခုတ္သမား ၏ ရိုးသားမႈကို အသိအမွတ္ျပဳေသာ အားျဖင့္ ပုဆိန္သံုးလက္စလံုးကို သစ္ခုတ္သမားအားေပးလိုက္ေလသည္....

ကာလအတန္ၾကာေသာ္ ထိုသစ္ခုတ္သမား တို႔ လင္မယားသည္ ျမစ္ကမ္းနေဘး တြင္လမ္းေလွ်က္ေနစဥ္ သူ၏ဇနီးမွာ ေျခေခ်ာ္ျပီး ေရထဲသို႔ျပဳတ္က်သြားေလသည္... ျပန္ရွာမရတဲ့အဆံုး.. သစ္ခုတ္သမားလဲ ၀မ္းနည္းစြာ ငိုေၾကြးေလ၏... ထိုအခါ ျမစ္ေစာင့္နတ္ ရုတ္တရက္ေပၚလာျပီး..

ျမစ္ေစာင့္နတ္ - ဘာေၾကာင့္ မ်ားငိုေနရတာလဲ အသင္လူသား သစ္ခုတ္သမား - ကၽြန္ေတာ့္မိန္းမေရထဲျပဳတ္က်သြားလုိ႔ပါ အရွင္ ဟုအမွန္အတိုင္းေျဖလိုက္ေတာ့ ျမစ္ေစာင့္နတ္လဲ ကိုယ္ေရာင္ေဖ်ာက္ျပီး .. ခဏအၾကာ "တင္ဇာ၀င့္ေက်ာ္" နဲ႔ ျပန္ေရာက္လာျပီး....

ျမစ္ေစာင့္နတ္ - ဒါသင့္ မိန္းမလား ဟုေမးေသာ္
သစ္ခုတ္သမား - ဟုတ္ပါသည္ အရွင္နတ္မင္းၾကီး ထိုအခါျမစ္ေစာင့္နတ္လဲ ေဒါသထြက္ျပီး ..

"သင္ လိမ္ေပသည္ မမွန္စကားကိုဆိုေလသည္" ဟုေျပာေသာ္ သစ္ခုတ္သမားက "ခြင့္လြတ္ပါ.. အရွင္ နတ္မင္းၾကီး ... ကၽြန္ေတာ္လိမ္ခ်င္လို႔ လိမ္ရျခင္းမဟုတ္ပါ...အကယ္၍ "တင္ဇာ၀င့္ေက်ာ္" ကို ကၽြန္ေတာ့္ မိန္းမ မဟုတ္ပါဘူး ေျဖလိုက္ေသာ္ .. နတ္မင္းၾကီး လည္း "မိုေဟကို" ကိုျပေပလိမ့္မည္... အကယ္၍ "မိုေဟကို" ကို ကၽြန္ေတာ့္ မိန္းမ မဟုတ္ပါဘူး ေျဖလိုက္ေသာ္ .. နတ္မင္းၾကီး လည္း ကၽြန္ေတာ္ မိန္းမ ကိုျပေပလိမ့္မည္... ထိုအခါ ကၽြန္ေတာ္မ်ိဳးက အမွန္အတိုင္း ဟုတ္ပါသည္ ဟုေျဖေသာ္ အရွင္ နတ္မင္းၾကီး က ကၽြန္ေတာ့္ကို မိန္းမသံုးေယာက္စလံုးေပးေပလိမ့္မည္ ...။

အရွင္ နတ္မင္းၾကီး ကၽြန္ေတာ္မ်ိဳးသည္ အလြန္ဆင္းရဲ ပါသည္ ထိုေၾကာင့္ ဘယ္လိုမွ မိန္းမသံုေယာက္၀မ္း၀ေအာင္ ရွာမေကၽြးႏိုင္ပါ .. ထိုေၾကာင့္ "တင္ဇာ၀င့္ေက်ာ္" ကို ကၽြန္ေတာ့္ မိန္းမ ပါဟု ေျဖလိုက္ရျခင္းျဖစ္ပါတယ္ " ထိုအခါ ျမစ္ေစာင့္နတ္ လဲ လြန္စြာ ေက်နပ္ျပီး သစ္ခုတ္သမား ၏ ရိုးသားမႈကို ဂုဏ္ျပဳေသာအားျဖင့္ မိန္းမသံုးေယာက္လံုး ကိုေပးျပီး အသက္စာ စာမကုန္ေသာ စည္းစိမ္တို႔ကို ပါေပးလိုက္ေလသည္.. ။

။ ဤ ပံုျပင္ေလး ၏ အဓိက ရည္ရြယ္ခ်က္ကေတာ့ ... ေယာက်ာ္းမ်ား လိမ္ေျပာသည္ဆိုရာတြင္ လိမ္ခ်င္၍ မဟုတ္ပဲ.... အမ်ား ေကာင္းက်ိဳးအတြက္ ရိုးသားစြာ လိမ္ျခင္း ျဖစ္ပါေၾကာင္း ..... "အျဖဴေရာင္ မုသား" မ်ားသာျဖစ္ေၾကာင္းသိေစလို၍ ျဖစ္ပါသည္ .....

မွတ္ခ်က္ ။ ။ အထက္ပါေဖာ္ျပပါ ပံုျပင္သည္ "စာေရးသူ၏ ပင္ကို အေတြး လား " ဟု ေမးခဲ့ေသာ္... "မဟုတ္ပါ" ဟုေျဖရပါလိမ့္မည္... စာေရးသူထံ ေရာက္လာေသာ English လုိေရးထားေသာ ပံုျပင္အား ျမန္မာလို သင့္ေလ်ာ္သလို ျပန္ဆို ျပီး အခ်ဳိ ႔ေနရာမ်ားတြင္ ျဖည့္စြတ္ထားျခင္းျဖစ္ေၾကာင္း ရိုးသားစြာ မလိမ္မညာ ၀န္ခံအပ္ပါသည္ ...

Credit to NNSy
ဟာသလုလင္
......


" ယောက်ျားတွေ ဘာလို့ လိမ်ပြောကြသလဲ "

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား

သစ်ခုတ်သမား - ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမဝယ်နိုင်ပါဘူး... ဟုအမှန်အတိုင်းဖြေလိုက်တော့

မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး

မြစ်စောင့်နတ် - ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး ထိုအခါ မြစ်စောင့်နတ် လဲ ငွေပုဆိန်ကိုပြပြီး

မြစ်စောင့်နတ် - ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး ထိုအခါ မြစ်စောင့်နတ်လဲ သံပုဆိန်ကို ပြပြီး

မြစ်စောင့်နတ် - ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား - ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ ဟုဖြေလိုက်သော် မြစ်စောင့်နတ် လည်း ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့် ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသည်....

ကာလအတန်ကြာသော် ထိုသစ်ခုတ်သမား တို့ လင်မယားသည် မြစ်ကမ်းနဘေး တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်... ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား သစ်ခုတ်သမား - ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင် ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ "တင်ဇာဝင့်ကျော်" နဲ့ ပြန်ရောက်လာပြီး....

မြစ်စောင့်နတ် - ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား - ဟုတ်ပါသည် အရှင်နတ်မင်းကြီး ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး ..

"သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်" ဟုပြောသော် သစ်ခုတ်သမားက "ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး ... ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ...အကယ်၍ "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း "မိုဟေကို" ကိုပြပေလိမ့်မည်... အကယ်၍ "မိုဟေကို" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည် ...။

အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် အလွန်ဆင်းရဲ ပါသည် ထိုကြောင့် ဘယ်လိုမှ မိန်းမသုံယောက်ဝမ်းဝအောင် ရှာမကျွေးနိုင်ပါ .. ထိုကြောင့် "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ် " ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် မိန်းမသုံးယောက်လုံး ကိုပေးပြီး အသက်စာ စာမကုန်သော စည်းစိမ်တို့ကို ပါပေးလိုက်လေသည်.. ။

။ ဤ ပုံပြင်လေး ၏ အဓိက ရည်ရွယ်ချက်ကတော့ ... ယောကျာ်းများ လိမ်ပြောသည်ဆိုရာတွင် လိမ်ချင်၍ မဟုတ်ပဲ.... အများ ကောင်းကျိုးအတွက် ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ..... "အဖြူရောင် မုသား" များသာဖြစ်ကြောင်းသိစေလို၍ ဖြစ်ပါသည် .....

မှတ်ချက် ။ ။ အထက်ပါဖော်ပြပါ ပုံပြင်သည် "စာရေးသူ၏ ပင်ကို အတွေး လား " ဟု မေးခဲ့သော်... "မဟုတ်ပါ" ဟုဖြေရပါလိမ့်မည်... စာရေးသူထံ ရောက်လာသော English လိုရေးထားသော ပုံပြင်အား မြန်မာလို သင့်လျော်သလို ပြန်ဆို ပြီး အချို ့နေရာများတွင် ဖြည့်စွတ်ထားခြင်းဖြစ်ကြောင်း ရိုးသားစွာ မလိမ်မညာ ၀န်ခံအပ်ပါသည် ...

Credit to NNSy
ဟာသလုလင် 

No comments:

Post a Comment