Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 26, 2016

ထိုင္းႏိုင္ငံ ထိန္းသိမ္းေရးစခန္းရွိ ျမန္မာအလုပ္သမားမ်ားကုိ သြားေရာက္ေခၚယူမည္


အျပန္စရိတ္ မရွိ၍ ထိုင္းႏိုင္ငံ ထိန္းသိမ္းေရးစခန္း၌ ေရာက္ရိွေနေသာ ျမန္မာအလုပ္သမား ၃၀၀၀ ေက်ာ္ကို ၾသဂုတ္လဆန္းပိုင္းတြင္ ေလယာဥ္ေျခာက္စင္း သို႔မဟုတ္ ခုနစ္စင္းျဖင့္ သြားေရာက္ေခၚယူမည္ ျဖစ္ေၾကာင္း အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဝန္ႀကီး ဦးသိမ္းေဆြက ေျပာၾကားသည္။
ယင္းသို႔ ျပဳလုပ္ရန္ လဝက၊ ႏိုင္ငံျခားေရး၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပည္ထဲေရး ဝန္ႀကီးဌာနတို႔ ပူးေပါင္းလုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။
ျပန္လည္ေခၚယူရန္ လူတစ္ဦးခ်င္းစီအတြက္ ကုန္က်စရိတ္မွာ ေငြက်ပ္တစ္သိန္းခြဲခန္႔ ကုန္က်မည္ျဖစ္ၿပီး အလွဴရွင္မ်ားကုိ ပူးေပါင္းပါဝင္ခြင့္ ေပးထားေၾကာင္း ၄င္းက ထပ္ေလာင္းေျပာသည္။
(ဓာတ္ပံု - ေအာင္ထက္)
Source. The voice
....
"ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားများကို သွားရောက်ခေါ်ယူမည်"
===================
အပြန်စရိတ် မရှိ၍ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသော မြန်မာအလုပ်သမား ၃၀၀၀ ကျော်ကို သြဂုတ်လဆန်းပိုင်းတွင် လေယာဉ်ခြောက်စင်း သို့မဟုတ် ခုနစ်စင်းဖြင့် သွားရောက်ခေါ်ယူမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။
ယင်းသို့ ပြုလုပ်ရန် လဝက၊ နိုင်ငံခြားရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ပြန်လည်ခေါ်ယူရန် လူတစ်ဦးချင်းစီအတွက် ကုန်ကျစရိတ်မှာ ငွေကျပ်တစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ပြီး အလှူရှင်များကို ပူးပေါင်းပါဝင်ခွင့် ပေးထားကြောင်း ၄င်းက ထပ်လောင်းပြောသည်။
(ဓာတ်ပုံ - အောင်ထက်)
Source. The voice

No comments:

Post a Comment