Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 26, 2016

ဝန္ႀကီးဌာနမ်ား ယူနီကုဒ္ ေဖာင့္ အသံုးျပဳရန္ ဆံုးျဖတ္


2016-07-25

unicode-620.jpg
ယူနီကုဒ္ ကီးဘုတ္လက္ကြက္ပံုစံကို ေတြ႔ရစဥ္
Photo: Myanmar Language

ျမန္မာႏိုင္ငံ ကြန္ျပဴတာ သံုးစဲြသူ အမ်ားစုအတြက္ ယူနီကုဒ္နဲ႔ ေဇာ္ဂ်ီ ေဖာင့္ႏွစ္မ်ိဳးရိွရာမွာ အစိုးရ၀န္ႀကီးဌာနေတြ အေနနဲ႔ ယူနီကုဒ္ကိုသာ အသံုးျပဳဖို႔ ပညာေရး၀န္ႀကီးဌာနက ဆံုးျဖတ္လိုက္ပါတယ္။

အရင္က စံသတ္မွတ္ခ်က္မရွိခဲ့ေပမယ့္ အခု အစိုးရလုပ္ငန္းေတြအတြက္ စံသတ္မွတ္လိုက္တာျဖစ္တယ္လို႔ ပညာေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးေက်ာ္စြာစုိး က ေျပာပါတယ္။

"က်ေနာ္တို႔ ကြန္ပ်ဴတာေပၚမွာ ျမန္မာစာ စာလံုးေတြ အသံုးျပဳတဲ့အခါက်ေတာ့ အရင္တုန္းကေတာ့ ျမန္မာစာ စာလံုးေတြက စနစ္တစ္ခု မရွိေတာ့တဲ့အခါက်ေတာ့ က်ေနာ္ပို႔လိုက္တဲ့ စာတစ္ေစာင္က ဒီ့ျပင္လူဆီကို ေရာက္ သြားရင္ စံတစ္ခုနဲ႔ ဖြင့္လိုက္လို႔ရွိရင္ ဖတ္လို႔မရတာေတြ ျဖစ္ကုန္တာေပါ့ေနာ္၊ အဲ့ဒီဟာကို ေက်ာ္လႊားႏိုင္ဖို႔ အတြက္ စံသတ္မွတ္လိုက္တဲ့သေဘာပါ"

တခ်ိဳ႕၀န္ႀကီးဌာနေတြမွာ အရင္ကတည္းက ယူနီကုဒ္ကို သံုးစြဲေနၿပီျဖစ္ေပမယ့္ မသံုးၾကေသးတဲ့ ဌာနေတြရွိေန တယ္လို႔လည္း ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးနဲ႔ ကြန္ပ်ဴတာဖြံ႕ၿဖိဳးေရး ေကာင္စီအဖြဲ႕ဝင္ေတြဟာ ယူနီကုဒ္ကို တစ္ႏုိင္ငံလံုးအတုိင္းအတာနဲ႔ အသံုးျပဳႏုိင္ေရးကို မေန႔က ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

ျပည္တြင္းမွာ တယ္လီဖုန္းနဲ႔ ကြန္ပ်ဴတာ အသံုးျပဳသူေတြဟာ ယူနီကုဒ္ကို အသံုးျပဳတာနည္းၿပီး ေဇာ္ဂ်ီကိုသာ သံုးစဲြၾကတာျဖစ္ပါတယ္။ ျမန္မာ့ဆက္သြယ္ေရး၊ အူရီဒူး၊ တယ္လီေနာ စတဲ႔ ဆက္သြယ္ေရးလုပ္ငန္းေတြကိုလည္း သံုးစဲြသူေတြထံ စာေပးပို႔တဲ့အခါ ေဇာ္ဂ်ီေဖာင့္နဲ႔ ယူနီကုတ္ကို ေရာၿပီး ေပးပို႔ဖုိ႔လည္း ေတာင္းဆိုထားပါတယ္။
RFA
...........

2016-07-25


unicode-620.jpg
ယူနီကုဒ် ကီးဘုတ်လက်ကွက်ပုံစံကို တွေ့ရစဉ်
Photo: Myanmar Language

မြန်မာနိုင်ငံ ကွန်ပြူတာ သုံးစွဲသူ အများစုအတွက် ယူနီကုဒ်နဲ့ ဇော်ဂျီ ဖောင့်နှစ်မျိုးရှိရာမှာ အစိုးရဝန်ကြီးဌာနတွေ အနေနဲ့ ယူနီကုဒ်ကိုသာ အသုံးပြုဖို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

အရင်က စံသတ်မှတ်ချက်မရှိခဲ့ပေမယ့် အခု အစိုးရလုပ်ငန်းတွေအတွက် စံသတ်မှတ်လိုက်တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုး က ပြောပါတယ်။

"ကျနော်တို့ ကွန်ပျူတာပေါ်မှာ မြန်မာစာ စာလုံးတွေ အသုံးပြုတဲ့အခါကျတော့ အရင်တုန်းကတော့ မြန်မာစာ စာလုံးတွေက စနစ်တစ်ခု မရှိတော့တဲ့အခါကျတော့ ကျနော်ပို့လိုက်တဲ့ စာတစ်စောင်က ဒီ့ပြင်လူဆီကို ရောက် သွားရင် စံတစ်ခုနဲ့ ဖွင့်လိုက်လို့ရှိရင် ဖတ်လို့မရတာတွေ ဖြစ်ကုန်တာပေါ့နော်၊ အဲ့ဒီဟာကို ကျော်လွှားနိုင်ဖို့ အတွက် စံသတ်မှတ်လိုက်တဲ့သဘောပါ"

တချို့ဝန်ကြီးဌာနတွေမှာ အရင်ကတည်းက ယူနီကုဒ်ကို သုံးစွဲနေပြီဖြစ်ပေမယ့် မသုံးကြသေးတဲ့ ဌာနတွေရှိနေ တယ်လို့လည်း ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ကွန်ပျူတာဖွံ့ဖြိုးရေး ကောင်စီအဖွဲ့ဝင်တွေဟာ ယူနီကုဒ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုနိုင်ရေးကို မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းမှာ တယ်လီဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုသူတွေဟာ ယူနီကုဒ်ကို အသုံးပြုတာနည်းပြီး ဇော်ဂျီကိုသာ သုံးစွဲကြတာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး၊ အူရီဒူး၊ တယ်လီနော စတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကိုလည်း သုံးစွဲသူတွေထံ စာပေးပို့တဲ့အခါ ဇော်ဂျီဖောင့်နဲ့ ယူနီကုတ်ကို ရောပြီး ပေးပို့ဖို့လည်း တောင်းဆိုထားပါတယ်။
RFA


No comments:

Post a Comment